ကိုယ့်ကိုသက်သောင့်သက်သာဖြစ်စေသောသူ

ကိုယ်နဲ့ comfortable ဖြစ်တဲ့သူ အချစ်ရေးပဲ ဖြစ်ဖြစ်၊

ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာ တစ်ခုက ကိုယ့်အတွက် သက်တောင့်သက်သာ ရှိစေတဲ့သူပါပဲ~

ကိုယ့်ရဲ့ အရှိကိုအရှိအတိုင်း လက်ခံမယ့်သူ၊

ကိုယ်နဲ့ပတ်သတ်လို့ အကောင်းရောအဆိုးကိုပါ သိသည့်တိုင် ကိုယ့်အပေါ် ဆက်လက်ပြီး ချစ်ခင် နိုင်တဲ့သူတွေဟာ အကောင်းဆုံးပဲလို့ ထင်ပါတယ်~

သူ ဘာနာရီပတ်လဲ၊ ဘယ်ကျောင်းက ဘွဲ့ရလဲ၊ ဘယ်လောက် ချမ်းသာလဲဆိုတာတွေထက် သူနဲ့နေရရင် ကိုယ်ဘယ်လောက် စိတ်အေးလက်အေးရှိလဲ

ဟန်ဆောင်စရာမလိုဘဲ စိတ်သက်တောင့်သက်သာရှိသလဲ သူဟာ ကိုယ့်အကြောင်း ဘယ်လောက်နားလည်သလဲ ဆိုတာတွေဟာ

အဓိကပဲမဟုတ်လား? ခုံတစ်ခုံမှာ သက်တောင့်သက်သာ ပစ်လှဲပြီး စိတ်အေးလက်အေး ထိုင်ရတဲ့ ခံစားချက်မျိုး

အဲဒီလူဘေးမှာနေရတဲ့အခါ အချိန်တွေအကြာကြီး တွေးစရာထိန်းစရာမလိုဘဲ ရောက်တက်ရာရာ ပြောနိုင်တာ ၊

ချောဖို့ လှဖို့စရာမလိုပဲအထူးတလည်ပြင်ဆင်စရာမလိုဘဲ တွေ့နိုင်တာမျိုးပေါ့~ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ထက်

တစ်ခါတစ်လေကြ စိတ်သက်သာရာရဖို့က ပိုအရေးကြီးပြန်တယ် မဟုတ်လား~

rvamyanmar
rvamyanmar
Articles: 707

Leave a Reply

Your email address will not be published. Required fields are marked *