အီစ္စရေး-ဟားမာစ်ပဋိပက္ခချက်ချင်းချုပ်ငြိမ်းရေးတောင်းဆိုဆန္ဒပြသူ (၃၀၀) ကျော်ရဲတို့၏ဖမ်းဆီးခံရ

အီစ္စရေး-ဟားမာစ်ပဋိပက္ခချက်ချင်းချုပ်ငြိမ်းရေးတောင်းဆိုဆန္ဒပြသူ (၃၀၀) ကျော်ရဲတို့၏ဖမ်းဆီးခံရ

ပါလက်စတိုင်းကိုအားပေးထောက်ခံသူ လူရာကျော်သည် ၀ါရှင်တန်ဒီစီမြို့တော်ခန်းမရှေ့၌အီစ္စရေးနှင့်ဟားမာစ်ကြားဖြစ်ပွားနေသော ပဋိပက္ခများချက်ချင်းရပ်တန့်ရေး ဆန္ဒပြခဲ့ကြသည်။ မြို့တော်ရဲများ၏အဆိုအရ ဆန္ဒပြသူ (၃၀၀) ကျော်အားဖမ်းဆီးထားသည်ဟု ဆိုပါသည်။

ဖမ်းဆီးရခြင်းမှာ ကွန်ဂရက်စ်၀င်းအတွင်း၌ဆန္ဒပြခွင့်မရှိသည်ကိုပိုင်နက်ကျော်လွန်၍ဆန္ဒပြခဲ့သောကြောင့်ဖြစ်ကြောင်းရဲများကရှင်းပြပါသည်။ ၄င်းတို့အားသတိပေးသည့်အမှတ်အသားကိုပြသခဲ့သော်လည်း အရေးမလုပ်၍ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံများသည် ဆန္ဒပြနေစဉ်၌ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့အနက် (၃) ခန့်မှာရဲအားပြန်လည်တိုက်ခိုက်သည့်အမှုဖြင့်စွပ်စွဲခံထားရသည်။ ယခုဖမ်းဆီးခံများသည် တရား၀င်ခွင့်ချက်မရှိသောနေရာ၌ လူစုလူ‌ေ၀းပြုလုပ်ခဲ့သည့်အမှုဖြင့်တ ရားရင်ဆိုင်ရမည်ဖြစ်သည်။

ဆန္ဒပြနေသောလူအုပ်ကြီးက ‘Ceasefire Now’ (စစ်ပွဲကို ချက်ချင်းရပ်) ဟုအော်ဟစ်တောင်းဆိုခဲ့ကြသည်။ ကွန်ဂရက်စ်အမတ်များအားလည်း အီစ္စရေးနှင့်ဟားမာစ်ကြားဖြစ်ပွားနေသောစစ်ကိုချက်ချင်းရပ်တန့်စေရန် တိုက်တွန်းပေးရန်တောင်းဆိုချက်များကိုဗွီဒီယိုရိုက်ယူ ထားသည့်မှတ်တမ်းမှသိရသည်။ ဆန္ဒထုတ်ဖော်ကြသူများသည် အကျီအနက်ရောင်ကို၀တ်ဆင်ထားပြီး နောက်ကျော၌ ‘စစ်ပွဲကိုချက်ချင်းရပ်’ ဟုရေးထိုးထားကြသည်။ Jewish Voice for Peace လူမှုကွန်ရက်၌ ဖော်ပြထားသည်မှာ ဆန္ဒထုတ်ဖော်နေသူ (၃၅၀) အနက် ဘာသာရေးဆရာ (၂) ဒါဇင်ခန့်တို့သည်အတွင်းပိုင်း ၌ရှိနေပြီး ကျန်ထောင်နှင့်ချီသောဆန္ဒပြသူများမှာ ‘သတိ’ အမှတ်အသားဖြစ်သောအမြောက်လက္ခဏာ (X ) ပြထားသည့်နေရာ၌ဆန္ဒပြနေကြသည်။

တနင်္လာနေ့က အိမ်ဖြူတော်ရှေ့၌ အီစ္စရေးနှင့်ဟားမာစ်စစ်ရပ်တန့်ပေးရေး ဆန္ဒထုတ်ဖော်သောလူ (၃၀) ဦးကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အီစ္စရေးသည် နယ်စပ်လုံခြုံရေးအဖွဲ့မှစတင်၍စည်းဖောက်ပြီးပစ်လွှတ်လိုက်သည့်လက်နက်ကြီးကြောင့် အောက်တိုဘာ လ၌ ဟားမစ်အားစစ်ကြေညာလိုက်ခြင်းဖြစ်သည်။ စစ်ကြေညာပြီးနောက် ဒုံးကျည်များအဆက်မပြတ်ပစ် ခတ်ရာ အရပ်သားပြည်သူများနေထိုင်သည့်ရပ်ကွက်များသို့လည်းကျရောက်ပြီး ထောင်နှင့်ချီ၍လူ့အသက်ဆုံးရှုံးခဲ့ရသည်။ ထိုစတင်တိုက်ခိုက်သောနေ့ကား ဂျူးဘာသာ၀င်တို့၏ရက်ကြီးအခါကြီးတစ်ရက်ဖြစ်သော Simchat Torah နေ့လည်းဖြစ်သည်။ ထိုအခင်းကြောင့် လူပေါင်း (၄၂၀၀) အသက်ဆုံးရှုံးခဲ့ရပြီး ၄င်းတို့အနက် အမေရိကန် (၃၁) ဦး၊ အီစ္စရေးစစ်သားနှင့်ပြည်သူ (၁၄၀၀) တို့ဖြစ်ကြသည်။ ပါလက်စတိုင်းကျန်းမာ ရေးဌာနကထုတ်ပြန်ချက်အရ ပါလက်စတိုင်း (၂၈၀၈) ဦးအသက်ဆုံးရှုံးရပြီး (၁၀၉၅၀) ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အမေရိကန်နိုင်ငံသား (၁၂) ဦးလည်းပျောက်ဆုံးနေဆဲရှိသေးသည်။

အီစ္စရေး၀န်ကြီးချုပ် Benjamin Netanyahu ကဟားမာစ်အားအနိုင်ယူရန်နှင့်ကမ္ဘာပေါ်၌လုံး၀မရှိတော့ရန်အထိရှင်းလစ်သွားမည်ဖြစ်ကြောင်းဖြင့်သူ၏အရေးပေါ်မိန့်ခွန်း၌ထုတ်လွှင့်ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/32Nh3
rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *