ဖာသာရ် Peter ကြည်မောင် (မန္တလေး) သာမန်ကာလစတုတ္ထသီတင်းပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ၃၁၊ ၁၊ ၂၀၂၄

31 Jan 2024
 ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာခဲ့ရတဲ့ ပထမကျမ်းပရာဖက်ဆာမြူအဲလ် ဒုတိယအစောင် ၂၄:၂,၈-၁၇ မှာ ဒေဗစ်ဘုရင်ကြီးရဲ့အပြစ်ကြောင့် သူတိုင်းသူပြည်သား ခုနှစ်သောင်းကျော် ပလိပ်‌ရောဂါနဲ့သေကြရတဲ့အကြောင်း။ သူအပြစ်ကြောင့်သေကြရသူတွေအတွက် ဝမ်းနည်းကြေကွဲစွားနဲ့ဘုရားကို တောင်းပန်တဲ့အကြောင်း ကိုကြားနာခဲ့ရတယ်။ ဒေးဗစ်ဘုရင်းကြီးဆီကနေ သင်ခန်းစာယူစရာကတော့ ခေါင်ဆောင်လုပ်သူ ဦးစီးဦးဆောင်ပြုသူတွေ မှားရင် အပြစ်ထဲကြရင် နောက်လိုက်နောက်ပါတွေပါ အပြစ်မရှိပဲခံကြရတယ် ဆိူတာကိုသတိထားရမယ်။ မိသားစာကို၊ အဖွဲ့အစည်းကို၊ သာသနားကို တိုင်ပြည်ကို ဦးဆောင်းဦးရွက်ပြုသူတွေလမ်းမမှားဖို့ သတိရှိဖို့ ထောက်ရှု့ကြပါစို့။ ဆက်လက်ပြီး ဒီကနေကြားနာရတဲ့ ဧဝံဂေလိကျမ်း ရှင်မာကု ၆:၁-၆ မှာ သခင်ခရစ်‌တော် သူကြီးပြင်းရာ သူရဲ့မြိုဖြစ်တဲ့ နာဇရက်ကို ပြန်လာတယ်၊ ဥပုဒ်နေ့မှာ တရားဇရပ်မှာ တရားဟေားတယ်၊ သခင်ခရစ်တော်ကို အံဩကြပေမယ့် သခင်ခရစ်တော်ရဲ့ သာမန်ဘဝကိုသာသိသူတွေက သခင်ခရစ်တော်ကို သူတို့သိနေတဲ့အခြေအနေထက်ပိုပြီးလက်မခံနိုင်ခဲ့ကြဘူး။ ပိုပြီးလည်း မယုံကြည်နိုင်ခဲ့ကြဘူး။ တခါတလေး ဘုရားရဲ့ကျေးဇူးတော်တွေက ဘာမှ မထူးဆန်းတော့သလို၊ အထင်ကြီးစရား မရှိတော့သလို ၊ စိတ်လှုပ်ရှားစရာမတွေ့တော့သလိုဖြစ်ဖူးကြမှာပါ။ နာဇရက်မြိုက လူတွေ ဘုရားနဲ့အတူနေခွင့်ရခဲ့ကြပေးမဲ့ သူတို့ တန်ဖိုးမသိခဲ့ကြဘူး၊ ကျွန်တော်တို့ကက်သလစ်တွေ နေ့စဉ်ဘုရားကျောင်းတက်၊ တရားနာ ဘာမှမခံစားရသလို၊ တန်းဖို့မသိသလို ဖြစ်တတ်ကြပါတယ်၊ ဘုရားရဲ့တန်ဖိုးကို သိဖို့က သင့်ရဲ့ယုံကြည်ခြင်းက သင့်ကို ဖော်ပြပေးပါလိမ့်မယ်။ သင်က ဘုရားကို နည်းနည်းပဲယုံရင် နည်းနည်းပဲ တန်ဖိုးထားမယ်။ ကျေးဇူးတော်လည်း နည်းနည်းပဲးရမယ်။ ဘုရားကို မယုံကြ လက်မခံခဲ့ကြတဲ့ နာဇရက်မြိုမှာ ဘာတန်ခိုးလက္ခဏာမှ ပြုလုပ်လို့မရခဲ့ဘူး။ သတိထားရမဲ့အချက်က ယုံကြည်းခြင်းမရှိတဲ့နေရာမှာ ကျေးဇူးတော်လည်းမရှိဘူး ဆိုတာပါပဲ။ ယုံကြည်ခြင်းမရှိရင် ကုသခြင်းလည်းမခံရဘူး။ ငြိမ်းချမ်းမှူ့လည်းမရဘူး။ ကယ်တင်ခြင်းလည်းမရနိုင်ဘူး ဆိုတာ နာဇရက်မြိူ့သားတွေစီကနေ သင်ခံစာယူကြပါစို့။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *