ကိုယ်ချင်းစာတရားဆိုတာ အိမ်မှာချွေးမ တစ်ယောက်ရောက်လာရင် အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။

ကိုယ့်သမီးလေး သူများကို ပေးစားလိုက်ရရင်တော့ အဲဒီအိမ်မှာသူ့ကို ဖူးဖူးမှုတ်ထား စေချင်တယ်။

ကိုယ်လမ်းလျှောက်တုန်းက ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။ ကိုယ်ကားမောင်းပြန်တော့ လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။

သူများဆီမှာ အလုပ်သမား လုပ်တုန်းက အလုပ်ရှင်ကို ဆိုးတယ်၊

ကပ်တယ်လို့ ပြောဆိုဖူးတယ်။ ကိုယ်အလုပ်ရှင်ပြန်ဖြစ်တော့ အလုပ်သမားတွေ မကြိုးစားဘူးဆိုပြီး ငြူစူပြန်တယ်။

ကိုယ်တိုင်စျေး၀ယ်တုန်းက ဆိုင်ရှင်ကို အမြတ်ကြီးစားတယ်၊

လောဘကြီးတယ်ပြောတယ်။ ကိုယ်ကိုယ်တိုင်ဆိုင်ရှင်ပြန်ဖြစ်တော့ စျေး၀ယ်တွေ ဂျီးများလွန်းတယ်လို့ ထင်မိပြန်တယ် အမှန်တော့ ကျွန်တော်တို့ အားလုံး မမှားကြပါဘူး။

နေရာချင်းမတူတော့ စဉ်းစားပုံချင်း မတူလိုက္တာပါ။ နေရာလဲပြီးသာ စဉ်းစားတတ်ကြမယ်ဆိုရင်အားလုံး အဆင်ပြေသွားပါလိမ့်မယ်။

တစ်ခုခုလုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင် အဲ့လူနေရာ ခဏလောက်ဝင်ခံစားကြည့်ပါ။

မင်းရင်ထဲမှာတစ်ခုခုမြင်လာလိမ့်မယ်။ သူ့ရဲ့လုပ်ဆောင်ချက်နဲ့ ငါရဲ့လုပ်ဆောင်ချက်၊ သူ့ပေးဆပ်မှုနဲ့ ငါ့ပေးဆပ်မှုတူလား။

အဲ့လိုတွေ တွေးတတ်လာတဲ့တစ်နေ့ ကိုယ်ရင်ထဲ ကိုယ်ချင်းစာတရားရှိပြီး ဘယ်နေရာနေနေ နေတတ်လာမှာပါ။

rvamyanmar
rvamyanmar
Articles: 4255

Leave a Reply

Your email address will not be published. Required fields are marked *