ခရစ်ယာန်များ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆုတောင်းရာနေ့ ပုသိမ်၌ကျင်းပ

ခရစ်ယာန်များ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆုတောင်းရာနေ့ ပုသိမ်၌ကျင်းပ

ခရစ်ယာန်များငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဆုတောင်းရာရက် ဒုတိယ နေ့ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ၂၇ ရက် ညနေ 4:30 အချိန်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့ စိန်ပီတာ ကာသီဒြယ်ဘုရားကျောင်းတော်ကြီးတွင် ကျင်းပခဲ့ပါသည်။

အဆိုပါအစီအစဉ္၌ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ မွန်ဆီညော်ပီဉီး ဝင်းသန်းမှ ကြိုဆို နှုတ်ခွန်းဆက်စကားကို မိန့်ကြားရင်း ခရစ်ယာန်များ စုပေါင်းဆုတောင်းပွဲ အကြောင်းကို အကျဥ်းချုပ် ရှင်းပြခဲ့ပါသည်။

ဆက်လက်၍ မွန်ဆီညော်မှ “အခုချိန်မှာ မြန်မာပြည်ကြီးအနေဖြင့် စိန်ခေါ်မှုတွေများစွာကို တွေ့ကြုံရင်ဆိုင်နေရတာဖြစ်တယ်. ဒါပေမဲ့ တစ်နေ့ကျရင် တော့ ဘုရားသခင်က ကျွန်ုပ်တို့ကို ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကို ပေးမယ် ဆိုတာ ကျွန်တော့်အနေနဲ့ အကြွင်းမဲ့ယုံကြည်ပါတယ်”ဟု မိန့်ကြားခဲ့ပါသည်။

ကက်သလစ်ဘုန်းတော်ကြီး Fr.Jimmy မှ ရှင်မာတေဦး 18:19-20 ကို ကိုးကား၍ မြန်မာပြည်ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး၊ ခရစ်ယာန်များစည်းလုံးညီညွတ်မှုနှင့် ပြန်လည်သင့်မြတ်ရေးရရှိဘို့အတွက် ဆုတောင်းကြရန် တိုက်တွန်းခဲ့ပါသည်။

မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ Rev. ဦးထွန်းလှမှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ဖော်ပြရင်း အတိဒုက္ခရောက်နေသူများအတွက် ဆုတောင်းပေးကြရန် ဖိတ်ခေါ်ခဲ့ပါသည်။

“နိုင်ငံရေးအခြေအနေကိုကြည့်ပြီး ဘုရားသခင်ကိုမပစ်မှားမိပါစေနဲ့ ယုံကြည်ခြင်း တွေမပြိုလဲပါနဲ့. အရေးကြီးဆုံးကတော့စစ်ဘေးနဲ့ သဘာဝဘေးများ အခြားသော ဘေး အန္တရာယ်များနဲ့ တွေ့ကြုံရင်ဆိုင်နေကြရတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ အတွက် အမြဲမပြတ် ဆုတောင်းပေးဘို့ ကူညီပေးနေကြဘို့လိုပါတယ်” ဟု Rev. ဦးထွန်းလှမှ ပြောကြားခဲ့ပါသည်။

ဤစုပေါင်းဆုတောင်းပွဲသို့ ကက်သလစ်ခရစ်ယာန်အသင်းတော်၊ မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ စကောကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ အင်္ဂလီကန်ခရစ်ယာန်အသင်းတော် နှင့်အခြားသော ခရစ်ယာန် အသင်းတော်အချို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ယခုနှစ် စုပေါင်းဆုတောင်းပွဲများမှ ရရှိလာသော အလှူတော်ငွေ ၁၅သိန်းကျော်ကို လည်း ရေးဘေးအတွက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အတွင်း ရေးမှူး မန်းအောင်မြင့်ခိုင်မှ ပြောကြားခဲ့ပါသည်။

By RVA Pwo Karen Service

rvamyanmar
rvamyanmar
Articles: 704

Leave a Reply

Your email address will not be published. Required fields are marked *