ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်း၌ဘာသရေးလွတ်လပ်ခွင့်ရှိရေးတောင်းဆိုလိုက်

ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်း၌ဘာသရေးလွတ်လပ်ခွင့်ရှိရေးတောင်းဆိုလိုက်

ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သောတနဂ်နွေနေ့မွန်းတည့်ချိန် အန်ဂျေလူးမေတ္တာဆိုစဉ် ၌ ယူကရိန်းနိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့်ရှိစေရေး တောင်းဆိုလိုက်သည်။ အဘယ်ကြောင့်တောင်းဆိုရသနည်းဟုမူ ယူကရိန်းပါလီမန်၌ ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားနိုင်ငံနှင့်ချိပ်ဆက်ထားသော ဩသိုဒေါ့စ် ခရစ်ယာန်များအား ဘာသာရေး၀တ်ပြုခြင်းများကိုပိတ်ပင်ရန်ဆုံးဖြတ်ခဲ့သည့်အချက်ကြောင့်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်က ‘ကျွန်ုပ်အနေဖြင့် ယူကရန်း-ရုရှားစစ်အား စိတ်မကောင်းခြင်းကြီးစွာဖြင့် စတင်ဖြစ်ပွားသည့်နေ့မှစ၍ယခုထိတိုင်ဖြစ်စဉ်အားလုံးကိုမျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိကြောင်း၊ ယူကရိန်းပါလီမန်မှမကြာမီကဆုံးဖြတ်ချမှတ်လိုက်သော ဥပဒေကြောင့် ကျွန်ုပ်အနေဖြင့်နိုင်ငံအ တွင်း၌ရှိနေသောရုရှားဩသိုဒေါ့စ်ခရစ်ယာန်များ၏ဘာသရေးလွတ်လပ်မှုကိုပိတ်ပင်ထိန်းချုပ်ရာရောက်မည်ကိုလွန်စွာစိုးရိမ်နေကြောင်း၊ ဘာသာရေးခံယူချက်မှန်ကန်စွာဖြင့်ဆုတောင်းသောသူများသည် အားလုံးအ တွက်ထည့်သွင်းဆုတောင်းပေးကြမည်ဖြစ်ကြောင်း၊ အမှန်တကယ်ဆုတောင်းသောသူသည် ဆုတောင်းခြင်း ၏အင်အားတန်ခိုးကြောင့် မကောင်းမှုကိုမကျူးလွန်နိုင်ကြောင်း၊ အကယ်၍ နိုင်ငံသားများအားကာကွယ်ရမည့်အစိုးရတစ်ရပ်သည် မိမိနိုင်ငံသားများ၏အခွင့်အရေးကိုချိုးဖောက်ပြီး မကောင်းကြံစည်ခြင်းအားဖြင့်ထို မကောင်းမှုအတွက်အပြစ်ဒဏ်ခံရမည်ဖြစ်သည်။

ထို့ကြောင့် ဆုတောင်းရန်ဆန္ဒရှိသူတို့ကို ဆက်လက်၍ လွတ်လပ်စွာဖြင့် ၄င်းတို့၏ဘုရားကျောင်းဆောင်များ၌ဆုတောင်းခွင့်ကိုပြုပေးရန်၊ မည်သည့်ခရစ်ယာန်အသင်းအဖွဲ့အား တိုက်ရိုက် (သို့) သွယ်၀ိုက်၍ဖျက်သိမ်းခြင်းကိုကျေးဇူးပြုမပြုကြပါရန်၊ ဘုရားရှိခိုးကျောင်း ဆောင်များသည် ဖျက်ဆီး၊ ဖျက်သိမ်းသင့်သောအဆောက်အဦးမဟုတ်ကြောင်းတောင်းဆိုခဲ့သည်။

ယူကရိန်းမြို့တော်၏ဆုံးဖြတ်ချက် (Kyiv’s decision)

ယူကရိန်းပါလီမန်၌ ဩဂုတ်လ (၂၀) ရက်နေ့က ဩသိုဒေ့ါစ်ခရစ်ယာန်များအား ယူကရိန်းနိုင်ငံအတွင်ဆက်လက်ထားရှိခြင်း၊ မထားခြင်းနှင့်စပ်လျင်း၍မဲခွဲဆုံးဖြတ်ခဲ့သည်။ ယခုကဲ့သို့တရား၀င်ကြေ ညာချက်မထွက်လာမီပင် ရုရှားဩသိုဒေါစ်ခရစ်ယာန်တို့သည်ကိုးလကြာဆိုးရွားစွာရှင်သန်ဖြတ်ခဲ့ရကြောင်း၊ ဤဆုံးဖြတ်ချက်ကြောင့် ရုရှားအစိုးကချက်ချင်းပင်လက်တုန့်ပြန်ခဲ့သည်။ ယခုကဲ့သို့ဘာသာရေးလွတ်လပ်မှုကိုပိတ်ပင်ခြင်းသည် အကြမ်းဖက်ခြင်းကိုလူမြင်ကွင်း၌ပင်မရှောင်ပြုရာရောက်ပေမည်။ ထို့အတူ နိုင်ငံတ ကာ၏ဥပဒေနှင့်လည်းဆန့်ကျင့်နေပေမည်။

ငြိမ်းချမ်းရေးအတွက်ဆုတောင်းကြစို့။ (Prayers for peace)

ရဟန်းမင်းကြီးဖရန်စစ်သည်ဆက်လက်၍ ယူကရိန်း၊ အီစ္စရေး၊ ပါလက်စတိုင်း၊ မြန်မာနှင့်စစ်ပွဲများဖြစ်ပွားနေသော ကမ္ဘာကြီး၏မည်သည့်အစစ်အပိုင်း၌မဆို စစ်ပွဲများချက်ချင်းရပ်တန့်ပေးရန်နှင့်စစ် ပွဲကြောင့် ဒုက္ခ၊ ရောဂါ‌ေ၀ဒနာမှသည် ဒုက္ခများကိုပြည်သူများခံစားနေရကြောင်း၊ ကမ္ဘာသူကမ္ဘာသားများ သည် ငြိမ်းချမ်းရေးကိုသာလိုလားသည်။ တောင်းခံနေကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏တောင်လျှောက်ခြင်းကိုနားညောင်းကောင်းချီးပေးပါစေဟုမိန့်ကြားရင်းအဆုံးသတ်ခဲ့ပါသည်။

အာဗီအေဘာသာပြန် – ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/aYA8N

rvamyanmar
rvamyanmar
Articles: 642

Leave a Reply

Your email address will not be published. Required fields are marked *