မိမိရဲ့ နှုတ်ကြောင့် သူတစ်ပါးကို သေသွားစေနိုင်သလို အစကောင်းတစ်ခုကိုလည်း ဖန်တီးယူ နိုင်လို့ရပါတယ်။

ဒီနေ့တင်ပြပေးချင်တဲ့ အကြောင်းအရာကတော့ relationship မှာ မိမိရဲ့ နှုတ်၊ လျှာ တို့ကို သတိထားထိန်းချုပ်ပြောဆိုနိုင်မယ်ဆိုရင် မိမိရဲ့ relationship ကို မိမိကိုယ်တိုင် အကောင်းဆုံး ဖန်တီးရယူနိုင်ပါတယ်ဆိုတဲ့အကြောင်း message ပေးသွားချင်ပါတယ်။

          ချစ်တဲ့သူအချင်းချင်း communicate ဆက်သွယ်ကြတဲ့ အခါမှာ မိမိရဲက နှုတ်၊ လျှာ တို့ကို training ဆင်းသလို ခံနိုင်ရည်နဲ့ အင်အားကို မိမိကိုယ်တိုင် လုပ်ယူရတာပါ။

          မိမိရဲ့ နှုတ်ကြောင့် သူတစ်ပါးကို သေသွားစေနိုင်သလို အစကောင်းတစ်ခုကိုလည်း ဖန်တီးယူ နိုင်လို့ရပါတယ်။

          ကျွန်မတို့ပြောလေ့ရှိပါတယ်။ လက်ကြောင့် သေတယ်။ စိတ်ကြောင့် ကြေတယ်လို့ ပြောလေ့ရှိ ပါတယ်။

          ခရစ်ယာန် ပညာ အလိမ္မာကျမ်းမှာ ၁၈-၂၀ မှာ စကားပြောဆိုခြင်း၏ ရလဒ်သည် လူ တစ်ယောက်၏ ဝမ်းကို ပြည့်စေ၏။ သူ၏ နှုတ်ချိုမှုက သူ့ကို အလိုပြည့်စေလိမ့်မည်။ လျှာသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို အစိုးရသည်။ လျှာကို နှစ်သက်သော သူတို့သည် လျှာ၏ အကျိုးခံစား ရ၏။ အဲ့ဒီလို ဆိုထားပါတယ်။

          နှုတ်၊ လျှာ၏ စွမ်းအားက ဘဝတစ်ခုကို သေစေနိုင်သလို ရှင်သန်စေနိုင်ပါတယ်။

          မိမိရဲ့ နှုတ်၊ လျှာနဲ့ပြောဆိုမှုဟာ မိမိအိမ်ထောင်ရဲ့ အသေးအမွှားအကြောင်းအရာတစ်ခုကိုပဲ  ဖြစ်ဖြစ် မိမိရဲ့ သဘောထားကိုတွက်ဆလို့ ရနိုင်ပါတယ်။

          နှုတ်၊ လျှာ ဆိုတာက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လက်နက်တစ်ခုပါ။ တစ်ဖက်လူကို ပျက်စီး သွားစေနိုင်တယ်။ သေစေနိုင်တယ် ရှင်သန်စေနိုင်တာလည်း ဒီလက်နက်ပါပဲ။

          ဒါကြောင့် မိမိ relationship တည်မြဲစေဖို့ဆိုရင် ဒီနှုတ်၊ လျှာကို ကြိုတင်ပြင်ဆင်ပြီး ထွက်ရှိ လာတဲ့ စကားတွေက အံ့အားသင့်စေတဲ့ သေချာတဲ့ စကားတွေဖြစ်ဖို့ လိုပါတယ်။

          ဘယ်သူမဆို မိမိရဲ့ နှုတ်၊ လျှာကို ထိန်းထားနိုင်တဲ့သူက သူ့ရဲ့ဘဝကို Control လုပ်နိုင်တဲ့ ပါဝါကို ရှိစေတာပါပဲ။

          ကျွန်မတို့တတွေက သာမန်လူတွေနဲ့ ဆိုင်တဲ့ ယုတ်ညံ့တဲ့နိမ့်ကျတဲ့၊ မဖွယ်ရာတဲ့၊ နားကျည်း အောင် ခနဲ့ပြောဆိုတတ်တဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြရတာပါ။

          မိမိရဲ့ နှုတ်လျှာကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကို ပျက်ပြားသွားစေနိုင်ပါ တယ်။

          ဒီနှုတ်လျှာကို စောင့်စည်းနိုင်တဲ့အတွက် မယုံကြည်နိုင်လောင်အောင် မိမိရဲက ကောင်းတဲ့ relationship အိမ်ထောင်တစ်ခုကိုတည်ဆောက်နိုင်တယ်၊ ရရှိနိုင်ပါတယ်။

          လူတစ်ယောက်ရဲ့ ပါဝါက နှုတ်မှာရှိတာပါ။ ဒီနှုတ်ထွက်စကားတွေကြောင့် ဇနီးသည်၊ ခင်ပွန်း ကို ကောင်းတဲ့ ဘဝကို ဖန်တီးနိုင်မယ်။ ကောင်းတဲ့ အိမ်ထောင်ကို ဖန်တီးနိုင်မ ယ်၊ ချစ်တဲ့ စကားတွေ ကို ပြောနိုင်မယ်။ အပြုသဘောမဆောင်တဲ့ အသုံးအနှုန်း နှုတ်ထွက်စကားတွေက ကောင်းတဲ့ relationship အိမ်ထောင်ကို မဖန်တီးနိုင်ပါဘူး။ မတည်ဆောက်နိုင်ပါဘူး။

          ကောင်းမွန်တဲ့စကားကိုပြောတာက ကောင်းတဲ့အဖြေကိုပဲ ရနိုင်ပါတယ်။ ဆိုးတဲ့စကားကို ပြောတာက ဆိုးတဲ့ ရလဒ်ကိုပဲ ရပါတယ်။ ဒါကြောင့် နှုတ်ကထွက်တဲ့ စကားတိုင်းက အရေးကြီးပါ တယ်။ ကောင်းတယ်၊ ဆိုးတယ်ဆိုတဲ့ နှစ်မျိုးလုံးရဲ့ ကြားနေစကားဘက်မလိုက်တဲ့ စကားဆိုတာ မရှိ ပါဘူး။

          လူတစ်ယောက်ဟာ ဇနီး/ခင်ပွန်း – relationship တစ်ခုရတဲ့သူက အင်မတန် ကံကောင်းတဲ့ သူပါ။ ဒါပေမယ့် မိမိရရှိလာတဲ့ ဇနီး/ခင်ပွန်းကို မိမိရဲ့ နှုတ်လျှာတို့က ထွက်လာတဲ့စကားတွေနဲပ သတ်ဖို့ မဟုတ်ပါဘူး။

          တစ်ခါတုန်းက အိမ်နားချင်းအမျိုးသားတစ်ယောက်က ကျွန်မကို ပြောဖူးတယ်။ သူ့မိသားစုကို သူစိတ်ကြိုက်မဖြစ်ရင် သူက အမြဲဝေဖန်လိုက်တယ်။ ပြောလိုက်ရမှာ သူ့စိတ်က ကျေနပ်တယ်။ နောက်ပိုင်းကျ တဖြည်းဖြည်းနဲ့ သူ့ဇနီးနဲ့ သားသမီးတွေက သူတို့ချင်းချင်း အကြောင်းအရာတစ်ခု ပေါ်လာရင် ဆွေးနွေးကြ၊ တိုင်ပင်ကြနဲပ သူနဲ့ မပတ်သက်သလို ဖခင်နဲ့ ဝေးကွာနေကြသလို သူခံစားရ တယ်တဲ့ ဒါနဲပ သူပြန်စဉ်းစားရင်း နှုတ်ပြောဆိုတာတွေကို အရင်လိုမပြောတော့ဘူး။ စဉ်းစားပြီးမှ ပြောတယ်။ မိသားစုက သူ့ကို နွေးနွေးထွေးထွေး မဆက်ဆံတော့ဘူး။ သူ့မိသားစုကိုလည်း သူတောင်းပန်တယ်။ သူပြုပြင်ပြောင်းလဲလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုဆိုတာ လက်ထပ် ထိမ်းမြားတယ်ဆိုတာ ပျော်ရွှင်မှုကိုပေးတယ်။ ပျော်ရွှင်မှုကို ယူဆောင်လာတယ်။ ဝမ်းသာအားရဖွယ် ကောင်းတယ်ဆိုတာ သူခံစားရတယ်။ အခုတော့ သူ့ကြောင့် မိသားစုတစ်ခုလုံး ပြောင်းလဲသွားလို့ သူ အမြင်မှန်ရခဲ့ပြီး ပြောင်းလဲလိုက်ပြီ။ မိသားစုတစ်တစ်စုလုံးကို အပြစ်မတင်တော့ဘူး။ ခွင့်လွှတ်လိုက်ပြီး သူလည်းပြောင်းလဲသွားပြီလို့ ကျွန်မကို ပြောခဲ့ဖူးတာကို ကျွန်မမှတ်မိနေပါတယ်။

          နှလုံးသားထဲမှာ အစုလိုက် အပြုံလိုက် ရှိတာတွေက နှုတ်ကနေ ထွက်လာတာပါ။

          ကောင်းတယ်ဆိုတဲ့ လူသားတစ်ယောက်ဟာ ရင်ထဲမှာ ကောင်းတာတွေပဲ သိမ်းဆည်းထားတဲ့ အတွက် ကောင်းတဲ့ စကားအရာတွေပဲ နှုတ်လျှာကနေ ထွက်လာတာပါ။

          A loving  heart brings a loving words.

          A pure heart brings pure words.

          A heart filled with hate and unfargioness brings forth hateful words.

          ကျွန်မတို့ တတွေအောင်မြင်တဲ့ လက်ထပ်ထိမ်းမြားခြင်းတွေ အောင်မြင်တဲ့ relationship တွေ ကို ရနိုင်ဖို့အတွက် အခုလို တွေးပေမယ်။ စဉ်းစားပေးမယ်ဆိုရင် အိမ်ထောင်တစ်ခုကို ထူထောင်မဲ့ မျှော်လင့်ချက်တွေ အိမ်မက်တွေအတွက် အထောက်အကူရလိမ့်မယ်လို့ ထင်ပါတယ်။

          ဒါဆိုရင် မှတ်သားလောက်တဲ့ အိမ်ထောင် relationship အများသူငှာ အထူးဂရုပြုရတဲ့ မိသားစု ဘဝတစ်ခုကို တည်ဆောက်လို့ ရနိုင်မှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း fall in love over and over again ဖြစ်သွားမှာပါဆိုတာကို တင်ပြရင်း နှုတ်ကနေ ကသောကမျော ပြောခြင်းတွေကို ဆင်ခြင်ကြပါစို့ ။  

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *