အစ္စလာမ်ဘာသာမှာ ငြိမ်းချမ်းရေးအကြောင်းကို ဘယ်လိုသွန်သင်သလဲ?

ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမတို့ဘာသာတရားတွေကအကြမ်းဖက်ခြင်း၊အငြင်းပွားခြင်း၊ပဋိပက္ခတွေကိုဖြစ်စေခြင်းမဟုတ်ပဲနဲ့ဘာသာတရားအသီးသီးတိုင်းကငြိမ်းချမ်းရေးကိုအဓိကအရာအဖြစ်သွန်သင်တဲ့အကြောင်းလေ့လာနေကြတာဖြစ်ပါတယ်။ယခင်အပတ်တွေကခရစ်ရန်ဘာသာတွေကငြိမ်းချမ်းရေးအကြောင်းကိုဘယ်လိုသွန်သင်လည်းဆိုတာလေ့လာနေကြတာဖြစ်ပါတယ်။ဒီတစ်ပတ်မှာအစ္စလာမ်ဘာသာမှာငြိမ်းချမ်းရေးအကြောင်းကိုဘယ်လိုသွန်သင်လည်းဆိုတာကိုကျွန်တော်တို့ရနိုင်သလောက်လေ့လာကြည့်ကြရအောင်။

အစ္စလာမ်ဘာသာမှာ”Peace”,”shalom”ငြိမ်းချမ်းခြင်းကအလာရှင်မြတ်၏လှပသောအမည်နာမ၉၉ခုမှာတစ်ခုတစ်ခုအပါဝင်ဖြစ်ပါတယ်။မူစလင်တွေကတစ်ယောက်နှင့် တစ်‌ယေက်နုတ်ဆက်ကြတဲ့ အခါမှာ၊နေ့စဥ်ဆုတောင်း ဝတ်ပြုခြင်းပြုလုပ်ကြတဲ့အခါမှာ(Assalamualaykum)ငြိမ်းချမ်းခြင်းသင့်အပေါ်သို့သက်ရောက်ပါစေဟုဤဘုရားဂုဏ်တော်ကိုသူတစ်ပါးပေါ်၌ကမ်းလှမ်းပေးကြပါတယ်။ကိုယ်တိုင်ကြမ်းစာမှာအလာရှင်မြတ်ကသူတို့ကိုယခုဘဝမှာရောနောင်တမလွန်ဘဝမှာ‌ရောငြိမ်းချမ်းခြင်းတည်ရနေရာ ထိုနေရာသို့ဖိတ်ခေါ်တော်မှူပါတယ်။ နံနက်မိုး သောက်ချိန်ထိငြိမ်းချမ်းခြင်းရှိနေတဲ့တံခိုးတော်နှင့်ပြည့်စုံသောညတော်၌ကိုယ်တိုင်ကြမ်းစာအုပ်ကိုမိုးကောင်းကင်မှရှိတယ်လို့ယုံကြည်တဲ့အကြောင်းကိုယ်တိုင်ကြမ်းစာမှာတွေ့ရှိရပါတယ်။မိုးကောင်းကင်”Paradise”သို့ဝင်ရောက်လာကြတဲ့သူတော်သူမြတ်တွေကိုငြိမ်းချမ်းခြင်းနှုတ်ဆက်ခြင်းဖြင့်နှုတ်ဆက်တယ်လို့ယုံကြည်ကြတယ်။

အစ္စလာမ်နိုင်ငံတွေမှာဘုရားတရားကြည်ညိုတဲ့မူစလင်တစ်ယောက်ကမူဟာမက်(Muhammad)ရဲ့အမည်နာမများဖြစ်စေ၊အစောပိုင်း(Prophets)များဖြစ်ကြတဲ့နူးဟ်(Noah)၊အာဗရာဟမ်(Abraham)၊မိုးစက်စ်(Moses)၊အီဇူးတို့၏အမည်နာမတွေကိုရွတ်ဆိုကြသလိုပုံမှန်နှုတ်ဆက်ခြင်းကိုလည်းဘယ်တော့ခါမှမပျက်ကွက်ကြပါဘူး။သနားကြင်နာတော်မူသော၊ဂရုဏာမေတ္တာရှိတော်မူသောအလာအရှင်မြတ်၏နာမတော်အားဖြင့်ဟူ၍ကိုယ်တိုင်ကြမ်းစာတော်မြတ်အစပြုတော်မူခြင်းဖြစ်တယ်။မူစလင်တွေကဆုတောင်းခြင်းပဲဖြစ်ဖြစ်မိန့်ခွန်းပြောရာမှာပဲဖြစ်ဖြစ်မကြာခဏအခုနကလိုပြောပီးတော့အစပြုလေ့ရှိကြပါတယ်။”Mercy”သနားခြင်း၊”Compersion”ကြင်နာခြင်း၊”Peace”ငြိမ်းချမ်းခြင်းတို့ကကိုယ်တိုင်ကြမ်းစာထဲမှာမကြာခဏတွေ့ရတဲ့အရာဖြစ်ပါတယ်။ကိုယ်တိုင်ရဲ့သွန်သင်ချက်ကငြိမ်းချမ်းခြင်းဖြင့်နှုတ်ဆက်ခံရတဲ့သူတွေကငြိမ်းချမ်းခြင်းမှာကောင်းကြီးပေးခြင်းထပ်ပေါင်းပြီးတော့ပြန်နှုတ်ဆက်ရမှာဖြစ်ပါတယ်။

သင်သည်နှုတ်ဆက်ခြင်းခံရသည့်အခါမှာထိုနှုတ်ဆက်ခြင်းထက်ပို၍ကောင်းသောနှုတ်ဆက်ခြင်းဖြင့်နှုတ်ဆက်လော့သို့မဟုတ်ထိုတိုင်းပြန်၍နှုတ်ဆက်လော့။အဲ့ကြောင့်မူစလင်တွေက(Assalamualaykum)လို့နှုတ်ဆက်ခံရတဲ့အခါမှာသင့်အပေါ်၌ငြိမ်းချမ်းခြင်းရှိပါစေအလာရှင်မြတ်၏ကောင်းကြီးနှင့်ငြိမ်းချမ်းခြင်းသင့်အပေါ်သို့သက်ရောက်ပါစေလို့ပြန်ပြီးတော့နှုတ်ဆက်ပါတယ်။

အစ်စ္စလာမ်မှာ”Tradition”တစ်ခုရှိတယ်တစ်ခါကလူတစ်ယောက်ကမူဟာမက်(Muhammad)အခုလိုမေးလျှောက်ပါတယ်အိုပ‌ရောဖက်တပည့်တော်၏ဘဝရဲ့ကိစ္စတွေအားလုံးဖြေရှင်းနိုင်စွမ်းရှိရအောင်တပည့်တော်ကိုအကြံအနည်းငယ်လောက်မဆပါ။မူဟာမက်(Muhammad)ကအခုလိုပြန်ဖြေတယ်‌ဒေါသအမြတ်မထွက်နဲ့ငြိမ်းချမ်းတွက်ဒီအရာဟာအလွန်ကောင်းတဲ့အကြံဖြစ်ပါတယ်။နောက်“Tradition”တစ်ခုလည်းရှိတယ်သင့်ရဲ့ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်သောဆန္ဒမရှိနဲ့ငြိမ်းချမ်းခြင်းကိုသာအလာရှင်မြတ်ထံမှာအစဥ်တောင်းရှောက်ပါဟူ၍မူဟာမက်(Muhammad)အရှင်သူမြတ်ကအခုလိုမိန့်ဆိုခဲ့ပါတယ်။

အကယ်၍တစ်စုံတစ်ယောက်ကမကောင်းမူကိုကောင်းမူနှင့်တုံပြန်ပါကရန်သူကိုမိတ်ဆွေဖြစ်လာစေခြင်းဖြင့်အနိုင်ရလိမ်းမည်လို့ကိုယ်ရန်ကြမ်းမှာဆိုထားပါတယ်။မကောင်းမူနှင့်ကောင်းမူသည်ညီမျှခြင်းတူသည်မဟုတ်ပို၍မျှတသောအရာဖြင့်တုန့်ပြန်ပါကြည့်လော့သင်နှင့်သူ့ကြားရှိသောရန်ငြိုးသည်သူသည်သင်၏သစ္စာရှိသောမိတ်ဆွေသကဲ့သို့ဖြစ်လာလိမ့်မည်။(Jihad)ကိုဘာသာရေးစစ်ပွဲသန့်ရှင်းသောစစ်ပွဲအဖြစ်နှင့်သိကြပါတယ်ဒါပေမယ့်၎င်းကထိုစကားလုံးရဲ့မူလအစ္စလာမ်မစ်အဓိပ္ပာယ်မဟတ်ဘူးလို့ကျွမ်းကျင်သူပညာရှင်များကဆိုကြပါတယ်။(Jihad)ရဲ့အဓိပ္ပာယ်ကယေဘုယျအားဖြင့်ကြိုးပန်းအားထုတ်ခြင်း၊ကြိုးစားခြင်း၊ရုံးကန်ခြင်းဟူ၍ဖြစ်ပါတယ်(Jihad)ရဲ့အဓိပ္ပာယ်ကဂုဏ်ပြုချီးကြူးထိုက်တဲ့ရည်ရွယ်ချက်အတွက်ကြိုးပန်းခြင်းဖြစ်ပါတယ်။

ဘာသာတရားရေးကဏ္ဍမှာဆိုရင်(Jihad)ရဲ့အဓိပ္ပာယ်ကမိမိ၏မကောင်းတဲ့စိတ်ယိမ်းယိုင်မှုတွေကိုဆန့်ကျင်ရုန်းကန်ခြင်း၊လူ့အသိုင်းဝိုင်းရဲ့ကိုယ်ကျင့်တရားမြင့်တက်အောင်ကြိုးပန်းအားထုတ်ခြင်းနောက်ပြီးတော့အစ္စလာမ်ဘာသာတရားပြန့်နှံအောင်ကြိုးပန်းအားထုတ်ခြင်းတို့ဖြစ်ပါတယ်။နှုတ်ဖြင့်(Jihad)ပြုလုပ်ခြင်း၊ကလောင်စာပေဖြင့်(Jihad)ပြုလုပ်ခြင်းဤအရာတွေကငြိမ်းချမ်းစွာဆောင်ရွက်ကြတဲ့အရာတွေဖြစ်ပြီးတော့ဒါကဖြင့်(Jihad)ပြုလုပ်ခြင်းကတော့အကြမ်းနည်းကိုသုံးခြင်းပါဝင်နိုင်ပါတယ်ငြင်းပန်းနှိတ်စက်ခြင်းမရှိတော့တဲ့အချိန်ထိတိုင်အောင်အလာအရှင်မြတ်၏ဘာသာတရားဖြစ်သည့်တိုင်အောင်၎င်းတို့ကိုတိုက်ခိုက်လော့ထို့နောက်အကယ်၍ထိုသူတို့မှအရှုံးပေးလျှင်ရန်ရှိတော့မည်မဟုတ်၊မကောင်းမူပြုသူများကိုချမ်းသာ‌ပေးလော့။ဘုရားတရားကြည်ညိုပြီးတော့တရားကျင့်ကြံအားထုပ်တဲ့အစ္စလာမ်မစ်အသိုင်းအဝိုင်းများမှာဝိညာဥ်ရေးပိုင်းဆိုင်ရာကိုယ်ကျင့်တရားပိုင်းဆိုင်ရာ(Jihad)ကိုပိုပြီးတော့အလေးပေးကြတယ်။ဒါကို”GreaterJihad”မဟာ(Jihad)လို့လည်းခေါ်ကြပါတယ်။

တရားစီရင်ရာနေ့ရက်မှာအလာရှင်မြတ်သည်သစ္စာရှိသောသူအားဤကဲ့သို့မိန့်ဆိုလိမ့်မည်ငြိမ်းချမ်းခြင်းရှိသောအိုဝိညာဥ်သင်၏အရှင်ထံသို့ပြန်လာလေလော့”Paradise”ကိုငြိမ်းချမ်းခြင်းရှိရာဘုရား၏အိမ်တော်အဖြစ်အစ္စလာမ်ဘာသာကရှု့မြင်ပါတယ်။ဒါပေမဲ့ထိုနေရာသို့‌ရောက်ရှိနိုင်ဖို့ဤကမ္ဘာကြီးပေါ်အသက်ရှင်စဉ်လူတွေကအလာရှင်မြတ်ကိုနာခံကြရမယ်။အစ္စလာမ်ရဲ့အဆိုတစ်ခုရှိပါတယ်ငြိမ်းချမ်းခြင်းစီသို့အလာရှင်မြတ်ကလမ်းညွှန်ခေါ်စောင်လိမ့်မယ်အကယ်၍သူတို့သည်လိုက်နာကြမည်ဆိုပါကစိတ်၏အမှောင်ထုမှငြိမ်းချမ်းခြင်းအလင်းစီသို့ခေါ်ဆောင်တော်မူလိမ့်မယ်။
ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမများဘာသာတရားတို့၏အမှန်တကယ်သွန်သင်ရာအချက်များကိုလေ့လာနေခြင်းအားဖြင့်ငြိမ်းချမ်းခြင်းကိုပါဝင်တည်ဆောက်သူများဖြစ်ကြပါစေ။

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *