သင်နဲ့နီးစပ်သောသူကို ကိုယ်ရှင်ကို ချစ်သကဲ့သို့ချစ်ပါ ဒါကငြိမ်းချမ်းရေးအတွက် အဓိက အုတ်မြစ်ဖြစ်ပါတယ်။

ကမ္ဘာ့ဘာသာကြီးတွေအားလုံးက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တစ်သဘောထဲ ရှိကြပါတယ်။ ကမ္ဘာ့ ဘာ သာကြီးတွေက ငြိမ်းချမ်းရေးကို ချီးမွမ်းထောပနာပြုကြပါတယ်။ မည်သည့်ဘာသာက ဘာသာဝင်ကမဆို သူကမ လို လားဘူးဆိုတာမရှိပါဘူး။ ဘာသာတရားတစ်ခုရဲ့အဓိက အတွေးအခေါ်က ငြိမ်းချမ်းရေးကိုတိုးမြင့်ဆောင်ရွက်ရန် ဟူ၍ တော့မဟုတ်ပါဘူး။ ဘုရားကိုရှိခိုးဝတ်ပြုကိုးကွယ်ရန်ဖြစ်ပါတယ် ဒါကသေချာတယ် ဘာသာတရားမှာ ပထမအဓိက အရာက လူသားတွေနဲ့ ဘုရားကြား ဆက်သွယ်မှုဖြစ်ပါတယ်။

ဘာသာတရားဆိုတာက ဘုရားကကျွန်တော်တို့ကိုဖန်ဆင်းထားတယ်ဆိုတာကို ကျွန်ုပ်တို့ကအသိအမှတ်ပြုခြင်း၊ ဘုရား၏အလိုတော်အတိုင်း လိုက်ကျင့်နေထိုင်လိုခြင်း၊ ဘုရားနဲ့ဆုတောင်းမှုပြုခြင်းဖြင့် ဆက်သွယ်ခြင်းတို့က အဓိက ဖြစ်ပါတယ်။ ဒါကြောင့်လည်းဘာသာတရားအများစုမှာ ယုံကြည်ရာ အချက်တွေရှိတယ် ကိုယ်ကျင့်တရားတွေ ပြဌာန်းထားတာတွေရှိတယ် ဆုတောင်းဝတ်ပြုခြင်းဝိနည်းတွေရှိတယ် ဒါပေမဲ့ ဤကဲ့သို့ ဘုရားနဲ့ဆက်သွယ်ခြင်း အထက် အောက် ဒေါင်လိုက်ကဏ္ဍက ရေပြင်ညီအလျားလိုက် ကဏ္ဍကိုလည်း ပြုလုပ်ဖို့ တောင်းဆိုနေပါတယ်။

ရေပြင်ညီအလျားလိုက် ကဏ္ဍဆိုတာက လူသားချင်းချင်းကြားဆက်ဆံနည်းဖြစ်ပါတယ် ခရစ်ယာန်ဘာ သာ တရား မှာဆိုရင် ဘုရားကိုချစ်မြတ်နိုးတဲ့သူဟာ မိမိနဲ့နီးစပ်သော အခြားလူများကိုလည်း ချစ်မြတ်နိုးခြင်းရှိရမယ်လို့ ရှင်ယောဟန် ဩဝါဒစာ ပထမစောင် ၄း၂၀ မှာခရစ်ယာန်ဘာသာတရားရဲ့ ဒုတိယကဏ္ဍအဖြစ် မိန့်ဆိုထားပါတယ်။ ကောင်းသောခရစ်ယာန်တစ်ယောက်ဟာ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ရမယ် ကောင်းကင်နိုင်ငံ ကို တည်ဆောက် ခြင်းဆိုတာက မမြင်ရနိုင်တဲ့ လက်တွေ့စုပ်ကိုင်လို့ မရနိုင်တဲ့ စိတ္တဇနာမ် ပုံစံတစ်ခုမဟုတ်ရုံတင်မကပါဘူး ဒီကမ္ဘာကြီး ပေါ်မှာ နိုင်ငံတော်ကို တည်ဆောက်ဖို့ လောကမြို့တော်ကိုတည်ဆောက်ဖို့ကိုလည်း တောင်းဆိုနေပါတယ်။

အကယ်၍ဘာသာတရားက ဒီကမ္ဘာကြီးရဲ့လူ့အခြေအနေ ဖြစ်ရှိနေမှုတွေနဲ့ မသက်ဆိုင်ဘူး အကယ်၍ ဘာသာတရားက လူတွေမှာဖြစ်နေတဲ့ ကွဲပြားခြင်းတွေရဲ့ စိန်ခေါ်ချက်တွေ ပြန်လည်ကြေအေးသင့်မြတ်ခြင်း နာကြင်ခြင်း နှင့် ကုသခြင်း စစ်နှင့် ငြိမ်းချမ်းရေး ဒါတွေကို ဖြေရှင်းနိုင်ဖို့ မကြိုးစားဘူးဆိုရင် ဘာသာတရားက လူ့ဘောင်လောကရဲ့ အပြင်ဘက်မှာရောက်နေတဲ့ ဘာသာတရားဖြစ်ပါတယ်။ ဘာသာတရားက လူ့အသိုင်းအဝိုင်းရဲ့ နှောက်ကြောဘက်မှာ ရှိနေတဲ့ ဘာသာတရားဖြစ်လိမ့်မယ်။ ဘာသာတရားက စိတ်ဝင်စားစရာကောင်းတဲ့ အတွေးအခေါ် ဒသန တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒီလောကကြီးရဲ့ လူ့ဘဝမှာကြုံတွေ့ရတဲ့ တခါတစ်ရံ လှပတဲ့အရာတွေ တခါတစ်ရံ ခက်ခဲတဲ့ ဖြစ်ရှိမှုတရားတွေနဲ့ လုံးဝပတ်သက်မှုမရှိတဲ့ လုံးဝမသက်ဆိုင်ကင်းကွာနေတဲ့ ဘာသာတရားဖြစ်ပါလိမ့်မယ်။

အမှန်တရားက ဒီအရာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ် လူတွေရဲ့တကယ့်လက်တွေအခြေအနေတွေ အတွေ့အ ကြုံကို ရင်ဆိုင်ဖြေရှင်းကို ၎င်းတို့ရဲ့ တာဝန်အဖြစ် ဘာသာတရားတွေကရှိနေကြတာကို လူ့သမိုင်းတစ်လျှောက်မှာ တွေ့ နေကြပါတယ်။ ထာဝရဘုရားနဲ့ ဖန်ဆင်းရှင်နဲ့ အရာအားလုံးထက် ကျော်လွန်မြင့်မြတ်တဲ့ အရှင် နည်းလမ်းရှင်တော် ဒါမှမဟုတ် အမြင့်ဆုံးတော့နတ် ၎င်းတို့ယုံကြည်ကြခြင်းက ဒီကမ္ဘာကြီးကို ကုသပေးခြင်းမှာ ၎င်းတို့ပါဝင်ဖို့ ဒါကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက် ဖို့ဖြစ်တယ်ဆိုတာကို ၎င်းတို့က အခိုင်အမာယုံကြည်ကြပါတယ်။

ချီးမွမ်းစရာကောင်းတဲ့ တစ်သဘောတည်းဖြင့် ကမ္ဘာ့ဘာသာကြီးများအားလုံးက The Golden Rule ရွှေဥပဒေသ ကို သွန်သင်ကြပါတယ်။ သင်နဲ့နီးစပ်သောသူကို ကိုယ်ရှင်ကို ချစ်သကဲ့သို့ချစ်ပါ ဒါကငြိမ်းချမ်းရေးအတွက် အဓိက အုတ်မြစ်ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားရဲ့ရွှေဥမဒေသအဖြစ် ခရစ်ယာန်တရားတော်က ကျင့်သုံးတဲ့ မိမိနဲ့နီးစပ်သော သူကိုချစ်ပါ သင်တို့အား သူတစ်ပါးပြုမူစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုမူကြလော့။ ဒီသွန်သင်ချက်တွေက ကမ္ဘာ့ဘာသာကြီးများရဲ့ ယုံကြည်ရာသွန်သင်ချက် အမွေအနှစ် အစိတ်အပိုင်းတစ် ခုဖြစ်ပါတယ်။

ဟိန္ဒူဘာသာမှာ ဤသည်မှာ တာဝန်ဝတ်တရား အနှစ်ချုပ်ဖြစ်သည် အကယ်၍သင်ထိုကဲ့သို့ ပြုမူခြင်းခံရပါက သင့်ကို နာကြင်စေပြီဆိုလျှင် ထိုအရာကို သူတစ်ပါးအားလည်းမပြုနဲ့ ဗုဒ္ဓဘာသာ၌ သွန်သင်ချက်က သင့်ကိုထိ ခိုက် နာကြင် စေသည့်နည်းလမ်းများဖြင့် သူတစ်ပါးတို့အား မထိခိုက်စေနဲ့ ကွန်ဖြူးရှပ် သွန်သင်တာက ဤသည်က ချစ်ဖွယ် သောကြင်နာခြင်း၏ နီတိဖြစ်၏ မိမိအပေါ်၌မပြုမူစေလိုသည့် အရာများကို သူတစ်ပါးတို့အပေါ်၌လည်း သွား၍ မပြုမူလေနဲ့ ဂျူးဘာသာသွန်သင်ချက်မှာ မိမိမကြိုက်မနှစ်သက် မုန်းတီးတဲ့အရာကို မိတ်ဆွေအပေါ်၌လည်း မပြုမူနဲ့ ဤသည်ကား ပညှပ်ကျမ်း အနှစ်ချုပ်ဖြစ်ပြီး ကျန်သည့်အရာများသည်ကား အနက်ဖွင့်ဆိုချက်ဖြစ်၏ အစ္စလာမ်ဘာသာ ရဲ့ သွန်သင်ချက်မှာ မိမိကိုချစ်သည့် အချစ်မျိုးဖြင့် ၎င်း၏ညီအစ်ကိုကို မချစ်သေးသရွေ့ မည်သူတစ်ဉီးတစ်ယောက်မှ ယုံကြည်သူမဖြစ်နိုင် အာဖရိကန် မိရိုးဖလာ သွန်သင်ချက်မှာ သူတစ်ပါးအားသင်ပြုသည့်အရာ သင်ပေးသည့်အရာ သည် သင့်ထံသို့ပြန်လာလိမ့်မည်။ အကယ်၍သာ ကမ္ဘာ့ဘာသာအသီးသီးကလူတွေက ရွှေဥပဒေသကို မှန်ကန်စွာ နဲ့တကယ် လိုက်ကျင့်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးတွက် အဓိက အုတ်မြစ်တစ်ခု ကိုချမှတ်ပြီးဖြစ်ပါလိမ့်မယ် ဓမ္မမိတ်ဆွေ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ငြိမ်းချမ်းခြင်းရှိကြပါစေ။

rvamyanmar
rvamyanmar
Articles: 701

Leave a Reply

Your email address will not be published. Required fields are marked *