အဂ်လန်နိုင်ငံနှင့်‌ဝေလပြည်နယ်အတွက်မယ်တော်ပွဲကိုအဆင့်တိုးမြှင့်ကျင်း ပခွင့်ကိုဗာတီကန်ခွင့်ပြုလိုက်

အဂ်လန်နိုင်ငံနှင့်‌ဝေလပြည်နယ်အတွက်မယ်တော်ပွဲကိုအဆင့်တိုးမြှင့်ကျင်း ပခွင့်ကိုဗာတီကန်ခွင့်ပြုလိုက်

ဗာတီကန်အနေဖြင့် အဂ်လန်နိုင်ငံနှင့်‌ဝေလသာသနာအတွင်း Our Lady of Walsigham (Walsigham မယ်တော်) ကိုပွဲအဖြစ်ကျင်းပရန်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် အဂ်လန်နိုင်ငံအတွင်း၌ Our Lady of Walsigham ပွဲနေ့ကို ယခုနှစ် လာမည့် (စက်တင်ဘာလ) ခုနှစ်မှစတင်ကျင်းပသွားတော့မည်ဖြစ်သည

ဤအကြောင်းအရာကို ၀တ်ပြုခြင်းနှင့်စက္ကရာမင်တူးဆိုင်ရာရဟန်းမင်းကြီး၏ရုံးတော်တာ ၀န်ခံ ကာဒီနယ် Arthur Roche က အဂ်လန်နိုင်ငံ၏ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သူ ကာဒီနယ် Vincent Nichols ထံသို့စာရေးအကြောင်းကြားခဲ့သည်။ ဤသို့ခွင့်ပြုပေးရန် ကာဒီနယ် Vincent Nichols က ယခင်နှစ်ကစာရေး၍လျှောက်ထားခဲ့သည်။ ယခင်နှစ်အထိဤပွဲတော်ကို အမိသာသနာတော်ကြီး၏ပွဲတော် (၄) မျိုးအနက် တတိယအမျိုးအစားဖြစ်သည့် ‘Memorial’ ဖြင့်သာကျင်းပလာခဲ့သည်။ ယခုခွင့်ပြုချက်ကြောင့် ပွဲတော်၏ဒုတိယအဆင့်ရှိ ‘Feast’ အမျိုးအစားသို့တိုးမြှင့်သွားသည်။

ဤမယ်တော်သည် အဂ်လန်နိုင်ငံနှင့်‌ေ၀ပြည်နယ်အတွက် သာသနာ၏သမိုင်းကြောင်းအရအလွန်အရေးသည်။ အမိမယ်တော်အားသဒ္ဓါကြည်ညိုလာခဲ့သောခုနှစ်ကိုပြန်လည်ရေတွက်မည်ဆိုလျှင် နှစ်ပေါင်းတစ်ထောင်ကျော်ခဲ့ပြီဖြစ်သည်။ အမိမယ်တော်၏ဗိမာန်တော်ကို (၁၀၆၁) ခုကတည်ဆောက်ခဲ့သည်။ Pynson Ballad ၏မှတ်တမ်းအရ မယ်တော်အားသဒ္ဓါကြည်ညိုသော လူကုံထအမျိုးသမီးတစ်ဦးဖြစ်သော Richeldis de Faverches က အမိမယ်တော်နှင့်အားဂုဏ်ပြုလို၍ အကယ်၍အလိုတော်ရှိလျှင်သူ့အားတစ်ခုခုနိမိတ်လက္ခဏာပြသရန်တောင်း လျှောက်ခဲ့သည်။

ထိုသို့ဆုတောင်းခဲ့သည့်အတိုင်းပင် အမိမယ်တော်သည် လူကုံထံအမျိုးသမီးအားကိုယ်ယောင်ထင်ရှားပြခဲ့သည်။ ထိုရူပါရုံ၌ အမိမယ်တော်သည် ဘုရားသခင်၏သိကြားတမန်အမိန့်တော်ပြန်ခဲ့သည့် နာဇရက်မြို့မှသန့်ရှင်းသောအိမ်ထောင်စုနေထိုင်ခဲ့သည့် မိသားစုအိမ်ကိုအမျိုးသမီးအားဖူးတွေ့စေခဲ့သည်။ ထိုအိမ်နှင့်တူအောင်ဗိမာန်တော်ကိုတည်ဆောက်ပေးရန်တောင်းခံခဲ့သည်။ ဤသို့အားဖြင့် အမိန့် တော်ပြန်ကြားခဲ့သော သန့်ရှင်းသောအိမ်ကိုထာ၀ရအမှတ်ရနေမည်ဖြစ်သည်။

ဤမယ်တော်၏ပွဲနေ့ကို ပွဲကြီးအဖြစ်သို့တိုးမြှင့်ပေးလိုက်ခြင်းကြောင့် အလဂ်န်နှင့်‌ေ၀လပြည်နယ်မှကက်သလစ်ဘာသာတူများ၏ယုံကြည်ခြင်း၊ နိုင်ငံအတွင်း ဧ၀ံဂေလိအမှုတော်ထမ်းဆောင်ရာ၌ စိတ်အားပိုမိုထက်သန်လာခြင်း၊ အမိမယ်တော်အားပုံတုယူခြင်း၊ အမိမယ်တော်ကဲ့သို့ ယေဇူသခင်၏တပည့် စစ်ဖြစ်လာအောင်ကြိုးစားလိုစိတ်များဖြစ်ပေါ်လာမည်ဟုမျှော်လင့်ကြောင်း၊ ဧ၀ံဂေလိတရားကိုကြားသိရပြီးနောက် နှလုံးသားထဲ၌ရတနာသဖွယ်သိမ်းဆည်းထားနိုင်ရန်နှင့်အဆင်ထောက်ရူဆင်ခြင်လာကြမည်ဟုမျှော်လင့်ကြောင်း၊ ဤပွဲတော်သည် အဂ်လန်နှင့်‌ေ၀လပြည်နယ်၏၀တ်ပြုခြင်းဆိုင်ရာလမ်းညွှန်ပြက္ခဒိန်၌ ‘Feast’ အမျိုးအစားအဖြစ် တရား၀င်ထည့်သွင်းဖော်တော့မည်ဖြစ်ကြောင်းကာဒီနယ် Roche ကရှင်းပြသွားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/FzhhP

rvamyanmar
rvamyanmar
Articles: 1

Leave a Reply

Your email address will not be published. Required fields are marked *