သူတော်မြတ် ကာလိုအာကူးတစ် ကို ရဟန္တာတင်မြှောက်ဘို့ ဗာတီကန်က မီးစိမ်းပြ အတည်ပြုလိုက်ပါပြီ။
သူတော်မြတ် ကာလိုအာကူးတစ် ကို ရဟန္တာတင်မြှောက်ဘို့ ဗာတီကန်က မီးစိမ်းပြ အတည်ပြုလိုက်ပါပြီ။
ကမ္ဘာတ၀ှမ်းက ကက်သလစ်ဘာသာ၀င်တွေရဲ့ ဆုတောင်းမေတ္တာပြည့်၀ခဲ့မှုတွေအားဖြင့် အခုဆိုရင် ခေတ်သစ် လူငယ်ရဟန္တာလေးဖြစ်လာတော့မယ့် ဂျင်းပဲန် နဲ့ လူငယ်လေးလို့ ခေါ်ကြတဲ့ ကာလိုအာကူးတစ် ဆိုတဲ့ သူတော်မြတ် လေးကို ရဟန္တာတင်မြောက်ဘို့ ပါပါးဖရန်စစ်က အတည်ပြုလိုက်ပါပြီ။
ဗာတီကန်နန်းတော်မှာ ဂျူလိုင် ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကာဒီနယ်ကြီးများရဲ့အထူးအစည်းအဝေး မှာ အခြား ရဟန္တာ ဖြစ်လာမယ့် ၁၄ ပါးနဲ့အတူ ပါပါးဖရန်စစ်က အတည် ပြုလိုက်တာလည်းဖြစ်ပါတယ်။
လူငယ်များရဲ့ အချစ်တော်လေး ရဲ့ ရဟန္တာတင်မြှောက်ပွဲဟာဆိုရင် လာမဲ့ ၂၀၂၅ ဂျူဗလီ နှစ်မှာဖြစ်မှာဖြစ်ပြီး ပထမဆုံး အင်တာနက်ခေတ်သစ်ရဟန္တာလေး ဖြစ်လာမှာပါ။
အခြား အတည်ပြုခံရတဲ့ သူတော်မြတ်များကတော့ ၁၈၆၀ ခုနှစ်က ဆီးရီးယား ပြည်တွင်းစစ်မှာ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ကြသူများဖြစ်ကြပြီး Consolata Missionaries အသင်းဂိုဏ်းကိုတည်ထောင်သူ Fr. Giuseppe Allamano နဲ့ the Oblates of the Holy Spirit အသင်းဂိုဏ်းကိုတည်ထောင်သူ Sister Elena Guerra စတဲ့ အီတလီ လူမျိုး ၂ ပါးလည်းပဲ ရဟန္တာတင်မြှောက် ခွင့် အတည်ပြုခံရသူများထဲမှာ ပါ၀င်တာ ဖြစ်ပါတယ်။
ဘာသာပြန် = စစ္စတာရ်လူစီယားသန္တာအောင် ၊ SJA
#BlessedCarloAcutis #YouthSaint #CarloAcutis
#rvamynmar