ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စည်းဝေးပွဲအား ရန်ကုန် အမျိုးသားကဇာတ်ရုံ၌ကျင်းပ

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ စည်းဝေးပွဲအား ရန်ကုန် အမျိုးသားကဇာတ်ရုံ၌ကျင်းပ

မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှ “ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ဟူသော အသင်း၏ဆောင်ပုဒ်နှင့်အညီ ကြီးမှူးကျင်းပသည့် အစည်းအဝေးကြီးအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံ၌ (၅.၁၀.၂၀၂၄) စနေနေ့တွင် နေ့လည် (၁း၀၀ နာရီ) မှ (၃း၂၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

“အမုန်းစကား ၊ အမုန်းတရားများ မပြန့်ပွားရေး” ခေါင်းစဥ်ဖြင့် ငြိမ်းချမ်းရေးဟောပြောပွဲအခမ်းအနားသို့ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်တော်များ အများအပြားတက်ရောက်ခဲ့ကြသည်။

ကက်သလစ်သာသနာ၏ ကိုယ်စားလှယ်များအဖြစ် Fr. John Zaw Min Tun (Ygn), Sr. Flora Kong (SJA), Sr. Gabriella Om Pai (SJA), Sr. Veronica Tial (LWST) တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင်

၁။ ဗုဒ္ဓဘာသာ (တက္ကသိုလ်မြတ်သူ)
၂။ ဟိန္ဒူဘာသာ (ဦးကျော်ဇင်သန့်)
၃။ ခရစ်ယာန်ဘာသာ (Dr. မျိုးဝင်း)
၄။ အစ္စလာမ်ဘာသာ (ဦးလှဝင်း)

ဘာသာအသီးသီး၏ကိုယ်စားလှယ်များက မိမိတို့ဘာသာတရားအဆုံးအမများကို ကိုးကားပြီး ငြိမ်းချမ်းရေးကို ဦးတည်ကာ ဟောပြောခဲ့ကြသည်။

ခရစ်ယာန်ဘာသာကိုယ်စားလှယ် Dr. မျိုးဝင်းက စကားပြောဆင်ခြင်ခြင်းနှင့် သခင်ခရစ်တော်၏ငြိမ်းချမ်းရေးလမ်းစဥ်ကို ကျမ်းချက်များနှင့်တကွ ဟောပြောဝေမျှခဲ့သည်။

သတင်းဓာတ်ပုံ ။ ။ Sr. Om Pai, SJA

rvamyanmar
rvamyanmar
Articles: 702

Leave a Reply

Your email address will not be published. Required fields are marked *