ကက်သလစ်မီဒီယာဆုကို Shalom World News မှဆွတ်ခူးရရှိ

ကက်သလစ်မီဒီယာဆုကို Shalom World News မှဆွတ်ခူးရရှိ

ကမ္ဘာ့ကက်သလစ်သတင်းနှင့်စပ်လျင်း၍ အားထားရသော သတင်းစာမျက်နှာများစွာအနက် Shalom World News လည်းတစ်ခုအပါဖြစ်ပြီး မီဒီယာဆုရရှိခဲ့သည်။

အဆိုပါ သတင်းမီဒီယာဆု၏အမည်မှာ ‘Prestigious Catholic Media Association Award 2024’ (၂၀၂၄ ခုနှစ်၏ဂုဏ်သိက္ခာအရှိဆုံးကက်သလစ်သတင်းမီဒီယာဆု) ဖြစ်ပါသည်။ ဤဆုကို Atlanta မြို့၌ ကြေညာမည်ဖြစ်သည်။ Atlanta မြို့သည် အမေရိကန်ပြည်ထောင်စု၊ အရှေ့တောင်ပိုင်းပြည်နယ်ဖြစ်သော Georgia ပြည်နယ်၏အကြီးဆုံးမြို့တစ်မြို့ဖြစ်သည်။ ပြည်နယ်၏စီးပွားကူးသန်းရေးနှင့်သယ်ယူပို့ဆောင်ရေးအဓိကကျသောမြို့လည်းဖြစ်သည်။

ဤဆုအတွက် Shalom World News သည် တစ်ပြေးနေသည်။ ဤသတင်းစာမျက်နှာသည် ပြီးခဲ့သောနှစ်များက အမေရိကန်ပြည်ထောင်စု၏ မြောက်ပိုင်းအခြေစိုက်သတင်းစာမျက်နှာများအနက်အကြောင်းအရာများစွာအပေါ်မူတည်၍ ဆုတံဆိပ် (၅) ခုရရှိထားသောသတင်းစာမျက်နှာတစ်ခုလည်းဖြစ်သည်။

Shalom World News သတင်းစာမျက်နှာသည် အမေရိကန်ပြည်ထောင်စု၊ တက်ဆက်စ်ပြည်နယ်၌အခြေစိုက်၍ ကမ္ဘာတစ်၀ှမ်းသို့ အဂ်လိပ်၊ စပိန်၊ ဂျာမန်ဘာသာ စကားများဖြင့်နေ့စဉ်ရေးတင်လေ့ရှိသည်။ အဓိကညွှန်ကြားရေးမှူးမှာ Rev. Dr. Roy Palatty CMI (Spiritual Director) ဖြစ်ပြီး၊ သူသည် Santo Thomas (Chief Excecutive Officer) လည်းဖြစ်သည်။ ဤသတင်းစာမျက်နှာကို (ဧပြီ ၂၇၊ ၂၀၁၄) ကစတင်ထုတ်လွှင့်ခဲ့သည်။

သတင်းများကိုရေးသားတင်ပြသည့်အပြင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုလည်းရှိသောသတင်းဌနာတစ်ခုဖြစ်ပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/g42Q
rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *