အမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကို တကယ်မေတ္တာရှိရင်အဓိက လက္ခဏာ ၄ မျိုးလောက်ပြတာကို မြင်တွေ့ရတယ်

4 Signs

          ဒီနေ့မှာ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို တကယ်မေတ္တာရှိရင် အဓိက လက္ခဏာ ၄ မျိုးလောက်ပြတာကို မြင်တွေ့ရတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          အရင်ဦးဆုံး ပြောချင်တာက ကျွန်မတို့ အမျိုးသမီးတွေက အချစ်နဲ့ ပတ်သက်လာရင် မသိ လိုက်တဲ့ အမှားလေးတွေ ပြုမိတတ်ကြတယ်။

          အမျိုးသားတစ်ယောက်က I love you လို့ အမျိုးသမီးတစ်ယောက်ကို ပြောလိုက်ရင် ဒါက အမှန်ပဲလို့ ယူဆလိုက်ကြတယ်။ လိမ်လည်ပြီး မုသားပြောပြီး ပြောတာလား မဆန်းစစ်ဘူး။ အမျိုးသားတွေက အဲဒီလို လွယ်လွယ်ပြောတတ်ကြတယ်။ အပြောနဲ့အဟော မညီရင် ဒီမိန်းခလေး အရူးလုပ်ခံလိုက်ပါပြီ။ သူ့စကားနဲ့သူ့အပြုအမူက လိုက်ဖက်ရဲ့လား တွေ့ရမှာပါ။

          နောက်အမှားတစ်ခုက အမျိုးသားတစ်ယောက်က သူနဲ့လည်း မရင်းနှီးဘဲနဲ့ ဒီအမျိုးသမီးနဲ့ အနီးကပ်ဆုံး ရှိချင်နေပြီ။ အမျိုးသမီးဆီကနေ သူလိုချင်တာရဖို့ ချဉ်းကပ်တယ်။ တခါတလေ ဒီအမျိုး သမီးဆီက သူလိုချင်တာရပြီး ဒီအမျိုးသမီး မျက်နှာကိုတောင် မေ့သွားတတ်တယ်။ ဒါဟာ prostitution ခန္ဓာကိုယ် အခကြေးငွေယူ ရောင်းစားတဲ့အဖြစ်မျိုးလို ဖြစ်သွားတတ်ပါတယ်။

          အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့အနားမှာ အနီးကပ်ဆုံးရှိနေပေမယ့် အချစ်ဆိုတာကို စဉ်းစားမိချင်မှ စဉ်းစားမိမှာပါ။

          ဒါကြောင့်မို့ ဒီအမှန်တရားလေးချက်ကို သိထားရင် မကောင်းဘူးလား။ litmus စက္ကူလိုပါပဲ။ စက္ကူပေါ် အပြာအစက်ချရင် အပြာရောင်ပဲ ထွက်မယ်။ အဲဒီလိုပါပဲ။

          အိမ်ထောင်ကျပြီးသားသူတွေအတွက်ကတော့ ခင်ပွန်းတစ်ယောက်က မိသားစုအတွက် ဝင်ငွေရှာတဲ့အလုပ်လုပ်ပြီးတာနဲ့ တပြိုင်နက် ဇနီးဆီ အိမ်ကို ပြန်မှာ အမှန်ပါပဲ။ သူ့ဇနီးကတော့ သူ့ အတွက် တသက်စာ သတို့သမီးဖြစ်လို့ပါပဲ။

          သူက အပြင်မှာ စားသောက်မယ်ဆိုရင်လည်း တစ်ယောက်ထဲ မသွားဘဲ ဇနီးကို ခေါ်သွားမှာ အမှန်ပါပဲ။ အတူအချိန်ဖြုန်းချင်တဲ့ ဆန္ဒတွေက အမြဲရှိလို့နေတာပါ။ သူ့အတွက် ဇနီးက ဆွဲဆောင်စေ တယ်။ သူက အမှန်တကယ်ချစ်ပြီး အတူရှိချင်တယ် love is equals time ပါပဲ။

          တချို့ signal တွေဆိုရင်လည်းပဲ အတူရှိနေချင်တဲ့အတွက် စားသောက်ဆိုင်တွေမှာ ချိန်း အချိန်ဖြုန်းတတ်ကြပါတယ်။ သူ့ချစ်သူမိန်းကလေးက အိမ်ပြန်ရင် ခွဲရလို့ ရင်ထဲမှာ ခံစားရပါသေး တယ်။

          We spend time with who we love.

          We spend time with what we love.

          မိမိချစ်တဲ့သူနဲ့ အချိန်ဖြုန်းရင်း ချစ်တယ်ဆိုတာကို သက်သေပြချင်ကြတာပါ။

          နောက်တစ်မျိုးက အိမ်ထောင်ရှင် အမျိုးသားတွေက သူပိုင်ဆိုင်တဲ့ ပိုက်ဆံ/ငွေက သူ့ အိမ်ထောင်အတွက်ပဲ။ ဒီပိုင်ဆိုင်တဲ့ ငွေနဲ့အတူ သူ့ဇနီးကို ချပြမယ်။ ဘယ်တော့မှ ပုန်းရှိုးကွယ်ရှိုး မလုပ်ဘူး။ မိမိတို့ရဲ့ အနာဂတ်အတွက် စီမံကိန်းချ ဆောင်ရွက်မယ်။

          အကယ်၍ single ဆိုရင်လည်းပဲ အတူပေါင်းဖက်ပြီး နောင်အနာဂတ်အတွက် စီမံကိန်းချ မယ်။ ဘယ်တော့ ဘယ်မှာ အတူနေကြမယ်ဆိုတာတွေ ဆွေးနွေးမယ်။ အခိုင်အမာပြောမယ်။ မိမိဇနီး  အတွက်  တာဝန်ယူတယ်။ အချစ်မရှိပဲ တမင်တကာ ဆုံးရှုံး အနစ်နာခံမှုတွေ မလုပ်ကြပါဘူး။ ကိုယ်ချစ်တဲ့သူအတွက် အကောင်းဆုံး လုပ်ဆောင်ပေးမယ်။ လူတစ်ယောက်က မိမိဇနီးကို တကယ် ချစ်တယ်ဆိုရင် ကိုယ့်အတွက် ဘာမှ မချန်တတ်ကြပါဘူး။

          အမျိုးသားတစ်ယောက်ဟာ မိမိက လက်ထပ်ပြီးသူပဲဖြစ်ဖြစ် single ပဲဖြစ်ဖြစ် မိမိရဲ့ လက်ကိုင်ဖုန်းကို မိမိချစ်သူရှေ့မှာ ပွင့်ပွင့်လင်းလင်းသုံးမယ်။ သူချစ်တဲ့သူကိုလည်း သူဘာတွေ လုပ် နေတယ်ဆိုတာ သိစေချင်တယ်။ သူက ဘယ်အချိန်မှာဖြင့် အားလပ်ချိန် အလုပ်လုပ်ချိန်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်။ ဘယ်အချိန်အိမ်ပြန်လာမယ် စသဖြင့် ပေါ့နော်။

          နှစ်ဦးဆက်သွယ်မှုက ရှင်းရှင်းလင်းလင်းရှိတာကို သက်သေပြလေ့ရှိတယ်။ နောက်ကွယ်မှ ဘာမှ မဖုံးကွယ်ထားဘူး။ သူချစ်တဲ့သူကသာ သူ့အတွက် အဓိကဖြစ်နေပါတယ်။ သူ့ရဲ့ phone ကို single ပဲဖြစ်ဖြစ်၊ လက်ထပ်ပြီးသူပဲဖြစ်ဖြစ် ပွင့်လင်းစွာနဲ့ ထားနိုင်တဲ့ အခြေအနေရှိရပါမယ်။ တခြား အမျိုးသမီးတွေနဲ့ အနီးကပ် ပတ်သက်မှုမရှိဘူးဆိုတာ ထင်ရှားစေပါတယ်။ ဒါက နှစ်ကိုယ်ရင်းနှီးမှု  စိတ်ကူးယဉ်ဆန်မှုတွေနဲ့ နီးကပ်တဲ့ relationship  ကို ဖော်ဆောင်တာပဲ ဖြစ်ပါတယ်။

          တချို့က လျှို့ဝှက်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းကနေ လျှို့ဝှက်ချင်တွေ သိသွား မှာ စိုးရိမ်လို့။ သူနဲ့အတူရှိတဲ့ အမျိုးသမီးကို ဖုန်းမကိုင်စေချင်ကြဘူး။

          ဒီနေ့ခေတ်မှာ မိမိက ဘာလျှို့ဝှက်ချင်မှ မရှိရင် ဘာဖြစ်လို့ password ကို အတူ share မလုပ်တာလဲ?

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *