မိမိတို့ မိဘကိုယ်တိုင်သင်ကြား ပေးနိုင်တဲ့ မိသားစု အိမ်ကျောင်းလေးတစ်ခုတည်ဆောက်ကြရအောင်

Thinking  

          ဒီနေ့မှာ သားသမီးလေးတွေအတွက် မိမိတို့ မိသားစုနေတဲ့အိမ်မှာ မိဘကိုယ်တိုင်သင်ကြား ပေးနိုင်တဲ့ ကိုယ်တိုင်တည်ဆောက်လို့ရတဲ့ မိသားစု အိမ်ကျောင်းလေးတစ်ခုတည်ဆောက်ဖို့ မိဘတွေ အတွေးလေးတစ်ခုတွေးရင်း တည်ဆောက်ကြရအောင်ပါဆိုတဲ့ အကြောင်းအရာကို message ပေးချင်ပါတယ်။

          မိဘကိုယ်တိုင် တည်ဆောက်တဲ့ အိမ်ကျောင်းလေး မတည်ဆောက်ရသေးရင်ပဲဖြစ်ဖြစ်  တည်ဆောက်လို့ ပြီးသွားပြီပဲဖြစ်ဖြစ် မိမိရဲ့ သားငယ်သမီးငယ်လေးတွေအတွက် တည်ဆောက် ကြည့်ရအောင်ပါ။

          မိခင်တစ်ဦးက ကျွန်မကို ပြောဖူးပါတယ်။ မိသားစုဝမ်းရေးအတွက် အပြင်မှာ ထွက်ပြီး တစ်နေကုန် အလုပ်လုပ်ရတယ်။

          ညနေအိမ်ပြန်ရောက်ရင် သားသမီးတွေက ကျောင်းကပြန်လာပြီဆိုတော့ ဒီမိခင်က သူ ထမင်းဟင်းချက်တဲ့နေရာကို သားသမီးကိုခေါ်ထားပြီး စာကျက်စေတယ်။ စာအံ့စေတယ်။ အိမ်စာ တွေကို ဒီမိခင်နားမှာပဲလုပ်စေတယ်။ ဒီတော့ ဟင်းထမင်းလည်းချက်ပြီးရော၊ သားသမီးကလည်း ကျောင်းစာတွေပြီးသွားရော သူဒီလိုဘာဖြစ်လို့ လုပ်ရသလဲဆိုတော့တဲ့၊ သူ့သားသမီးအရွယ်ရောက် လာတဲ့အခါမှာ to live a full file life ပြီးပြည့်စုံတဲ့ ဘဝကို ရစေချင်လို့ပဲ သူ့အတွေးထဲမှာ ထိပ်ဆုံးက အမြဲရှိခဲ့တယ်လို့ ပြောဖူးပါတယ်။

          မိဘတွေဆိုတာ သူတို့ဝင်ငွေနဲ့ တတ်နိုင်တဲ့ကျောင်းမှာထားပေးမယ်။ သဘာဝလောကကြီးက ဘယ်ကဲ့သို့ ရှိတယ်ဆိုတာ ပြောပြပေးမယ်။ ဒီလိုနဲ့ပဲ မိသားစု အိမ်ကျောင်းလေးက မသိလိုက် မသိ ဘာသာ ကျောင်းလည်းတစ်ခုဖြစ်သွားတာပါပဲ။

          သားသမီးကို မိဘအုပ်ထိန်းမှုအောက်မှာထားမယ်။ ငါ့သားသမီးက ဘာတွေလိုအပ်နေတာလဲ ကြည့်ပြီး မြင်မယ်။ မိဘတွေရဲ့ အကြည့် အမြင်က မှန်ဘီလူးနဲ့ ကြည့်တာထက် ပိုပြီး တိတိကျကျ မြင်ပါ တယ်။ ဒီလိုအိမ်ကျောင်းလေးတည်ဆောက်တဲ့ မိဘတွေက သားသမီးရဲ့ တုန့်ပြန်ပုံကိုမြင်မယ်။ လူမှု ဆက်ဆံရေးတွေမြင်မယ်။ သားသမီးရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပညာရေးကို လည်းမြင်လာမယ်။

          သားသမီးလေးတွေကိုလ်ညး ကစားချိန် စာကျက်ချိန် စသဖြင့် အချိန်သတ်မှတ်ပေးထားမယ်။ သားသမီးရဲ့ ကျောင်းကနေ အိမ်အပြန်လမ်းမှာ တွေ့ကြုံလာရတဲ့အကြောင်းတွေကို နားစွင့်ရပါအုံးမယ်။ မိမိတို့အိမ်ရဲ့ ဗာဟီရ အလုပ်လေးတွေကိုလည်း အတူလုပ်ကိုင်ကြရင်း အကျင့်စာရိတ္တနဲ့ဆိုင်တဲ့ လောက နီတိတွေကိုလည်း တပါတည်း သင်ပြပေးနိုင်ပါသေးတယ်။ မိဘနဲ့ သားသမီး အားလပ်ချိန်မှာ မိဘနဲ့ သားသမီး သားသမီးအချင်းချင်း best friend with each other ဖြစ်အောင် လုပ်ပေးရအုံးမယ်။

          တင်ကူးကြံရွယ်တတ်တဲ့ မိဘတွေဆိုရင်တော့ သားသမီးနဲ့ ပြောမယ့်စကားတွေကို ကြိုတင် ပြင်ဆင်ထားမယ်။ အပြစ်ရှာတာဝေဖန်တာတွေလုပ်မယ့်အစား ရင်းရင်းနှီးနှီးဆက်ဆံမယ်။ ထိခိုက် လွယ်တဲ့စကားမျိုး ဆဲရေးတိုင်းထွာတဲ့ အသုံးအနှုန်းတွေကိုရှောင်မယ်။ သားသမီးဆီကနေ ဘယ်လို တုန့်ပြန်တာတွေ ရနိုင်မလဲဆိုတာကို စောင့်မယ်။ သားသမီးလေးတွေရဲ့ ကစားချိန် မိသားစုနဲ့ အတူရှိရ မယ့်အချိန် နှလုံးသားကနေ ကြိုတင်ပြင်ဆင်တတ်ကြပါတယ်။ သားသမီးနဲ့ ထိတွေဆက်ဆံပြောဆို နိုင်ဖို့ အချိန်ယူလေ့ရှိကြတယ်။ သားသမီးအချင်း ဘယ်လိုဆက်သွယ် ပေါင်းစည်းမှုရှိတယ်ဆိုတာကို မြင်မယ်။ တည်ငြိမ်တဲ့ မိဘအဖြစ် သားသမီးရဲ့ မိဘယုံကြည်မှုကို ငယ်စဉ်မှာကတည်းက တည်ဆောက် ယူမယ်။

          မိဘအနေနဲ့ အခုလို အိမ်ကျောင်းလေးတည်ဆောက်ဖြစ်သည်၊ မတည်ဆောက်ဖြစ်သည် ဖြစ်ပါ စေ – မိဘအနေနဲ့ကတော့ မိမိရဲ့ ကိုယ်ပိုင်အချိန်ကို စွန့်လွှတ်ပြီး မိဘနဲ့ သားသမီးစကားတွေ အပြန် အလှန်ပြောဆိုရတာက အကြီးဆုံးသော အထိရောက်ဆုံးသော ထောက်ကူကရိယာ fool တစ်ခုလိုပါပဲ။ မိဘအနေနဲ့ အချိန်တစ်ခုပေးပြီး fly activities တွေ အသေးအမှားလေးပဲဖြစ်ပါစေ အတူတကွ လုပ်ကြ ရတာက မိဘက မိသားစုအတွက် ဦးစားပေးတဲ့ သဘောတွေ ဆောင်စေပါတယ်။

          ဒါမှလည်း နောင်အချိန် သားသမီးတွေအရွယ်ရောက်လာတဲ့အခါမှာ fly time က ဘယ်လောက် အရေးပါတယ်ဆိုတာ သိသွားမှာဖြစ်ပါတယ်။

          မိသားစုဆိုတာ ကမ္ဘာ့လောကကြီးမှာ ပထမဆုံးသော လူသားချင်းစာနာထောက်ထားတဲ့ အခြေခံအကျဆုံး ပေါင်းသင်းဆက်ဆံတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ သားသမီးတွေဆိုတာက မိသားစုထဲ မှာ လူလူချင်းပေါင်းသင်းဆက်တဲ့သူတွေပါ။ ဒါကလည်း မိသားစုထဲမှာ အင်မတန်မှ လိုအပ်တဲ့ training အတတ်ပညာတစ်ခုပါပဲ။

          မိဘတွေက social training ကို အခုလို တွေးထင်ကြမှာပါပဲ။ ကျောင်းသွားရင် အတန်းဖော် သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်လာမယ်။

          ကစားကွင်းမှာ ကစားတဲ့ အခါ ပေါင်းသင်းဆက်ဆံတတ်လာမယ်လို့ ထင်တတ်ကြပါတယ်။ တချို့သား သမီးကတော့ တုန့်ပြန်မှုရှိပေမယ့် မိဘက လိုချင်တဲ့ အတတ်ပညာ training တော့ အပြည့် အဝရလာမှာမဟုတ်ပါဘူး။

          အဲ့ဒီအခါကျရင် ကို့သားသမီး ပေါင်းသင်းဆက်ဆံရေးအောင်မြင်စေချင်ရင် မိဘက ကြိုတင် စဉ်းစားဆင်ခြင်ပြီး အိမ်ကျောင်းလေးမှာပဲ social training ပေးတာ အကောင်းဆုံးပါပဲ။

          ဒီလို training ပေးနိုင်ဖို့ကလည်း မိဘက ပြင်ဆင်ရမယ်။ မိဘကိုယ်တိုင် ပိုမိုကောင်းမွန်တဲ့ စွမ်းရည် skills တွေလိုအပ်ပါတယ်။ မိမိကိုယ်မိမိ စည်းကမ်းရှိပြီး စွမ်းရည်တွေရှိမှသာ to heal your fly relationship  မိဘနဲ့ သားသမီး ဆက်နွယ်မှုကို ပိုမိုကောင်းမွန်နိုင်မှာဖြစ်ပါတယ်။

          ဒါကြောင့်မို့ မိဘအနေနဲ့ မိမိကိုယ်မိမိ ကိုယ်ပိုင်ဆုံးဖြတ်တတ်မှသာလျှင် အိမ်ကျောင်းလေးကို တွေးရင်းတည်ဆောက်နိုင်သွားမှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။  

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *