ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိပ်ပုတီးစိပ်၍ ဆုတောင်းခြင်းကို ပုပ်ဖရန်စစ်ဦးဆောင်

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိပ်ပုတီးစိပ်၍ ဆုတောင်းခြင်းကို ပုပ်ဖရန်စစ်ဦးဆောင်

ကမ္ဘာ့နေရာအနှံ့အပြားတွင် စစ်ပွဲများဖြစ်ပေါ်လာနေမှုကြောင့် အန္တရာယ်ကြီးကျရောက်နေသော “ကမ္ဘာကြီး” ငြိမ်းချမ်းရေး ရရှိရန် အထူးရည်ရွယ်၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က စိပ်ပုတီးစိပ်၍ ဆုတောင်းခြင်းကို ရောမမြို့ရှိ
စိန့်မေရီမေဂျာဘာစီလီကာကြီးတွင် အောက်တိုဘာ ၆ရက် ညနေ၊ စိပ်ပုတီး၏သခင်မပွဲနေ့ အကြိုအဖြစ် ဦးဆောင် ဆုတောင်းခဲ့ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့၊ စိပ်ပုတီး ၏သခင်မ ပွဲတော်နေ့ကိုလည်း “ကမ္ဘာ့ငြိမ်းချမ်းရေး”အတွက် အစာရှောင်၊ ခြိုးခြံဆုတောင်းကြဖို့ တစ်ကမ္ဘာလုံးကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

အမုန်းတရားတွေကို တောက်လောင်စေသူတို့၏ နှလုံးသားများကို ပြောင်းလဲစေပါ။ သေကြေပျက်စီးခြင်းတွေကို ဖြစ်ပေါ်စေသော လက်နက်များ၏အသံဆိုးများကို ချုပ်ငြိမ်းစေပါ။ လူတွေရဲ့နှလုံးသားကို နာကြည်းစေသော အကြမ်းဖက်မှုတို့ အဆုံးသတ်ပါစေ။ တိုင်းနိုင်ငံများကို အုပ်ချုပ်နေကြသော ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များ၌ ငြိမ်းချမ်းရေးအတွက် လုပ် ဆောင်နိုင်ရန် လှုံ့ဆော်ပေးပါစေ။” ဟု ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကာဒီနယ်ကြီးများ၊ ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများ၊ သူတော်စင်များနှင့် လူများစွာတို့ ပါဝင် စိပ်ပုတီးစိပ် ဆုတောင်းခဲ့ကြပါတယ်။

“မတရားမှုနှင့် စစ်ပွဲများအကြား အခက်ခဲမျိုးစုံနှင့် အတိဒုက္ခရောက်နေသူတို့အတွက် ဆုတောင်းပေးပါတယ်” လို့ဆိုရင်း ပါပါးက ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

Photo & News courtesy : Vatican
News by : Dominican Kodaw

rvamyanmar
rvamyanmar
Articles: 4140

Leave a Reply

Your email address will not be published. Required fields are marked *