ကြီးပြင်းတဲ့ပတ်ဝန်းကျင်
ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင် ဖြတ်သန်းဖူးတဲ့ ဘဝတွေမတူတော့ အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့ အကြည့်တွေလည်း ခြားနားခဲ့တယ်။
စိတ်ပညာရှင်တစ်ဦးက (၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။
#Tom က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊ ဆင်းရဲသားမိသားစုကလာတဲ့ ကလေးဖြစ်တယ်။
#Andy က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့ တစ်ဦးတည်းသောသားဖြစ်တယ်။ ပညာရှင်က ကလေးနှစ်ယောက်ကိုခေါ်ပြီး ပန်းချီကားတစ်ချပ်ပြခဲ့တယ်။
ပန်းချီကားက ယုန်ကလေးတစ်ကောင်က ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတဲ့ပုံဖြစ်တယ်။ စားပွဲဘေးမှာ မျက်နှာထားတင်းတဲ့ယုန်မေမေရပ်နေတယ်။
စိတ်ပညာရှင်က ကလေးနှစ်ယောက်ကို ပန်းချီကားရဲ့အဓိပ္ပာယ်မေးခဲ့တယ်။
ပန်းချီကားကိုကြည့်ပြီး Tom က “ယုန်ကလေးငိုနေတာက ဗိုက်မဝသေးလို့ဖြစ်တယ်။
အစာထပ်စားချင်ပေမယ့် အိမ်မှာစားစရာ မကျန်တော့ဘူး။ ဒါကြောင့် ယုန်မေမေ စိတ်မကောင်းဖြစ်နေခဲ့တယ်” လို့ ချက်ချင်းပြန်ဖြေတယ်။
“ဒီလိုမဟုတ်ဘူး” Andy က ကြားဝင်ပြီး “ယုန်ကလေးငိုနေတာ အစာကိုထပ်မစားချင်တော့လို့ ဖြစ်တယ်။
ဒါပေမယ့် သူ့မေမေက အတင်းစားခိုင်းနေလို့ ငိုနေတာဖြစ်တယ်” လို့ပြောတယ်။
ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းဖူးတဲ့ဘဝတွေ မတူတော့ အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။
မတူညီတဲ့ ရှုထောင့်ကနေ ကြည့်တတ်ရင်မတူတဲ့ အတွေ့အကြုံတွေကို ရနိုင်ပါတယ်။
ဒါကြောင့် ဘက်ပေါင်းစုံကနေပြီး မတူတဲ့လူ၊ မတူတဲ့အရာဝတ္ထု၊ အဖြစ်အပျက်တွေကို လက်ခံနိုင်အောင်ကြိုးစားပြီး တစ်ဦးကိုတစ်ဦးလေးစားကြည်ညို၊ ခွင့်လွှတ်နားလည်၊ ကိုယ်ချင်းစာမှုတွေပေးသင့်ပါတယ်။