ဖာသာရ်Peter ကြည်မောင် (မန္တလေး) ခရစ္စ်မတ်ကာလာ စနေနေ့ ဩဝါဒ ၃၀၊ ၁၂၊ ၂၀၂၃

30 Dec 2023
ဓမ္မမိတ်ဆွေတို့ ယုံကြည်သူခရစ်ယာန်တွေရဲ့ စိတ်ထဲးမှာအမြဲး လိုခြင်တောင်းတသော စိတ်နဲ့မျှော်လင့်ထားရမှာက ကောင်းကင်နိုင်ငံတော်နှင့် ထာဝရအသက်သည်သာလျှင် ငါ့၏ပျော်ကွှင်မှု့ဖြစ်တယ်ဆိုတဲ့ ဆန္ဒပါပဲ။ အဲ့စိတ်ကလည်း အသက်ကြီးလာတာနှင့်အမျှ ပိုပြီး ရှင်သန်ကြီးထွားလာ‌နေရမယ်။ အဲ့လိုဘဝကို တကယ်လက်တွေကျင့်ကြံခဲ့လို မသေခင်မှာဘုရားကို ဖူးတွေခွင့်ရသွားသူ ‌ပရောဖက်မလို့ ခေါ်ခြင်းခံရသူ အာနား အကြောင်းကို ဒီကနေ့ ကြားနာရတဲ့ ရှင်လုကား ၂:၃၆-၄၀ မှာ ဖတ်ရှုခဲ့ရတယ်။
ငယ်ရွယ်စဉ်မဇာ အိမ်ထောင်ကြပြီး ယောက်ျား နှင် ၇ နှစ်သာပေါင်းသင်ခဲ့ရပြီး မုဆိုးမဘဝနဲ့ ဗိမာန်တော်က နေဘယ်မှမသွားတော့ပဲ၊ ဘုရှိခိုးခြင်းဆုနောင်းခြင်း၊ ဗိမာန်တော်ဝရာဝတ်စ လုပ်ရင် နဲ့ အသက် ၈၄နှစ်တိုင်အောင် နေထိုင်ခုသူဖြစ်တယ်။
အာနား ဟာ ထာဝရဘုရားက သူ၏ကတိတော်အတိုင်း ကယ်တင်ရှင်ကိုစေလွတ်မယ် ဆိုတာကို အပြည့်အဝယုံကြည်ဆုတောင်နေခဲ့သူ စံပြအမျိုးသမီးဖြစ်တယ်။ သူစီကနေ စံနမူနာယူရမှာက အသက်ကြီးလာလေ ဘုရားအတွက် ပိုမို စိတ်အားထက်သန်လာလေဖြစ်ရမယ်။ လူသားတွေက အသက်ကြီးလာတာနဲ့အမျှ လုပ်ဆောင်နိုင်စွမ်းအားတွေအဖက်ဖက်မှာ အားနည်းလာတာနှင့်အမျှ စိတ်ဓတ်ကျတာ မျှော်လင်ချက်မဲ့တာတွေဖြစ်လာတပ်ကြတာ သဘာဝပါပဲ။ ဒီကနေ ပရောဖက် မ အားနားစီကနေ လေ့လာသင်ယူပြီး ထာဝရဘုရားသခင်နှင့်အတူနေရခြင်းသည်သာလျှင်ငါ့၏ ပျော်ရွှင်မှု့ ၊ ကောင်ကင်နိုင်ငံကို သွားရမည်ဆိုသော စိတ် နှင် သခင်တော် ရှင်ယောဟန် ဧဝံဂေလိကျမ်း ၁၄:၁-၃ မှာငါ့ခမည်းတော်၏အိမ်၌ အခန်းများစွာရှိ၏။ ထို့သို့မဟုတ်လျှင် သင်တို့အတွက် နေရာပြင်ဆင်ခြင်းငှါ ငါသွားမည်ဟု ငါပြောလိမ့်မည်မဟုတ်။ ယခုငါသွား၍ သင်တို့အတွက် နေရာကို ပြင်ဆင်မည် ပြီးလျှင် သင်တို့ထံသို့ ငါပြန်လာ၍ သင်တိုကို ခေါ်မည် ငါရှိရာအရပ်၌ သင်တိုကို ငါနှင့်အတူရှိစေမည်။ ကတိပေးထား တဲ့အချက် ကို သခင်ခရစ်တော် တကယ်ပေးမည် ဆိုတဲ့စိတ်နဲ့ပရောဖက်မ အားနားကဲ့သို့ သက်ဆုံးတိုင် ယုံကြည်ခြင်းစိတ်ထက်သန်သူတွေဖြစ်ကြပါစို့

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *