နိုင်ဂျီးရီးယားမြောက်ပိုင်း၌ သာသနာနယ်သစ်တစ်ခုကိုဖွင့်လှစ်

နိုင်ဂျီးရီးယားမြောက်ပိုင်း၌ သာသနာနယ်သစ်တစ်ခုကိုဖွင့်လှစ်
ခရစ်ယာန်များအားညှဉ်းပမ်းနှိပ်စက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု များမြင့်တက်နေသော နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသ၌ ဂိုဏ်းအုပ်သာသနာသစ်တစ်ခုကိုတည်ထောင် ခဲ့သည်။ ယခုကဲ့သို့ သာသနာနယ်အသစ်တည်ထောင်ခြင်းအတွက် ဒေသခံများကလှိုက်လှဲ၀မ်းသာစွာကြိုဆိုကြသည်။ ထိုသာသနာကို Katsina ဂိုဏ်းအုပ်သာသနာဟုခေါ်သည်။ ဤသာသနာနယ်သည် ယခုကဲ့သို့သာ သနာသစ်မတည်ထောင်သေးစဉ်က Sokoto ဂိုဏ်းအုပ်သာသနာနယ်ထဲ၌ရှိခဲ့ပြီး Kaduna ဂိုဏ်းချုပ်သာသ နာ၏လက်အောက်၌ရှိသည်။
အောက်တိုဘာ (၁၆) ရက်နေ့က သာသနာပိုင်ဆရာတော်အဖြစ် ဖာသာရ် Gerald Mamman Musa အားပထမဦးဆုံးသာသနာပိုင်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ သူသည် အာဖရိကယဉ်ကျေးမှုလေ့လာရေးဌာန၌စာချပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ အာဖရိကအနောက်ဖက်မှကက်သလစ်အသင်းအဖွဲ့များချိပ်ဆက်မှုရှိရန်ဆက်သွယ်ပေးသောအမှုတော်ကိုထမ်းဆောင်နေသူဖြစ်သည်။ ယခုသာသနာအသစ်ကြောင့် Kaduna ဂိုဏ်းချုပ်၏လက်အောက်၌ ဂိုဏ်းအုပ်သာသနာ (၇) ထိရှိလာပြီဖြစ် သည်။ ယခုသာသနာအသစ်သည် နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ကက်သလစ်သာသနာ၏ (၆၀) ခုမြောက် ဂိုဏ်းအုပ်သာသနာဖြစ်လာသည်။
သာသနာသစ်အတွင်း သာသနာအုပ်စုငယ် (၁၀) ခုရှိပြီး သာ သနာပိုင်ဘုန်းတော်ကြီး (၁၁) ပါးရှိသည်။ ရှားရှားပါးပါး သစ္စာသုံးပါးခံသူတော်စင်အမျိုးသား (၁) ပါးရှိသည်။ ဓမ္မဆရာ (၄၈) ဦး၊ သူတော်စင်အမျိုးသမီးအသင်း (၅) ခုရှိသည်။ သူတို့မှုလတန်းကျောင်း (၁၃) ကျောင်း၊ အလယ်တန်း (၃) ကျောင်း၊ ပြင်ပလူနာဆေးခန်းတစ်တို့၌အမှုတော်ထမ်းလျှက်ရှိသည်။
သာသပိုင်ဆရာတော်အသစ်၏အမည်မှာ Gusau ဖြစ်ပြီး (၁၉၇၁) တွင်မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာကို (၁၉၉၆) တွင်ထပ်ခဲ့သည်။ သူသည်လူထုဆက်သွယ်ရေးနှင့်သတင်းစာဘာသာရပ်ဖြင့် Queensland တက္ကသိုလ်မှပါရဂူဘွဲ့ရထားသည်။ သူသည်ရောမရှိ Saint Thomas Aquinas တက္ကသိုလ်မှ Dogmatic Theology ဘာသာရပ်၌လည်း မာစတာဘွဲ့ရရှိထားသည်။ လူမှုရေးသိပ္ပံဘာသာရပ်၌မူ ရောမမြို့ ဂရေဂေါ်ရီယားနားတက္ကသိုလ်မှဒီပလိုမာရထားသည်။
အခြားတာ၀န်ယူခဲ့သောအမှုတော်များမှာ နိုင်ဂျီးရီးယားနိုင်ငံ၊ Sokoto ပြည်နယ်အတွင်းရှိ ခရစ်ယာန်အဖွဲ့အစည်း၏အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ Sokoto သာသနာ၏ကယ်သီဒရယ်ဖြစ်သော သန့်ရှင်းသောအိမ်ထောင်စုဘုရားကျောင်း၏တာ၀န်အဖြစ်လည်းကောင်း၊ နိုင်ဂျီးရီးယားနိုင်ငံ၏သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းဆွေးနွေးညှိနှိုင်းဖလှယ်သည့်အဖွဲ့အစည်း၏အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။
ယခု အသစ်တည်ထောင်မည့် Katsina သာသနာသည် နိုင်ဂျီးရီးယားနိုင်ငံ၏ မြောက်ပိုင်း၌တည်ရှိသည်။ ဆိုပါဒေသ၌ မွတ်စလင်သူပုန်တို့ကခရစ်ယာန်များဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပမ်းနှိပ်စက်သည်များကိုမကြာခဏခံနေရသောဒေသတစ်ခုဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံအတွင်း၌ ခရစ်ယာန်တို့အားပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းများသည် နိုင်ငံတစ်၀ှမ်းလုံး၌ကူးစက်ဖြစ်ပျက်နေသည်။ Open Doors အဖွဲ့၏နောက်ဆုံးစစ်တမ်းများအရ နိုင်ငံတစ်၀ှမ်း၌ တစ်နှစ်အတွင်း ခရစ်ယာန် (၅၀၀၀) ကျော် ခရစ်ယာန်ဖြစ်၍သတ်ဖြတ်ခံခဲ့ရသည်။ ခရစ်ယာန် (၄၇၀၀) ကျော် ပြန်ပေးဆွဲခံခဲ့ရသည်။ ပြန်ပေးဆွဲရသည့်အကြောင်းအရင်းမှာ ခရစ်ယာန်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အတူပင် ခရစ်ယာန်များစွာသည် လုံခြုံမှုမရှိတော့၍ မိမိတို့၏နေရပ်များကိုလည်းစွန့်ခွာထွက်ပြေးနေကြရ သည်ဟုစစ်တမ်းကဖော်ပြထားသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်