ရဟန်းမင်းကြီးဖရန်စစ်မာလ၀ီသမ္မတအားဗာတီကန်၌လက္ခံတွေ့ဆုံ

ရဟန်းမင်းကြီးဖရန်စစ်မာလ၀ီသမ္မတအားဗာတီကန်၌လက္ခံတွေ့ဆုံ

ယခုတစ်ပတ်တနလ်ာနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည်မာလ၀ီနိုင်ငံ၏သမ္မတ Lazarus McCarthy Chakwera အား ဗာတီကန်ရှိ ရဟန်းမင်းကြီး၏ရုံးခန်း၌လက္ခံတွေ့ဆုံခဲ့သည်။ ထို့အတူ ဗာတီကန်၏အတွင်းရေးမှူး ကာဒီနယ် Pietro Parolin၊ ဗာတီကန်၏နိုင်ငံတကာရုံးတော်အတွင်းရေးမှူး Paul Richard Gallagher တို့နှင့်လည်းတွေ့ဆုံခဲ့သည်။

ဗာတီကန်၏သတင်းပြန်ကြားရေးရုံးတော်မှသတင်းထုတ်ပြန်ချက်အရ ဗာတီကန်နှင့်မာလ၀ီ နှစ်နိုင်ငံကြား ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း၊ ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း၊ မာလ၀ီနိုင်ငံ၏နိုင်ငံ ရေး၊ လူမှုစီးပွားရေးအခြေအနေများအကြောင်းဆွေးနွေးခဲ့ကြောင်း၊ ကက်သလစ်သာသနာနှင့်လက်တွဲ၍ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေး၀မ်းကျောင်းပညာများကိုလုပ်ဆောင်နေကြောင်းများကိုဆွေးနွေးခဲ့ကြောင်းနှင့်ဒေသအကျိုးအတွက်နှစ်ဖက်လုံး၏အစီအစဉ်များကိုလည်းကောင်း၊ နိုင်ငံတကာအရေးကိစ္စများနှင့်စပ်လျင်း၍လည်း ပြည်သူများကြား ပွင့်လင်းရိုးသားသောတွေ့ဆုံဆွေးနွေးခြင်းနှင့်ရင် ကြားစေ့ရေးတို့ကိုတိုးမြှင့်လက်ဆောင်ရန်လိုအပ်ကြောင်းများကိုဆွေးနွေးခဲ့ကြသည်။

လက်ဆောင်များဖလှယ်ခြင်း (Exchange of gifts)

အစဥ်အလာအတိုင်းပင် ရဟန်းမင်းကြီးနှင့်မာလ၀ီသမ္မတတို့သည် ပြင်ဆင်ထားသောလက် ဆောင်များဖလှယ်ခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်က ဒုက္ခသည်များ၏ဘ၀အဖြစ်မှန်ကိုထင်ဟပ်ပေါ် လွင်စေသော လက်နှစ်ဖက်တွဲထားသည့် ကြေး၀ါပန်းပုလက်ရာတစ်ခုကိုပေးခဲ့သည်။ ထိုလက်နှစ်ဖက်သည် မိခင်တစ်ဦးကသူ၏ရင်သွေးအားတွဲလျှက် ဒုက္ခသည်လှေတစ်စင်းနှင့်အတူတွေ့ရသောလက်ရာကိုလက် ဆောင်အဖြစ်ပေးခဲ့သည်။ ထိုပန်းပုလက်ရာပေါ်၌ ‘Let’s fill our hands with other hands’ (ကျွန်ုပ်တို့၏ လက်အားအခြားသူများ၏လက်များဖြင့်ပြည့်စေကြစို့) ဟုရေးထိုးထားသည်။ အဆိုပါပန်းပုလက်ရာအားစိန့်ပီတာရင်ပြင်နောက်ခံထား၍ရေးဆွဲထားသည်။

၄င်းအပြင် ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၄) ငြိမ်းချမ်းရေးသတင်းစကားပါးထားသောစာ အုပ်တစ်အုပ်နှင့် (၂၀၂၀) က ဗာတီကန်မှပုံနှိပ်ထုတ်‌ေ၀ခဲ့သော ‘Statio Orbis’ (ကမ္ဘာ့ကြီး၏အခြေအနေ) စာအုပ်ကိုလည်းလက်ဆောင်ပေးခဲ့သည်။ (LEV)

မာလ၀ီသမ္မတကမူ သစ်သားဖြင့်ထွင်းထုထားသော မာလ၀ီမြေပုံပန်းပုလက်ရာကိုလက် ဆောင်အဖြစ်ပြန်လည်ပေးအပ်ခဲ့သည်။ ဤပန်းပုလက်ရာကို မာလ၀ီပန်းပုဆရာများမှနိုင်ငံအတွင်းရှိအဓိက မြို့ကြီများ၏တည်နေရာနှင့်နိုင်ငံတစ်၀ှမ်း၌မှီသင်းကျက်စားနေသော တိရစ္ဆန်များကိုအနုစိတ်၍ထည့်သွင်းရေးဆွဲထားသောပန်းပုလက်ရာတစ်ခုဖြစ်သည်။

အာဗီအေဘာသာပြန် – ဖာသာရ်ကလဲမင့်အားတယ်

rvamyanmar
rvamyanmar
Articles: 642

Leave a Reply

Your email address will not be published. Required fields are marked *