ဖာသာရ်  Peter ကြည်မောင် (မန္တလေး) ၂၆ ကြိမ်မြောက်သာမန်ကာလ တနင်္လာနေ့ဩဝါဒ ၃၀၊ ၉၊ ၂၀၂၄

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်လုကား ဧဝံဂေလိကျမ်း ၉:၄၆-၅၀မှာ သခင်ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးတွေက သူတို့အထဲးမှာ ဘယ်သူက ရာထူး အကြီးဆုံဖြစ်မလည်း ဆိုပြီး အငြင်းအခုံဖြစ်နေ တဲ့အချိန် အကြီးဆုံးဖြစ်ခြင်သူဟာ ကလေးသူငယ်ကို လက်ခံကြိုဆိုသောသူ ဖြစ်ရမယ်။ ကလေးသူငယ်ကိုကြိုဆိုခြင်းဟာ ငါ့ ကိုကြိုဆိုခြင်းဖြစ်တယ်။ ငါကို ကြိုဆိုသူဟာ ငါ့ကိုစေလွတ်သူကို ကြိုဆိုသူဖြစ်တယ် အဲ့လိုလူ ၊သင်တို့ထဲးမှာ အနိမ်ကျဆုံးသူဟာ အကြီးမြတ်ဆုံးသူပဲ လိုဆိုခဲ့တယ်။ လောကလူတွေနားလယ်တဲ့ ကြီးမြတ်ခြင်းဆိုတာ ချမ်းသာကြွယ်ဝခြင်း၊ ရာထူးအာဏာရှိခြင်း၊ ပညာတက်ဘွဲးရ လူတကာကိုဦးဆောင်သင်ပြပေးနိုင်းခြင်း၊ တမူထူးခြားသော အရည်အခြင်း အတက်ပညာကို တပါးသူထက်သာလွန်တက်မြောက်ခြင်း၊ ရုပ်ရည်ရှုပကာ ချောမေားလှပခြင်း စသည့် အရည်အခြင်းတွေနဲ့တိုင်းတာကြတယ်။သခင်ခရစ်တော်က သူကိုသူကလေးငယ်တယောက်လိုဆိုလိုပြီး လောကမှာ၊ အရေးမပါဘူးလို့ထင်ခံသူ၊ ဘာပါဝါအာဏာမှမရှိသူ ၊ဆင်းရဲ့နိမ်ကျသူ၊ လူအထင်ကြီးမခံသူ၊ အောက်ခြေလူတန်းစား နင်းပြားဘဝတွေကို စာနာတပ်သူ၊ တန်ဖိုးထားတပ်သူ အလေးထားတပ်သူ၊ ကူညီလုပ်ကိုင်ပေးတပ်သူ အဲ့လိုလူတွေက အကြီးမြတ်ဆုံးသူတွေဖြစ်တယ်။ ဘာဖြစ်လို့လဲးဆိုတော့ သခင်ခရစ်တော်ဟာ ဆင်းရဲးတဲ့ ကလေးသူငယ်တယောက် အဖြစ်ခံယူဖေါ်ပြထားလိုဖြစ်တယ်။ လူတွေရဲ့သဘာဝမှာလည်း ချမ်းသာကြွယ်ဝခြင်း၊ ရာထူးအာဏာရှိခြင်း၊ ပညာတက်ဘွဲးရ လူတကာကိုဦးဆောင်သင်ပြပေးနိုင်းခြင်း၊ တမူထူးခြားသော အရည်အခြင်း အတက်ပညာကို တပါးသူထက်သာလွန်တပ်မြောက်ခြင်း၊ ရုပ်ရည်ရှုပကာ ချောမေားလှပခြင်း စသည့် အရည်အခြင်း အဲ့လိုလူတွေကိုသာ အစေခံခြင်ကြတယ် အလုပ်အကြွေပြုခြင်ကြတယ်။ ကိုအတွက်ဘာမှာပြန်လုပ်မပေးနိုင်တဲ့၊ ဆင်းရဲ့နိမ်ကျသူ၊ လူအထင်ကြီးမခံသူ၊ အောက်ခြေလူတန်းစား နင်းပြားဘဝထဲးက လူတွေကိုတော့ အစေမခံခြင်ကြပါဘူး။ နိမ့်ကျသူတွေကိုပြုစုကူညီပေးသူ၊ လက်တွဲးထူပေးသူ၊ ဒုက္ခတွင်းထဲးနစ်နေသူတွေကို မေတ္တာအစစ်အမှန်နဲ့  နိမ့်ချစွာလုပ်ကိုင်ပေးသူတွေဟာ ကြီးမြတ်သူတွေဖြစ်တယ်။ ဓမ္မမိတ်ဆွေ ဒီကနေ့ကျမ်းစာက အောက်တန်းစား နဲ့ အထက်တန်းစား ဆိုတဲ့ လူနှစ်မျိုးကို ခွဲးခြားဖေါ်ပြပေးလိုက်တာပါပဲ။ သင်က ဘယ်လိုလူစားမျိုးလည်း။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *