ဂါဇာဒေသ၌ ပထမကိုယ်တော်မြတ် (၈) ဦးခံယူခဲ့

ဂါဇာဒေသ၌ ပထမကိုယ်တော်မြတ် (၈) ဦးခံယူခဲ့

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောဂါဇာဒေသ၌ ဘာသာရေး၀တ္တ္ ရားများနှင့်ရက်ကြီးအခါကြီးများ၌ ၀တ်ပြုဆုတောင်းခြင်းကိုမှုမပြတ်တမ်း၀တ် ပြုမြဲ၀တ်ပြုလျှက်ရှိနေကြသည်။

ပြီးခဲ့သော ယေဇူးသခင်ဆေးကြောခြင်းမဂ်လာခံယူသည့်ပွဲနေ့၌ ဂါဇာဒေသမှကလေး (၈) ဦးသည် ‘သန့်ရှင်းသောအိမ်ထောင်စု’ သာသနာအုပ်စုမှဘုရားကျောင်းတွင် ထမကိုယ်မြတ်ကိုခံယူခဲ့ကြသည်။ ယခုကဲ့သို့ အသက်ဘေး နှင့်နီးသော်လည်း မကြောက်မရွံ့ဘဲ မိမိတို့ဘာသာရေး၏အရေးကြီးသော ၀တ်ပြုခြင်း၊ ၀တ္တရားများကို မရှောင်မတိမ်းဘဲ ပြင်ဆင်ခံယူခြင်းသည် ၄င်းတို့၏ယုံကြည်ခြင်းကိုပြသရာလည်းရောက်သည်ဟု တာ၀န်ခံဘုန်းတော်ကြီးကပြောကြားခဲ့သည်။

ဤကလေးငယ် (၈) ဦးသည် ပထမကိုယ်တော်မြတ်ကိုထိုက်တန်စွာခံ ယူနိုင်ရန်အတွက် အချိန်ယူပြင်ဆင်လာခဲ့သည်။ ဤဘုရားကျောင်း၌နေ့စဉ်မစ္ဆာ တရားပူဇော်လျှက်ရှိသည်။ ဤ‌ဘုရားကျောင်း၌ မကျန်းမမာသူများအားခိုကိုးရာကိုလည်းပေးသည်။

ဂျေရုဆလင်ရှိဘာသာရေးခေါင်းဆောင်၏မှတ်ချက်မှာ ယခုကဲ့သို့အခက်အခဲများရှိနေသော်လည်း ဘာသာတူတို့၏မဆုတ်မနစ်သောယုံကြည်ခြင်းသည် လွန်စွာခိုင်မာကြံ့ခိုင်လှကြောင်းဖြင့် မစ္ဆားပူဇော်အပြီး ဘာသာတူများကို အားပေးစကားပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39ydf
rvamyanmar
rvamyanmar
Articles: 2821

Leave a Reply

Your email address will not be published. Required fields are marked *