ရဟန်းမင်းကြီးသည် အစီအစဉ်တစ်ခု အားရောက်လေရာရာ၌အမြဲပြုလေ့ရှိဟုဆို

ရဟန်းမင်းကြီးသည် အစီအစဉ်တစ်ခု အားရောက်လေရာရာ၌အမြဲပြုလေ့ရှိဟုဆို

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ပြည်တွင်းပြည်ပတမန်တော်ခရီးစဉ်များ၌ အစီအစဉ်များစွာကို စနစ်တကျရေးဆွဲ၍ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများနှင့်မျက်ခြေမပြတ်တွေ့ဆုံလေ့ရှိ သည်။ အဆိုပါအစီအစဉ်များအနက် ဒေသအတွင်းသာသနာအမှုထမ်းနေသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဦးပဥ္စင်းများ၊ ကတိသစ္စာသုံးပါးခံသူတော်စင်များ၊ ရဟန်းလောင်းကိုရင်များ၊ ဓမ္မဆရာ၊ ဆရာ မများနှင့်လည်းတွေ့ဆုံလေ့ရှိသည်။

ထိုသို့တွေ့ဆုံလေ့ရှိသော်လည်း ထူးထူးခြားခြားတွေ့ဆုံမှုကိုလည်းရောက်ရှိလေရာနေရာအတော်များများ၌အစီအစဉ်တစ်ခုအနေဖြင့်ထည့်သွင်းတွေ့ဆုံလေ့ရှိသည့်သာသနာပြုအဖွဲ့တစ်ဖွဲ့ရှိပါသည်။ ထိုအဖွဲ့သည် ‘the Society of Jesus (or) the Companions of Jesus (or) Jesuits’ ဟုခေါ်သော ‘ယေဇူးသခင်၏ မိတ်ဆွေများအသင်း (သို့) ယေဇူးသခင်၏အသင်း၀င်များ (သို့) ဂျက်ဆွီစ်’ ဟုလူသိများသောသာသနာပြု အသင်းကြီးဖြစ်ပါသည်။ ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်သည် ဆရာတော်သိက္ခာမထပ်မီအချိန်ထိ ဂျက်ဆွီစ်အသင်း၀င်ဖြစ်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အင်ဒိုနီးရှားသို့ စက်တင်ဘာလ (၃) ရက်နေ့ကရောက်ရှိလာခဲ့ သည်ဆိုသော်လည်း ထိုနေ့နံနက်နောင်းပိုင်းမှ ဒေသစံတော်ချိန် (၁၁) နာရီကျော်မှရောက်ရှိလာခဲ့၍ မည်သည့်အစီအစဉ်မျှလုပ်ဆောင်ခြင်းမရှိဘဲ အစီအစဉ်များစွာဖြင့်ပွဲဦးထွက်ရမည့် ဗုဒ္ဓဟူးနေ့အတွက်ပြင်ဆင်ရင်း အေးအေးလူလူအနားယူစေခဲ့ပါသည်။
ယမန်နေ့ စက်တင်ဘာလ (၄) ရက်နေ့ ဗုဒ္ဓဟူးနေ့က ရဟန်းမင်းကြီးသည် အင်ဒိုနီးရှားနိုင်ငံ၌ သီတင်းသုံးနေစဉ်ဆောင်ရွက်ရန်ရေးဆွဲထားသော တစ်နေ့တာအစီအစဉ်များစွာကိုစတင်ခဲ့သည်။ ထိုအစီအ စဉ်များအနက် အင်ဒိုနီးရှားနိုင်ငံအတွင်းသာသနာပြုနေသော ဂျက်ဆွီစ်ဘုန်းတော်ကြီးအသင်း၀င်များနှင့်လည်းတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ဂျာကာတာရှိ ရဟန်းမင်းကြီးခေတ္တသီတင်းသုံးနေသော ရဟန်းကိုယ်စာလှယ်၏ရုံး၌တွေ့ဆုံခဲ့သည်။ ဤသို့တွေ့ဆုံရာ၌ သက်တော် (၈၉) နှစ်ရှိပြီဖြစ်သော ဂျက်ဆွီစ်အသင်း၀င်ဖြစ်သော ကာဒီနယ် Julius Riyadi Darmaatmadja လည်းတက်ရောက်ခဲ့သည်။ ကာဒီနယ်သည် ဂျာကာတာဂိုဏ်းချုပ်သာသနာ၏သာသနာပိုင်အဖြစ် (၁၉၉၆ – ၂၀၁၀) အထိအမှုထမ်းခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မေးမြန်းလိုသောမေးခွန်းများကိုမေးမြန်းဖြေကြပြီး တွေ့ဆုံချိန်တစ်နာရီခန့်ကြာမြင့်ခဲ့သည်။

တွေ့ဆုံခြင်းသည် လွန်စွာလွတ်လပ်ပေါ့ပါးသည်။ သူတော်စင်မိသားစုနှင့်ဆုံတွေ့ရသော ကြောင့် ၄င်းတို့၏ကျင့်စဉ်အတိုင်း ‘recreation’ အချိန်ကိုဖြတ်သန်းသကဲ့သို့ မိမိသီတင်းသုံးရာကျောင်းတိုက်ကဲ့သို့ခံစားရစေသည်။ အသင်းသားများနှင့်ဆုံတွေ့ရခြင်းမှရဟန်းမင်းကြီးကိုအားဖြစ်စေခဲ့သောအချက်ကား သင်တန်းကျောင်း၌လူငယ်များစွာကိုတွေ့ရခြင်းဖြစ်သည်။ ထို့အတူ မိမိတို့၏ခေါ်တော်မူခြင်းကိုသေချာစွာဆန်းစစ်ရန်နှင့်ဆုတောင်းခြင်းကိုအားပြုတည်ဆောက်ရန်ဖြစ်သည်။

ရဟန်းမင်းကြီးက ဆုတောင်းခြင်းအကြောင်းကိုမိန့်ကြား၍ သင်တန်းကျောင်း၌ရှိအသက်အငယ်ဆုံးတစ်ဦးက ရဟန်းမင်းကြီးအနေဖြင့် တစ်နေ့တာအတွင်များပြားလှသည့်အစီအစဉ်များကြား ဆုတောင်းခြင်းကိုအဘယ်သို့အချိန်ပေးကြောင်းကိုမေးမြန်းရာ ရဟန်းမင်းကြီးက လမ်းညွှန်မှုအချို့ကိုပေးခဲ့ပါသည်။ ရဟန်းမင်းကြီးသည် အရှေ့တီမောနှင့်စင်ကာပူနိုင်ငံမှဂျက်ဆွီစ်အသင်း၀င်များနှင့်လည်းတွေ့ဆုံရန် အစီအစဉ်ရှိသည်။

ရဟန်းမင်းကြီးက ဂျက်ဆွီစ်အသင်းသည် သုညသာသနာမြေဟုခေါ်သော နွမ်းပါးချို့တဲ့သည့် သာသနာနယ်ကိုချစ်သည်ဟုလည်း အသင်း၏ဦးတည်ချက်ကိုမျက်ခြေမပြတ်ရန်မိန့်ကြားခဲ့သည်။

ဤသို့ရဟန်းမင်းကြီးနှင့်ရင်းနှီးပွင့်လင်းစွာတွေ့ဆုံစဉ် ပြောဆို၊ ဆွေးနွေး၊ မေးမြန်းဖြေကြားချက်အသေးစိတ်ကိုမူ ရဟန်းမင်း ကြီးပြန်ကြွသွားပြီးနောက် တစ်ပတ်၊ နှစ်ပတ်အကြာ ဂျက်ဆွီစ်အသင်းမှပုံမှန်ထုတ်‌ေ၀လျှက်ရှိသော ‘La Civiltà Cattolica’ ဂျာနယ်တွင်အပြည့်အစုံဖော်ပြမည်ဖြစ်ကြောင်း ရဟန်းမင်းကြီး၏ပညာရေးနှင့်ယဉ်ကျေးမှုဌာန၏လက်အောက်အတွင်းရေးမှူးဖြစ်သော Fr. Antonio Spadaro ဖြေကြားခဲ့သည်။ Fr. Antonio Spadaro သည်လည်းဂျက်ဆွီစ်အသင်း၀င်ဘုန်းကြီးတစ်ပါးဖြစ်သည်။

အာဗီအေဘာသာပြန် – ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/WaPpw

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *