ကလဲ့စားပြန်ချေခြင်းကို ရှောင်ရှားကြရမယ်။
ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမတို့ငြိမ်းချမ်းရေးအတွက်ဘာသာတရားများဆိုတဲ့အကြောင်းအရာကိုကျွန်ုပ်တို့တတွေလေ့လာနေခဲ့ကြတာဖြစ်ပါတယ်။ဒီတစ်ခါ ခရစ်ရန်ဘာသာတရားကငြိမ်းချမ်းရေးအကြောင်းဘာတွေပြောလဲ ဆိုတာကိုဒီတစ်ပတ်မှာလေ့လာကြရအောင်။
ရန်သူတွေအပါဝင်လူတိုင်းကိုချစ်ရမည့်အကြောင်းရှင်ပေါလ်လုကရောမမြို့သားတို့ဆီရေးသားခဲ့ပါတယ်။ကလဲ့စားပြန်ချေခြင်းကိုရှောင်ရှားကြရမယ်၊သင်၏ ရန်သူသည်ဆာလောင်နေလျှင်သူ့အားအစားစာကြွေးမွေးလော့၊ သူ ရေငတ်နေလျှင်သူ့အားသောက်စရာပေးလော့၊အကြောင်းမူကားသင်သည်ထိုသို့ပြုခြင်းဖြင့်သူ၏ဦးခေါင်းပေါ်၌မီးခဲကိုပုံထားသကဲ့သို့ဖြစ်လိမ့်မည်။ မကောင်းမူသည်သင်တို့ကိုအနိုင်မယူစေနှင့်ကောင်းကျိုးကိုပြုခြင်းဖြင့် မကောင်းမူကိုအနိုင်ယူကြလော့။
ဤနေရာမှာရှင်ပေါ်လ်လုကခရစ်တော်၏ရှင်းလင်းတဲ့သွန်သင်ချက်ကိုလိုက်နာမိန့်ဆိုနေခြင်းဖြစ်တယ်။မျက်စိအစားမျက်စိ၊ သွားအစားသွားရှိသည်ဟူသော်ပညတ်စကားရှိသည်ကိုသင်တို့ကြားခဲ့ရလေပြီ။ သို့တော်သင် တို့အား ငါဆိုသည်မှာဆိုးယုတ်သောသူကိုမတုန့်ပြန်ကြနှင့်တစ်စုံတစ်ယောက်သည်သင်၏ညာဘက်ပါးကိုရိုက်လျှင်ကျန်ပါးတစ်ဖက်ကိုလဲသူ့ထံသို့လှည့်ပေးဉီးလော့၊ တစ်စုံတစ်ယောက်သည်သင်၏အင်္ကျီကိုရယူလို၍သင့်ကို တရားစွဲ လိုလျှင်သူ့အားသင်၏ဝတ်ရုံကိုလည်းပေးစေလော့၊တစ်စုံတစ်ယောက်သည်သင့်ကိုအနိုင်ထက်ပြု၍ခရီးတစ်မိုင်ကိုသွားစေလိုလျှင်ထိုသူနှင့်အတူခရီးနှစ်မိုင်သွားလော့၊သင့်၌တောင်းခံသောသူအားပေးကန်းလော့၊သင့်ထံမှချေးငှားလိုသောသူတို့ကိုလည်းမငြင်းပယ်လေနှင့်။
ရှင်မတေးဦး ၅း၃၈-၄၂
ဒီသွန်သင်ချက်ကအရှုံးပေးခြင်း၊အားနည်းခြင်းမဟုတ်ပါဘူး။အားသန်ခြင်း၊ခိုင်မာခြင်းသွန်သင်ချက်ဖြစ်ပါတယ်။အကယ်၍လူအယောက်တိုင်းကဒီသွန်သင်ချက်ကိုလက်ခံပြီးတော့ကျင့်ကြံကြမယ်ဆိုရင်ကမ္ဘာကြီးပေါ်မှာဘယ်လောက်ထိနက်ရှိုင်းတဲ့ငြိမ်းချမ်ရေးကိုရရှိနိုင်မယ်ဆိုတာကိုစဥ်းစားကြည့်လို့ရနိုင်ပါတယ်။ဒါ့ကြောင့်ခရစ်ယာန်တရားတော်ကချီးမွန်းထောပနာပြုတဲ့ငြိမ်းချမ်းရေးကဘုရားကိုချစ်ခြင်းနှင့်လူအခြင်းခြင်းချစ်မြတ်နိုးခြင်းဖြစ်ပြီးတော့အတ္တဝါဒကိုအစဥ်မြဲတိုက်ထုပ်နေဖို့လိုအပ်ပါတယ်။နှေက်ပြီးတော့မိမိ၏လက်ဝါးကားတိုင်ကိုထမ်းယူပြီးတော့ကိုယ်တော်ရှင်၏နှောက်တော်သို့လိုက်ရန်ဆန္ဒလည်းရှိနေရမှာဖြစ်ပါတယ်။
အေဖက်စုဩဝါဒစာ ၂း၁၄ မှာရှင်ပေါ်လ်လုက၊ခရစ်တော်ကို(OurPeace) ကျွန်ုပ်တို့၏ငြိမ်းချမ်းခြင်း ဟုခေါ် ဆို ပါတယ်။ ဘာကြောင့်လဲဆိုတော့ကိုယ်တော်၏ဒုက္ခဝေသနာအားဖြင့်၊ နာခံခြင်းအားဖြင့်စာတန်နတ်ဆိုး၏ ပါဝါကို ခြေဖျက်ခဲ့တယ်၊သေခြင်းကိုအောင်နိုင်ခဲ့တယ်၊လူနှင့်ဘုရားအကြားကင်းကွာနေခြင်းကိုပြန်လည်ပေါင်းစပ်စေခဲ့တယ်။ဂျူးလူမျိုးနှင့်လူမျိုးခြားတွေအကြားတစ်ယာက်နှင့်တစ်ယောက်ပြန်လည်ကြေအေးသင့်မြတ်စေခဲ့တယ်လူသားအားလုံးနှင့်ဘုရားအကြားပြန်လည်ပေါင်းစပ်စေခဲ့တယ်။အသင်းတော်၏ရာဇဝင်သမိုင်းမှာရဟန္တာစိန့်အောဂတ်စတင်းအောဖ်ဟစ်ပိုလ်ကငြိမ်းချမ်းရေးအကြောင်းသွန်သင်ဟောပြောရာမှာထင်ရှားတဲ့သူတော်မြတ်တစ်ပါးဖြစ်ပါတယ်။
လူ၏ငြမ်းချမ်းခြင်းဆိုတာကဘုရား၏ထာဝရဥပဒေကိုနာခံခြင်းဖြစ်တာကြောင့်၊ထာဝရဘုရား၏မြို့တော်၏ငြိမ်းချမ်းခြင်းဆိုတာလူရဲ့နှလုံးသားများအားလုံး လုံးဝပြည့်စုံစွာပေါင်းဖတ်ခြင်း၊ ထာဝရဘုရား၏ ဝမ်းမြောက်ခြင်း၌ ပါဝင်ခြင်းဖြစ်တယ်။ထာဝရဘုရားထံတော်၌လူသားများတစ်ယောက်နှင့်တစ်ယောက်ပေါင်းစပ်ကြခြင်းဖြစ်တယ်လို့စိန့်အော်ဂတ်စတင်းက စာအုပ်မှာရေးသားခဲ့ခြင်းဖြစ်ပါတယ်။
ခရစ်ယာန်ဝတ်ပြုကိုးကွယ်ခြင်းမှာသင်တို့၌ငြိမ်းချမ်းသာယာခြင်းရှိပါစေဆိုတဲ့ငြိမ်းချမ်းခြင်းအတွေးအခေါ်ကိုထင်ရှားစွာတွေ့ရပါတယ်။လက်တင်ဝတ်ပြုကိုးကွယ်ခြင်းဝိနည်းမှာဘုရားသခင်၏ငြိမ်းချမ်းသာယာခြင်းသည်သင်တို့နှင့်အတူရှိပါစေဆိုတယ့်ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာနှုတ်ဆက်ခြင်းများကကျွန်တော်တို့နှင့်အကြွမ်းတစ်ဝင်ရှိတဲ့နှုတ်ဆက်ခြင်းပဲဖြစ်ပါတယ်။လက်တင်ကိုးကွယ်ဝတ်ပြုခြင်းဝိနည်းမှာကိုယ်တော်မြတ်ကိုမပင့်ယူခင်တစ်ဦးနှင့်တစ်ဦးငြိမ်းချမ်းခြင်းအမတ်လက္ခဏာကိုကမ်းလမ်းခြင်းဓလေ့ပြုလုပ်ကြပါတယ်။ဒါကြောင့်ခရစ်ယာန်တရားတော်ကငြိမ်းချမ်းရေးတွက်လေးလေးနက်နက်ပတ်သက်လုပ်ဆောင်မူရှိခြင်းကိုအထင်အရှားတွေ့မြင်ရပါတယ်။
ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နမအယောက်စီတိုင်းဘုရား၏ငြိမ်းချမ်းခြင်းဖြင့်နေ့စဥ်ဘဝသက်တာတွေကိုရှင်သန်နိုင်ကြပါစေ။