အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၌ကျွန်စနစ်ဖျက်သိမ်းသည့်နှစ်ပတ်လည်နေ့ကျင်းပ

အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၌ကျွန်စနစ်ဖျက်သိမ်းသည့်နှစ်ပတ်လည်နေ့ကျင်းပ

ဇွန်လ (၁၉) ရက်နေ့သည် အမေရိကန်နိုင်ငံအတွက်လည်း သမိုင်း၀င်နေ့တစ်နေ့ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့သည် လွန်ခဲ့ သော (၁၈၆၅) ခုနှစ်က လူ့အသိုင်းအဝိုင်း ၌ဖိနှိပ်ခံ၊ ရောင်းကုန်လူတန်းစားတစ် ရပ်အဖြစ်ရှိနေခဲ့ ကျွန်စနစ်ဖျက်သိမ်းခဲ့သည့်နေ့ဖြစ်သည်။ ထိုနေ့ကိုယခင်က တက်ဆက်စ်ပြည်နယ်တစ်ခုတည်း၌သာ ပြည်သူ့အားလပ်ရက်အဖြစ်သတ်မှတ်ကျင်းပခဲ့သော်လည်း (၂၀၂၁) နောက်ပိုင်းမှစ၍အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၏အားလပ်ရက်အဖြစ်သတ်မှတ်ကျင်းပစေခဲ့သည်။

ထိုနေ့၌ပင် ရဟန္တာအဖြစ်တင်မြောက်နိုင်ရန်အတွက် စီစစ်နေသော ရဟန္တာဖြစ်ရန်အဆင့် (၄) ဆင့်ရှိသည့်အနက် ဒုတိယအဆင့်၌ရှိနေသော ကြည်ညိုထိုက်သူ (Venerable) Augustus Tolton အားလည်းအမှတ်ရကျင်းပလေ့ရှိသည်။

သူသည် အာဖရိကနွယ်ဖွားအမေရိကန်နိုင်ငံသားများအနက် ပထမဦးဆုံးသော ကက်သလစ်ရဟန်းတော်တစ်ပါးဖြစ်သည်။ သူ့အားကျွန်အဖြစ်ဇာတ်သွင်းခံထားရသောမိဘနှစ်ပါးမှ (၁၈၅၄) တွင်မွေးဖွားခဲ့သည်။ သူရဟန်းတစ်ပါးဖြစ်လာရန်လျှောက်လမ်းမှာ စိန်ခေါ်မှုများစွာဖြင့်ကြုံကြိုက်ခဲ့ရသည်။ စိန်ခေါ်မှုများအနက် လူမျိုးရေးခွဲခြားသည့်စိန်ခေါ်မှုသည်လွန်စွာကြီးမားပြင်းထန်ခဲ့သည်။ အမေရိကန်လူမျိုးများပညာသင်ကြားသော ရဟန်းဖြစ်တက္ကသိုလ်၌သူ့အားလက်မခံခဲ့ပေ။ သို့သော်သူသည်လက်မလျော့ခဲ့ဘဲ အီတလီနိုင်ငံသို့အရောက်သွားကာ အခြေအနေကိုရအောင်ဖန်တီးပြီး (၁၈၈၆) တွင် ရောမ၌ပင်ရဟန်းသိက္ခာကိုထပ်ခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် သူသည်မွေးရပ်မြေသို့ပြန်လာပြီး ချီကာဂိုရှိ သူနှင့်ဇာတ်တူသူများဟုသတ်မှတ်ထားသည့်ဘာသာတူအသိုင်းအ၀ိုင်းကြား၌အမှုတော်ထမ်းခဲ့သည်။ သူ၏သာ သနာအုပ်စုကို စိန့်မောနီကားသာသနာအုပ်စုဟုအမည်ပေးခဲ့သည်။

သူသည် (၁၈၉၇) ရဟန်းတော်များ၏ဥ ပုသ်သီတင်းဆောက်တည်အပြီးအပြန်၌ ယာဉ်မတော်တဆဖြစ်ကာ သက်တော် (၄၃) ၌ပျံ လွန်သွားခဲ့သည်။ သူသည် ဘာသာစကားနှင့်မြူးစိအရာ၌လွန်စွာထူးချွန်သူဖြစ်သည်။ သူ၏ငယ်စဉ်ဘ၀ကိုယှဉ်၍ လူ့အသိုင်းအ၀ိုင်း၌အခွင့်အရေးများဆုံး ရှုံးနေသူများ၊ ချို့တဲ့နွမ်းပါးသူများအားကူညီရင်းယုံကြည်ခြင်းကိုဟောကြားပြန့်ပွားခြင်းအမှုကိုဆောင်ရွက်ခဲ့သည်။ သူ့အား (၂၀၁၁) ခု၌ ချီကာဂိုဂိုဏ်းချုပ်သာသနာမှ ရဟန္တာအဖြစ်တင်မြောက်နိုင်ရန်စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရေး ဗာတီကန်မှခွင့်ပြုချက်ရယူခဲ့သည်။

(၂၀၁၉) ခုနှစ်၌ ရဟန္တာတင်မြောက်ခြင်း၏ ဒုတိယအဆင့်ဖြစ်သော ‘ကြည်ညိုထိုက်သူ’ (Venerable) အဖြစ်ရဟန်းမင်း ကြီးဖရန်စစ်မှကြေညာခဲ့သည်။ ရဟန္တာဖြစ်လာရန် သူတော်မြတ်အဆင့်နှင့်ရဟန္တာအဖြစ်ကြေညာခ့ရခြင်းအဆင့် (၂) ဆင့်ကျန်ရှိသေးသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

(Shalom World news)

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *