ပုပ်ဖရန်စစ်သည် ဇူလိုင်တစ်လလုံးလူအများနှင့်တွေ့ဆုံသည့်အစီအစဉ်ကိုရပ်နားထားသော်လည်း ယနေ့အရေးကြီးပုဂ္ဂိုလ် (၂) ဦးအားလက္ခံတွေ့ဆုံခဲ့

ပုပ်ဖရန်စစ်သည် ဇူလိုင်တစ်လလုံးလူအများနှင့်တွေ့ဆုံသည့်အစီအစဉ်ကိုရပ်နားထားသော်လည်း ယနေ့အရေးကြီးပုဂ္ဂိုလ် (၂) ဦးအားလက္ခံတွေ့ဆုံခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်ချိန်မှစ၍အနား ယူလေ့မရှိဘဲ အများပြည်သူအားလပ်ရက်ရှည်ဖြစ်သော ဇူလိုင်လမှစက်တင်ဘာလအတွင်း၌လည်း ရဟန်း မင်းကြီးသည် ပုံမှန်အမှုတော်ကိုထမ်းဆောင်လာခဲ့သည်။ သို့သော် ယခင်နှစ်မှစ၍ အူမကြီး၌အကြီးစားခွဲ စိတ်မှုခံယူပြီးနောက်၌မူ အလုပ်မှနားသည်မဟုတ်သော်လည်း လူအများနှင့်တွေ့ဆုံသည့်အစီအစဉ်များနှင့်ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌တွေ့ဆုံသည့်အစီအစဉ်ကို ဇူလိုင်တစ်လလုံးနားမည်ဟုယခုလအစောပိုင်းကကြေညာထားခဲ့သည်။

ထိုသို့နားထားသော်လည်း တနဂ်နွေနေ့မွန်းတည့်ချိန် အန်ဂျေလူးမေ တ္တာကိုမူ စိန့်ပီတာရင်ပြင်၌ရောက်ရှိလာမည့်ဘုရားဖူးများနှင့်အတူဆုတောင်းမည်ဖြစ်သည်။

ထိုသို့ကြေညာထားခဲ့သော်လည်း (ဇူလိုင် ၁၂) ရက်နေ့က ရုရှားနိုင်ငံမှရုရှားဩသိုဒေါ့စ်ဘာ သာရေးခေါင်းဆောင်နှစ်ဦးနှင့်မူလက္ခံတွေ့ဆုံခဲ့သည်။ အဆိုပါဘာသာရေးခေါင်းဆောင်နှစ်ဦးအနက်တစ်ဦးမှာ ဆရာတော် Antonij ဖြစ်ပြီး Kirill မြို့၏လက်ထောက်ဆရာတော်ဖြစ်သည်။ သူသည် ရုရှားသာသနာ၏ နိုင်ငံတကာဆက်ဆံရေးအမှုတော်ကိုထမ်းဆောင်သူဖြစ်သည်။

ဗာတီကန်၏သတင်းပြန်ကြားရေးမှ အဆိုပါတွေ့ဆုံမှုကိုအသိပေးထုတ်ပြန်သော်လည်း တွေ့ ဆုံရသည့်အကြောင်းအရင်း၊ ဆွေးနွေးသည့်အကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများကိုမူဖော်ပြမထားပေ။

ကက်သလစ်သာသနာနှင့်ရုရှားဩသိုဒေါ့စ်ကြား ဆက်ဆံရေး‌ေ၀းကွာအေးခဲသွားသည်မှာ ယူကရိန်းအားရုရှားစစ်စတင်ချိန်ကစခဲ့သည်။ ဤအခြေအနေကိုနှံ့စပ်စွာသိရှိနားလည်းသော ဖာသာရ် Stefano Caprio က ရုရှားဩသိုဒေါ့စ်၏ဘာသာရေးခေါင်းဆောင် Kirill အတွက်လည်း အလွန်ကြပ်ရိုက်စေခဲ့သောအခြေအနေဖြစ်သည်ဟုသူကရှင်းပြသည်။ အမှန်မှာ ရုရှားဩသိုဒေါ့စ်ဘာသာရေးခေါင်းဆောင် Kirill သည် ကက်သလစ်သာသနာတော်ကြီးနှင့်ဆက်ဆံရေးလွန်စွာပြေပြစ်ပြီး ခင်မင်ရင်းနှီးသူဖြစ်သည်။ သို့သော် ယူကရိန်းအားရုရှားကျူးကျော်စစ်ကြီးကြောင့် သူ့အနေဖြင့်ကျင်းထဲကြပ်ထဲရောက်ရှိသွားခဲ့ရသည်။ ထိုအခြေ အနေ၌ သူ့အတွက်လွန်စွာခက်ခဲသောအခြေအနေနှင့်ကြုံတွေ့ခဲ့ရသည်။ သူ၏နောက်ဆုံးကြေညာချက်ထဲ၌ ရုရှာသမ္မတအိမ်တော်၏ဖိအားပေးခံထားရပုံပေါက်သောအသုံးအနှုန်းများကိုတွေ့ရသည်။ နှစ်နိုင်ငံ၏စစ်ရေးကြောင့် ရှိရင်းစွဲဘာသာရေးခံယူချက်များနှင့်ရင်းနှီးမှုများပျက်ပြယ်သွားရမည့်အကြောင်းတရားမဖြစ်သင့်ပေ။

ထို့ကြောင့်လည်း ဗာတီကန်နှင့်ရုရှားဩသိုဒေါစ့်ကြား နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးများဧ၀ံဂေလိတရားတော်နှင့်ညီလျှော်စွာပြေလည်စေရေးတွေ့ဆုံဆွေးနွေးမှုကိုနှစ်နှင့်ချီကြိုးစားလုပ်ဆောင်လာခဲ့သည်။

ယနေ့ (ဇူလိုင် ၁၁) ရက်‌နေ့၌ ရဟန်းမင်းကြီးဖရန်စစ် ရုရှားဩသိုဒေါ့စ်၏ကိုယ်စားလှယ်အားလက်ခံတွေ့ဆုံခြင်းသည် အဆိုပါကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားဩသိုဒေါ့စ်ဘာသာရေးခေါင်းဆောင်များနှင့်ဗာတီကန်၌ သော်လည်း ကောင်း၊ သူ၏ဘုရားဖူးများနှင့်တွေ့ဆုံလေ့ရှိသော ဗုဒ္ဓဟူးနေ့၏အစီအစဉ်လည်းကောင်း၊ ခရီးသွားဟန်လွဲတွေ့ဆုံသည့်အနေအထားမျိုးဖြစ်သော ရဟန်း မင်းကြီးဖရန်စစ် Kazakhstan နိုင်ငံသို့တမန်တော်ခရီးကြွ ရောက်စဉ် ရုရှားဩသိုဒေါ့စ်ဘာသာရေးခေါင်းဆောင် Kirill နှင့်တွေ့ဆုံရန်အစီအစဉ်ရှိခဲ့သော် လည်း အခြေ အနေအကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ်နှင့်သာတွေ့ဆုံခဲ့ရသည်များလည်းရှိခဲ့ကြောင်း ယူကရိန်း-ရုရှားတို့၏နိုင်ငံရေးအခြေအနေကိုကောင်းစွာသိသော ဖာသာရ် Stefano Caprio ရှင်းပြခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *