ပါကိစ္စတန်နိုင်ငံ၌ နိုင်ငံတော်ဘာသာရေးအားထိခိုက်စော် ကားသောပြစ်မှုဖြင့်တရားရင်ဆိုင်ရန်အမှုသည် (၁၇၉) ဦးအထိရှိနေဟုဆို

ပါကိစ္စတန်နိုင်ငံ၌ နိုင်ငံတော်ဘာသာရေးအားထိခိုက်စော် ကားသောပြစ်မှုဖြင့်တရားရင်ဆိုင်ရန်အမှုသည် (၁၇၉) ဦးအထိရှိနေဟုဆို

ပါကိစ္စတန်နိုင်ငံအခြေဆိုက် လူ့အခွင့်အရေးစောင့်ရှောက်ရေးကော်မတီ၏ထုတ်ဖော်ချက်အရ နိုင်ငံတော်ဘာသာအားထိခိုက်စော်ကားသည့်အမှုကိုရင်ဆိုင်ရန် စေင့်စားနေရသည့်ပါကိစ္စတန်နိုင်ငံသား (၁၇၉) ဦးရှိကြောင်း၊ ၄င်းတို့အနက် (၁၇) ဦးမှာ ယခင်အမှုအတွက်ပြစ် ဒဏ်ချမှတ်ခံရပြီးသော်လည်း နောက်ထပ်ကျန်ရှိအမှုများအတွက် ပြစ်ဒဏ်ချမှတ်မည်ကိုစောင့်ဆိုင်းနေရသည်ဟုသိရပါသည်။

ယခုကဲ့သို့အချက်အလက်များ၊ ရက်စွဲအတိအကျနှင့်သိရအ ပြီးထုတ်ပြန်ချက်ကို ‘ရင်ကျိုးဖွယ်အခြေအနေ’ ဟုအမည်တပ်ထားပါသည်။ ပြီးခဲ့သောနှစ် ဩဂုတ်လက ပန်ဂျပ်ပြည်နယ်၊ Jaranwala ၌ဖြစ်ပျက်ခဲ့သည့်တရားဥပဒေစိုးမိုးမှုမဲ့သည့်ဖြစ်ရပ်၊ မင်းမဲ့စရိုက်ဆန်သောအ ခင်းဖြစ်ပွားခဲ့သေးသည်။ အဆိုပါအခင်း၌ အကြမ်းဖက်လူအုပ်စုတစ်စုသည် ဘာသာခြားလူနေအိမ်များ၊ ဘု ရားများကိုဖျက်စီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်နှစ်ဦးသည် ၄င်းတို့၏ဘာသာကိုစော်ကား သည်ဟုအခြေအမြစ်မရှိစွပ်စွဲ၍အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေကော်မတီ၏လွှတ်တော်အမတ်ဖြစ် သော Walid Iqbal ကတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လူ့အခွင့်အရေး၀န်ကြီးဌာနမှကိုင်တွယ်ပေးရန်တောင်းဆိုလိုက်သည်။ ဘာသာရေးအားထိခိုက်စော်ကားသည်ဥပဒေသည် အခါအားလျှော်စွာကိုယ်ရေး ကိုယ်တာအမုန်းပွားမှုများကိုလက်စားချေရန်အတွက် အလွဲသုံးစွဲနေကြကြောင်း၊ ထို့ကြောင့်အားနည်းသူ များမှာအခံကြီးသာဖြစ်နေကြောင်းသူကပြောခဲ့သည်။

လတ်တလော၌ ပါကိစ္စတန်လွှတ်တော်က ကိုရမ်ကျမ်းစာအားမရိုမသေပြုလုပ်သည်ဟုစွပ်စွဲခံထားရသည့် ခရစ်ယာန်ဘာသာဇနီးမောင်နှံအားလွတ်ပေးခဲ့ပြီး ဘာသာရေးဥပဒေကိုလည်းပြန်လည်သုံးသပ်ပြင်ဆင်ရန်ကိုလည်းအဆိုတင်သွင်းထားသောကြောင့် လူ့အခွင့် အရေးအဖွဲ့၏ဩဘာ‌ပေးခြင်းကိုခံရသည်။ ယခုဆုံးဖြတ်ချက်သည် ပါကိစ္စတန်နိုင်ငံ၏ဥပဒေမှစတင်ခွဲထွက်ခြင်းသဘောဆောင်နေသည်ဟုထင်မြင်ရကြောင်း ယူကေအခြေဆိုက် Legal Aid, Assistance and Settlement (CLAAS) ၏ညွှန်ကြားရေးမှူး Nasir Saeed ကအောက်တိုဘာ (၁၉) ရက်နေ့ကမှတ်ချက်ပြုခဲ့ပါသည်။ ဤမှတ်ချက်ထွက်ပေါ်လာရခြင်းမှာ အောက်တိုဘာလ (၁၈) ရက်နေ့က တရားသူကြီး Javed က Kiran Bibi နှင့် Shaukat တို့ဇနီးမောင်နှံတို့အားဆွဲဆိုထားသည့်ဆွဲ သက်သေမခိုင်လုံ၍ဟုဆိုကပယ်ချခဲ့သည်။ စွပ်စွဲချက်မခိုင်လုံသောကြောင့်နစ်နာကြေးအဖြစ် အဆိုပါဇနီးမောင်နှံတို့အား ပါကိစ္စတန်ရူပီငွေ (၁၀၀၀၀၀) (အမေရိကန်ဒေါ်လာ ၃၅၇) နှင့်ညီမျှသောလျောကြေးကိုလည်းပေးရန်အမိန့်ချမှတ်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/32aPW
rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *