ဖာသာရ် peter ကြည်မောင် (မန္တလေး) ခရစ္စ်မတ်ကာလ သောကြာနေ့ ဩဝါဒ ၂၉၊ ၁၂၊ ၂၀၂၃

29 Dec 2023
ဓမမိတ်ဆွေတို့ ဒီကနေကြားနာရတဲ့ ရှင်ယောဟန်ဩဝါဒစာ ပထမအစောင် ၂:၃-၁၁ မှာ ဘုရားကိုသိတယ် ဆိုတဲ့အကြောင်း သူပေးထားတဲ့ပညတ်တော်တွေကိုလိုက်နားခြင်းဖြင့်သာလျှင် ဖေါ်ပြနိုင်မယ်။ ဘုရားကိုငါသိတယ် ပါစပ်ကပြောပြီး ပေးထားတဲ့ပညတ်တော်တွေကို မလိုက်နာသူဟာ လူလိမ် လူညာသာဖြစ်တယ် လို ဆိုထားတာကို ကြားနာခဲ့ရတယ်။ ဒီကျမ်းချက်ကလေး ကိုထောက်ရှုရင်း တွေးမိတာလေး‌တွေဝေမျှပေးပါရစေ။ ဘုရားကိုသိတယ် မပြေားနဲ့ အုံး ကို့ကိုကို လူဆိုတာ အရင် သိအောင်လုပ်ရအုံးမယ်။ ငါဟာ လူဖြစ်တယ် ဆိုတာ သိပြီးမှ ငါဟာခရစ်ယာန်တယောက်ဖြစ်တယ် ဆိုတာ သိရအုံးမယ်။ အဲ့တာသိပြီးမှ ခရစ်ယာန်က ဘာကို ယုံတာလည်း ဆိုတာကို သိအောင်လုပ်ရအုံးမယ်၊  သိပြီးရင် ခရစ်ယာန် တယောက်က ဘယ်လိုကြင်သန်ရလဲးဆိုတာသိအောင်လုပ်ရင် နဲ့မှ ခရစ်ခတော်ဘုရားကို ယုံတယ် သိတယ် ဆိုတာ မိမိဘဝထဲးက၊ အသက်ရှင်နေထိုင်မူ့က၊ ပြုမှုပြောဆိုမှု့က၊ တွေခေါ်ကြံစည်မှု့က၊ စိတ်နေစိတ်ထားက၊ ဒီလူပုဂ္ဂိုလ်ဟာ ဘုရားကိုသိသူဖြစ်တယ် ဆိုတာ ဖေါ်ပြပါလိမ့်မယ်။ လူ အဆင့်တောင် သေခြားနားလည်အောင်မသိသေးပဲး ဘုရားကိုသိတယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ လူ အသိညာဏ်နဲ့၊ ဆင်ခြင်တုန်တရားနဲ့ ၊ ခံစားချက်နဲ့၊ ကိုခြင်စာတရားနဲ့ ရှင်သန်နေတာ လူ၊ လူဖြစ်ပြီး လူလိုမကျင့်၊ လူလိုမတွေး၊ ယျဉ်ကျေးမှု့မသိ၊ ကိုယ်ခြင်းစာတရားမရှိ့၊ မာန်မာန နဲ့ အတ္တကိုဦးစားပေး၊ ငါအတွက်ငါရဖို့ ဆိုတဲ့ တဖို့တည်းကြည့်တပ်တဲ့သတ္တဝါက ဘုရားကိုသိတယ် ဆိုတာ ဖြစ်နိုင်ပါမလား။ ကိုယ့်ကို ကို ခရစ်ယာန်၊ ခရစ်တော်နောက်လိုက်တယ် လိုပြောတယ် 
မေတ္တာထားပါ၊ ခွင့်လွတ်ပါ၊ ကိုယ်ခြင်းစာပါ၊ သနားညှာတာပါ၊ နှိမ့်ချပါ၊ ယျဉ်ကျေးသိမ့်မွေပါ၊ မေတ္တာပြပါ၊ အနစ်နာခံပါ၊ ပေးဆပ်ပါ၊ အဲ့တာတွေမတွေ့ရပဲ၊ ရိုင်းဆိုင်းတာ၊ မူးရှုးနေတာ၊ မကောင်တဲ့အရာတွေမှာသာယာနေတာ၊ မနာလိုမုန်းထစိတ်အားကြီးတာ၊ ပိုက်ဆံနည်းနည်းရှိတာ၊ပညာနဲးနဲးတပ်တာနဲ့မာနကြီးတာ၊ အတ္တကြီးတာလောဘကြီးတား၊ တနှာရာဂကြီးတာ၊ ခရစ်တော် သွန်သင်ထားသမျှ တချက်မှ သင့်စီမှာ မတွေ့ရရင် ခရစ်ယာန်လိုမပြောပါနဲ့ ရှက်စရာကောင်းတယ်။ ခရစ္စမတ်တုန်းက မူးရူးရန်းကာ အော်ဟစ်‌သောင်ကျန်နေတာ ခရစ်ယာန်တွေလေ ဆိုရင်တော့ ၊ သင်ကိုသင်ပြန်စမ်းစစ်ဖို့လိုပြီး ငါနေထိုင်အသက်ရှင်ပုံက ခရစ်တော်နောက်လိုက် ခရစ်ယာန်တယောက်နေထိုင်ပုံဟုတ်ရဲ့လား ဆိုတာ ။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *