ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၃၄ ကြိမ်မြောက်သာမန် ဗုဒ္ဓဟူးနေ့ ဩဝါဒ ၂၉၊ ၁၁၊ ၂၀၂၃

29 Nov 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်လုကား ဧဝံဂေလိကျမ်း၂၁:၁၂-၁၉ မှာ ငါ၏နာမကြောင့်သင်တိုဟာ ညှင်းပန်းနှိပ်စက်ခြင်း၊ အကျင်းချခံရခြင်းတွေကြုံတွေရမယ် ၊ အဲ့လိုအချိန်မျိုးမှာ မည်သိုပြောဆိုရမည်ကိုမစိုးရိမ်ကြနှင် အချိန်ကျလျှင် သင်ဘာပြောဆိုရမည်ကို သိစေသော အသိညာဏ်နှင့် လိုသပ်သမျှကိုငါပေးမယ် ဆိုပြီး ကတိပေးခဲ့တာကိုကြားနာခဲ့ရတယ်။ တချို့သောဂျူးလူမျိုးတွေ အထူးသဖြင်းကျမ်းတပ်ဆရာ ဖာရီဇေဦးတွေနဲ့ သခင်ခရစ်တော်ကို မက်စီးယားအဖြစ်လက်မခံနိုင်သူတွေဟာ သခင်ခရစ်တော်ကို လက်မခံခဲ့ကြသလို သူရဲ့နောက်လိုက်တွေကိုလည်း လက်မခံနိူင်ခဲ့ကြဘူး၊ သူတို့ရဲ့ ထုံးတမ်းအစဉ်အလာတွေကို ထိခိုက်၊ လက်တွေမပါတဲ့အသက်ရှင်မှုတွေကို ပြစ်တင်ပြောဆိုခဲ့တဲ့ သခင်ခရစ်တော်ကို မုန်းတီးခဲ့ကြသလို သူကိုယုံကြည်သူတွေ ခရစ်တော်ရဲ့နောက်လိုက်တွေကို ဖမ်းစီးတာ၊ တရားစီရင်တာတွေကို အသင်းတော်ရဲ့ ရှေးဦး ခရစ်ယာန်တွေဟာ များစွာခံစားခဲ့ကြရတယ်။ တခါတရံမှာ သခင်ခရစ်တော်ကို ယုံကြည်သက်ဝင်မိလို့ မိမိရဲ့မိသားစုဝင်တွေက အာဏာပိုင်တွေစီတိုင်ကြားတာ ခံကြရတယ် သခင်ခရစ်တော် သတိပေးခဲ့သလို သင်တို့ရဲ့မိသားစုဝင်တွေက သင်တိုကို တရားဇရပ်ကိုပိုဆောင်စီရင်ကြလိမ့်မယ် ဆိုတာပါပဲ။ တရားဇရပ်ဟာ တရားဟေားဖို့ အသုံးပြုသလို ဘာသာရေးနဲ့ပတ်သက်တဲ့ပြသာနာတွေဖြေရှင်းရာမှာ တရားရုံးမပိုခင် အကြို ကြားနာစစ်ဆေးရာနေရာ အဖြစ်အသုံးချကြတာကို ဂျူးလူမျိုးတွေရဲ့ ထုံးတမ်းအစဉ်အလာမှာတွေ့ရတယ်။ ငါ၏နာမကြောင့် သင်တို့ဟာ မုန်းတီးခြင်းခံရမယ်တဲ့သခင်ခရစ်တော်ရဲ့တရားတော်က အမှန်တရားချစ်ခြင်းတ္တော ခွင့်လွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတမှု့၊ အေးချမ်းမူ့ဖြစ်တယ်။ ဒါတွေကိုမုန်းတီးသူ၊ တကိုယ်ကောင်းဆန်သူ လောဘရမက်ကြီးသူ၊ မတရားမှုကိူ ခုံမင်သူတွေက အနိုင်ကျင့်နှိပ်စက်ကြလိမ့်မယ်။ ဒါကြောင့် အမှန်တရားချစ်ခြင်းမတ္တော ခွင့်လွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတမှု့၊ အေးချမ်းမူ့ တွေနဲ့ပတ်သက်လာရင် သခင်ခရစ်တော်ကိုတိုင် အသိညဏ်ပေးမယ် လမ်းပြပေးမယ် ကာကွယ်စောင့်ရှောက်ပေးမယ် ဆိုတာ ကတိပေးခဲ့ခြင်ပါပဲး။ ဒါကြောင့် သခင်ခရစ်တော်နှင့်ပတ်သက်လာရင် သူအပေါ်မှာပြည့်ဝတဲ့ ယုံကြည်ခြင်းနဲ့ ကြုံလာသမျှကို ရင်ဆိုင်တပ်သူတွေဖြစ်နိုင်အောင်ကြိုးစားကြပါစို့။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *