ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၃၄ ကြိမ်မြောက်သာမန် ကြာသပတေးနေ့ ဩဝါဒ ၃၀၊ ၁၁၊ ၂၀၂၃

30 Nov 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာ သာသတနာတော်၏ခေါင်းဆောင်းတမာန်တော်ကြီး ရှင်ပေးတရူးရဲ့ အစ်ကိုတော်စပ်သူဖြစ်ပြီး ၊ယောဟန် ဗတ္တိဇန် ရဲ့နောက်လိုက်တဦးဖြစ်ခဲ့ပြီး ယောဟန်၏ ဘုရား၏သိုးငယ်တော်ကို ကြည့်လေား ဆိုပြီး ညွှန်ပြခဲ့မူ့ကြောင့် သခင်ခရစ်တော်၏နောက်လိုက်ဖြစ်လာသူ တမာန်တော်ကြီး အန္ဒြူးရဲ့ ပွဲးတော်နေ့ကိုကျင်ပပါတယ်။ တမာန်တော်ကြီးများ၏သမိုင်းမှတ်တန်းတွေအရ တမန်တော်ကြီးရှင်အန္ဒြူးဟာ ပင်လယ် နက် တလျှော ယခု ဂရိ နှင် တူရကီ နယ်တွေမှာ သာသနာတော်အတွက် တရားတော် ဟောကြားခဲသူဖြစ်ပြီး ဂရိ နိုင်ငံ ပက်ရက်စ် မြိူမှာပဲ တရားတော်အတွက် အသက်ပေးလှူသွားခဲ့ပါတယ်။ သူဟာ သခင်ခရစ်တော်ကဲ့သို ကားတိုင်တင်သတ်ခြင်းငှာ မထိုက်တန်သူလို သတ်မှတ်ပြီး English အက်ခရာ X ပုံစံ ကားတိုင်နဲ့ ကားစဉ်တင်သတ်ဖို့တောင်းဆိုခဲ့သူ ဒါကြောင့်လည်း ဒီနေ့ထိ X ပုံစံ လက်ဝါးကားတိုင်ကို အန္ဒြူး ကားတိုင်ဆိုပြီး သတ်မှတ်ခဲ့ကြတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ သခင်ခရစ်တော်က တမာန်တော်ကြီးတွေကိုခေါ်ပြီး ပြောင်းလဲးစေတယ် ကျေးဇူး‌တော်ပေးတယ်။ ဆုံးမသွန်သင်တယ် သင်ကြားပေးတယ်  သူ့ကယ်တင်ခြင်းလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်စေတယ်။ တမာန်တော်ကြီး ရှင်အန္ဒြူးလိုပဲ ကျွန်တော်တို့အယောက်စီတိုင်းကို နေ့စဉ်နေတိုင်း ခေါ်တယ်။ သွန်သင်ပြသပေးတယ်၊ သခင်ခရစ်တော်ရဲ့ ကယ်တင်ခြင်းလုပ်ငန်းမှာ တပ်နိုင်တဲ့နေရာ သင့်တော်တဲနေရာ ကနေလုပ်ဆောင်ဖို့ခေါ်ခံနေရတယ်။ ဆိုတာကို သတိရှိကြရမယ်၊ တမာန်တော်လုပ်ငန်းမှာ ငါတို့ဘယ်လိုပါဝင်နိုင်မလဲး ရိုးရှင်းစွာပါဝင်လို့ရတယ်။ ဆုတောင်းပေးခြင်း၊ မေတ္တာပို့ပေးခြင်း၊ လူတိုင်းကိုချစ်ခြင်းမေတ္တာဝေမျှခြင်း၊ နေစဉ်အသက်တာမှာ ဒီနေ့ ငါ့ကြောင့် လူဘယ်နှစ်ယောက်ချစ်ခြင်းမေတ္တာ ခံစားသွားရသလဲး၊ စိတ်ချမ်းသာသွားရလဲး၊ အစားအစာဝေမျှခြင်း၊ အသိပညာဝေမျှခြင်း၊ မေတ္တာနဲ့ လမ်းပြခြင်း ဒီအရာတွေဟာ ခရစ်တော်ရဲ့နောက်လိုက်ဖြစ်နေခြင်းဆိုတာကို ဖေါ်ပြနေခြင်းပါပဲ။ တမာန်းတော်ကြီးတွေလိုကြီးမားတဲ့အရာတွေမလုပ်နိုင်ခဲ့ရင်တောင် သေးငယ်သော အမှု့လေးတွေလုပ်ဆောင်နေခြင်းအားဖြင့် သာသနာတေယ်ကြီး ကို တဖက်တလမ်းက တပ်နိုင်သလို ပါဝင်လုပ်ဆောင်ပေးကြပါစို။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *