ဗာတီကန်အနေဖြင့်တရုတ်အစိုးရ၏အပြုသဘောဆောင်သည့်တုန့်ပြန်မှုအပေါ်ကြိုဆို

ဗာတီကန်အနေဖြင့်တရုတ်အစိုးရ၏အပြုသဘောဆောင်သည့်တုန့်ပြန်မှုအပေါ်ကြိုဆို

ဗာတီကန်အနေဖြင့် ယနေ့ (ဩဂုတ် ၂၇၊ ၂၀၂၄) Tianjin ဆရာတော် Melchior Shi Hongzhen အားလူမှုအရေးကိစ္စများအားလုပ်ဆောင်ခွင့်ကိုတရုတ်အစိုးရမှအပြုသဘောဆောင်သည့်တုန့်ပြန်မှုကိုကြားသိရ၍၀မ်းသာကြောင်းကြေညာခဲ့သည်။ ဤကြေညာချက်ကို ဗာတီကန်၏သတင်းပြန်ကြား ရေးရုံးမှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤတုန့်ပြန်ချက်သည် ဗာတီကန်နှင့်တရုတ်အစိုးရတို့နှစ်ပေါင်းများစွာစေ့စပ်ဆွေးနွေးခဲ့ခြင်း၏ရလာဒ်ဖြစ်ကြောင်းကိုဖော်ပြထားသည်။

ဆရာတော် Melchior Shi Hongzhen အား (၁၉၂၉) ခုနှစ်၌မွေးဖွားခဲ့ပြီး (ဇူလိုင် ၄၊ ၁၉၅၄) တွင် ရဟန်းသိက္ခာထပ်ခဲ့သည်။ ဆရာတော်အဖြစ် (ဇွန်လ ၁၅၊ ၁၉၈၂) ခုနှစ်၌ Tianjin သာသနာ၏လက် ထောက်အဖြစ်သိက္ခာထပ်ခဲ့သည်။ (ဇွန်လ ၂၀၁၉) တွင် ဆရာတော် Stefano Li Side ၏အရိုက်အရာကိုဆက်ခံခဲ့သည်။ Tianjin ဂိုဏ်းအုပ်သာသနာအတွင်း၌ ဘာသာတူ (၅၆၀၀၀) ခန့်ရှိပြီး၊ သာသနာအုပ်စုငယ် ပေါင်း (၂၁) ခု၊ ရဟန်းတော် (၆၂) ပါးနှင့်သီလရှင်များအမှုထမ်းလျှက်ရှိသောဂိုဏ်းအုပ်သာသနာတစ်ခုဖြစ် ကြောင်းသိရပါသည်။

အာဗီအေဘာသာပြန် – ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/q6OAz

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *