ရှင်ဗင်းဆင်းဒီပေါလ် အကြောင်းကို တင်ဆက်ပေးထာပါတယ်

ဆင်းရဲသားများကိုအစေခံခြင်းဟာခရစ်တော်ဘုရားရှင်ကိုအစေခံခြင်းဖြစ်ပါတယ်လို့ဗင်းဆင်းဆိုသူကက်သလစ်ရဟန်းတော်တစ်ပါးကဆိုခဲ့ပါတယ်။သူဆိုခဲ့တဲ့အတိုင်းပဲသူ့ရဲ့ဘဝတစ်လျောက်လုံးမှာလည်းဆင်းရဲသားများရဲ့ဘဝများအတွက်အသက်ရှင်ပေးဆပ်ခဲ့ပါတယ်။ဗင်းဆင်းဆိုခဲ့သလိုဆင်းရဲသားများအားအစေခံခြင်းဟာမိမိတို့ကိုးကွယ်ယုံကြည်ရာဘုရားရှင်ရဲ့ဆုံးမ

သွန်သင်ချက်တွေနဲ့တရားတော်တွေကိုလိုက်နာကျင့်ကြံခြင်းဖြစ်ပါတယ်လို့အာဗီအေကိုကြည့်ရှု့အားပေးနားသောတဆင်နေကြသောအမိအဖညီအစ်ကိုမောင်နှမများအတွက်သတင်းကောင်းပါးချင်ပါတယ်။ဗင်းဆင်းကို၁၅၈၀ခုနှစ်မှာပြင်သစ်ပြည်တောင်ပိုင်းကရွာလေးတစ်ရွာမှာဆင်းရဲသားလယ်သမားမိသားစုမှမွေးဖွားခဲ့ပါတယ်။မွေးချင်း(၇)ယောက်ထဲမှာဗင်းဆင်းဟာ

တတိယမြောက်သားဖြစ်ပါတယ်။ဗင်းဆင်းကိုမိဘတွေကရဟန်းတစ်ပါးဖြစ်စေလိုတဲ့အတွက်ပညာသင်ကြားနိုင်ဖို့လယ်ယာမှာအသုံးပြုနေတဲ့နွားတွေကိုရောင်းပြီးပညာသင်ပေးခဲ့ကြပါတယ်။ဆင်းရဲကြတဲ့အတွက်အခက်အခဲမျိုးစုံရှိပေမဲ့ရဟန်းတစ်ပါးဖြစ်နိုင်ဖို့မိဘတွေကအမြဲအားပေးခဲ့ကြပါတယ်။၁၆၀၀ခုနှစ်စက်တင်ဘာလ၂၃ရက်နေ့အသက် (၂၀)အရွယ်မှာပဲရဟန်းသိက္ခာခံယူခဲ့ပါတယ်။ရဟန်းတော်ဗင်းဆင်းဟာရည်မှန်းချက်ကြီးမားသူဖြစ်ပါတယ်။ငယ်ရွယ်သူတို့သဘာဝအရကြွယ်ဝချမ်းသာမှုကိုလဲလိုချင်ခဲ့ပါတယ်။ရဟန်းခံယူပြီးတဲ့နောက်ချမ်းသာတဲ့သူတွေသာတတ်နိုင်တဲ့ကျောင်းတစ်ကျောင်းမှာညွန်ကြားရေးမှုးတစ်ဉီးအဖြစ်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။အဲဒီနောက်ပြင်သစ်ပြည်မှာချမ်းသာတဲ့ကျောင်းသား

တွေကိုပဲစာသင်ကြားပေးခဲ့ရပါတယ်။ငယ်ရွယ်စဉ်မှာပဲပြင်သစ်ပြည်တစ်လျောက်သဘေ္်ာနဲ့ခရီးသွားစဉ်တူရကီပင်လယ်ဓားပြတွေနဲ့ကြုံတွေ့ပြီးဗင်းဆင်းနဲ့အတူခရီးသည်တွေကိုဖမ်းကာတခြားလူမျိုးခြားတွေထံကျွန်အဖြစ်ရောင်းစားခဲ့ကြပါတယ်။ဗင်းဆင်းဟာမွတ်ဆလင်တံငါသည်တစ်ဉီးဆီမှာကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရပါတယ်။ဗင်းဆင်းဟာပင်လယ်ပြင်မှာ

သူ့သခင်လိုက်ရပါတယ်လိုက်တိုင်းလှိုင်းမူးတတ်တာကြောင့်သူ့ရဲ့သခင်ကတခြားတစ်ယောက်ထံသူ့ကိုရောင်းစားလိုက်ပါတယ်။ဗင်းဆင်းရဲ့ကံကြမ္မာဘယ်လောက်ဆိုးလိုက်ပါသလဲ။ဒါပေမဲ့ဗင်းဆင်းကတော့စိတ်မပျက်ပါဘူး။နောက်ထပ်သူ့ရဲ့သခင်ဟာမြေပိုင်ရှင်တစ်ဉီးပါ။သူကဗင်းဆင်းကိုအလင်းရောင်မရှိတဲ့ညစ်ပတ်နံစော်နေတဲ့တဲထဲမှာထားပြီးနေ့စဉ်ကျောက်မြေတွေကို

တူးခိုင်းပါတယ်။ဗင်းဆင်းမှာစကားပြောဖော်မရှိ၊မစ္ဆားတရားတော်မြတ်လဲမပူဇော်နိုင်တာအချိန်တွေတော်တော်ကြာနေပါပြီ။သူ့ရဲ့မွန်းကြပ်ပိတ်လှောင်မှုတွေကိုသီးချင်းအဖြစ်အသွင်ပြောင်းကာကျယ်လောင်စွာသီဆိုခြင်းဖြင့်ဖြေဖျောက်လေ့ရှိပါတယ်။ဗင်းဆင်းရဲ့သခင်ဟာဘာသာတရားပေါ့ဆနေတဲ့ခရစ်ယာန်တစ်ဉီးပါ။အခုလိုငယ်ရွယ်တဲ့ရဟန်းတော်တစ်ပါးရဲ့ကြိုးစားအား

ထုတ်မှုနဲ့သူသီဆိုတဲ့ဓမ္မသီချင်းတွေကသူတို့မိသားစုရဲ့နှလုံးသားကိုပျော့ပြောင်းလာစေပါတယ်။ဒီလိုနဲ့ယုံကြည်ခြင်းမှာပြန်လည်ရှင်သန်လာတဲ့သူ့သခင်ဟာဗင်းဆင်းကိုကျွန်အဖြစ်ကနေလွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ဗင်းဆင်းဟာနှစ်နှစ်တာကျွန်အဖြစ်နေခဲ့ပြီးနောက်ပြင်သစ်ကိုပြန်လည်ရောက်ရှိလာပါတယ်။ဒီနှစ်နှစ်တာမှာသူကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံအဖြစ်အပျက်တွေ

ကသူ့ရဲ့ဘဝကိုပြောင်းလဲပစ်လိုက်ပါတယ်။တစ်ချိန်တစ်ခါကအထက်တန်းလွှာလူတန်းစားတွေရဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ရဲတိုက်တွေမှာဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေထိုင်ရတာကိုခုံမင်ခဲ့ပေမဲ့အခုချိန်မှာတော့ဒုက္ခဝေဒနာခံထမ်းနေရတဲ့ဆင်းရဲသားတွေကိုအစေခံဖို့သူတို့အတွက်တစ်ခုခုလုပ်ပေးဖို့ဗင်းဆင်းတမ်းတလာခဲ့ပါတယ်။ကျွန်ဘဝရဲ့ဆိုးဝါးတဲ့အချိန်တွေဟာသူ့အတွက်

စစ်မှန်တဲ့ပြောင်းလဲမှုနဲ့ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေနိုင်ခဲ့ပါပြီ။ဒီနောက်မှာတော့ဗင်းဆင်းဟာပင်လယ်ဆိပ်ကမ်းတွေမှာကူလီလုပ်နေရတဲ့ကျေးကျွန်တွေဆီသွားတယ်။တုပ်နှောင်ခံနေရတဲ့ကျွန်တွေကိုလွတ်မြောက်ခွင့်ပေးဖို့ကြိုးစားတယ်။သူ့ရဲ့ကြိုးပမ်းမှုတွေမအောင်မြင်သေးပေမယ့်သူရဲ့သနားကြင်နာမှုတွေကြောင့်ဆင်းရဲသားကျေးကျွန်တွေအတွက်နှစ်သိမ့်မှုတွေတော့ခံစားခဲ့ပါတယ်။

ရဟန်းတော်ဗင်းဆင်းဟာချမ်းသာတဲ့တော်ဝင်မိသားစုနဲ့ရင်းနှီးကာပါရီမြို့ကကြီးမားတဲ့အိမ်ကြီးတစ်လုံးကိုအလှူရခဲ့ပါတယ်။သူတို့မိသားစုကတဆင့်ပြင်သစ်ဘုရင်နဲ့မိဖုရားအပါအဝင်ဿြဇာကြီးမားသူတွေနဲ့ပတ်သက်ခွင့်ရခဲ့ပါတယ်။နောက်ပိုင်းဆင်းရဲသားတွေကိုအကူအညီပေးရာမှာထိုသူတွေဟာဗင်းဆင်းအတွက်အထောက်အပံ့မဏ္ဏိုင်ကြီးတွေဖြစ်ခဲ့ပါတယ်။

ဒါ့အပြင်မဒမ်လူဝီးလ်ဆိုသူကလည်းသူမရဲ့ချမ်းသာကြွယ်ဝမှုတွေကိုဗင်းဆင်းလုပ်နေတဲ့ဆင်းရဲသားများအားကူညီထောက်ပံ့မှုအတွက်လှူဒါန်းကာသူမကိုယ်တိုင်ပူးပေါင်းပါဝင်ခဲ့ပါတယ်။ဗင်းဆင်းဟာဆင်းရဲသားတွေအတွက်စားစရာ၊အဝတ်အထည်၊ဆေးဝါးနဲ့ပညာသင်စရိတ်တွေကိုထောက်ပံ့ပေးပါတယ်။စိတ်ဒုက္ခခံစားနေရသူတွေဆီသွာရောက်ကာသူတို့ကိုနားထောင်

ပေးတယ်၊နှစ်သိမ့်ကြင်နာမှုတွေပေးခဲ့ပါတယ်။အဲဒီခေတ်အခါကပြင်သစ်ပြည်မှာပြည်တွင်းစစ်ပွဲကြီးဟာတစ်နှစ်ပတ်လုံးမရပ်မနားဖြစ်ပွားနေချိန်ပါ။စစ်သားတွေကကျွဲ၊နွားတိရိစ္ဆာန်တွေကိုသတ်ဖြတ်ပြီးသီးနှံတွေကိုဖျက်ဆီးကြပါတယ်။လူထောင်ပေါင်းများစွာဟာအစာငတ်မွတ်ခေါင်းပါးကြရပါတယ်။ရာသီဥတုဒဏ်ကိုမခံနိုင်တာကြောင့်အသက်ပေါင်းများစွာဆုံးရှုံးကြရ

ပါတယ်။ဒါကြောင့်အိမ်နဲ့လမ်းတွေပေါ်မှာသေကျေပုပ်ပွကြရပါတယ်။ရဟန်းတော်ဗင်းဆင်းဟာဒီဖြစ်ရပ်ဆိုးကြီးကို(၁၃)ကြိမ်မြောက်ဘုရင်လူဝီးထံလျောက်တင်ကာကယ်ဆယ်ရေးလုပ်ငန်းတွေကိုသူ့အဖွဲ့အစည်းတွေနဲ့စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ကြပါတယ်။ရဟန်းတော်ဗင်းဆင်းကတော့သူ့ရဲ့ဘဝတစ်လျောက်လုံးဆင်းရဲသားတွေကိုကူညီရင်း၁၆၆၀၊စက်တင်ဘာ၂၇မှာ

ပျံလွန်တော်မူခဲ့ပါတယ်။ယနေ့ကမ္ဘာမှာစိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့အစည်းဟာရဟန်းတော်၊သီလရှင်မျာနဲ့လူပုဂ္ဂိုလ်တွေစုပေါင်းကာဆင်းရဲသားများအားဆက်လက်ကူညီထောက်ပံ့လျက်ရှိပါတယ်။အာဗီအေမြန်မာဘာသာအစီအစဉ်ကိုကြည့်ရှုနားသောတဆင်နေကြသောပုဂ္ဂိုလ်တိုင်းလဲမိမိတို့နီးစပ်ရာကဆင်းရဲသားများကိုတတ်နိုင်သလောက်ကူညီထောက်ပံ့နိုင်ကြပါစေလို့၏

ဆုမွန်တောင်းရင်းတင်ဆက်ပေးလိုက်ပါတယ်။

rvamyanmar
rvamyanmar
Articles: 707

Leave a Reply

Your email address will not be published. Required fields are marked *