အာရှအမေရိကန်များကြားခရစ်ယာန်ဘာသာ၀င်သည် လူဦးရေးအများဆုံးဆက် လက်ရှိနေဟုစစ်တမ်အရသိရ

အာရှအမေရိကန်များကြားခရစ်ယာန်ဘာသာ၀င်သည် လူဦးရေးအများဆုံးဆက် လက်ရှိနေဟုစစ်တမ်အရသိရ

များမကြာ မီကတွေ့ရှိချက်အရ လူဦး ရေကျဆင်းနေသော်လည်း အာရှအမေရိကန်များအနက် ခရစ်ယာန်ဘာသာကိုသက်၀င်ယုံကြည်သူအများဆုံးအဖြစ်ဆက်လက်ရှိနေသည်ကို စစ်တမ်း (Pew Research Centre study) အရသိရသည်။

စစ်တမ်းအရ အရွယ်ရောက်လာသော အာရှအမေရိကန်များအနက် (၃၄) ရာခိုင်နှုန်းက ၄င်းတို့သက်၀င်ယုံကြည်သောဘာသာတရားသည် ခရစ်ယာန်ဘာသာဖြစ် ကြောင်းထုတ်ဖော်ပြောဆိုကြသည်။ ထိုအာရှအမေရိကန်များမှာ တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ကိုးရီးယားနှင့်ဗီယက်နမ်လူမျိုးတို့ဖြစ်ကြသည်။

ဤစစ်တမ်းသည် အဖွဲ့ (၂၀) ၏ရလာဒ်မှထုတ်ပြန်ချက်ဖြစ်သည်။ ဤအဖွဲ့တို့သည် အာရှအမေရိကန်နိုင်ငံသား (၁၀၀) ကျော်အားတစ်ဦးစီတွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပြီး ယခုနှစ် (ဧပြီမှဇူ လိုင်) လအတွင်းကကောက်ယူထားခြင်းဖြစ်သည်။ အာရှအမေရိကန်တို့၏ဦးရေသည် (၂၀၁၂) မှစ၍ (၄၂) ရခိုင်နှုန်းရှိနေရာမှကျဆင်းလာခဲ့ခြင်းဖြစ်သည်။ အာရှအမေရိကန်များအနေဖြင့် ၄င်းတို့သည် ခရစ်ယာန်အသင်းအဖွဲ့များနှင့်ဘာသရေးလေ့လာသင်ကြားခြင်းအားဖြင့်သော်လည်း ကောင်း၊ မိသားစုကြောင့် (သို့) ယဉ်ကျေးမှုကြောင့်သော်လည်းကောင်း တိုက်ရိုက် (သို့) သွယ်၀ိုက်သောနည်းအားဖြင့်ဆက်နွယ်နေသည်ဟုဖြေဆိုခဲ့ကြသည်။

အထက်ကဆိုခဲ့သော အာရှအမေရိကန်များအနက် ဖိလစ်ပိုင်အမေရိကန်နိုင်ငံသားတို့ သည်ခရစ်ယာန်ဘာသာအများဆုံးဖြစ်ပြီး (၇၄) ရာခိုင်နှုန်းအထိရှိသည်။ ဒုတိယအများဆုံးကား ကိုးရီးယားအမေရိကန်ဖြစ်ပြီး (၅၉) ရာခိုင်နှုန်းရှိသည်။ အနိမ့်ဆုံးအဖွဲ့ကား ဂျပန် (၂၅) နှင့်တရုတ် (၂၃) ရာခိုင်နှုန်းအသီးသီးသာရှိကြသည်။ ဖိလစ်ပိုင်အမေရိကန်ခရစ်ယာန် (၇၄) ရာခိုင်နှုန်းအနက် (၅၇) ရာခိုင်နှုန်း၊ ဂျပန် (၃) ရာခိုင်နှုန်း၊ တရုတ် (၅) ရာခိုင်နှုန်းသာ ကက်သလစ်များဟုသတ်မှတ်ကြသည်။ ယခုအခါ အာရှအမေရိကန်တို့သည်ခရစ်ယာန်များဖြစ်ကြသော်လည်း မည်သည့်ခရစ်ယာန်အဖွဲ့အစည်းနှင့်မျှချိပ်ဆက်ခြင်းမရှိသည့် ဦးရေများတိုးပွားလာနေသည်။

(၂၀၁၂) နှစ်က (၂၆) ရာခိုင်နှုန်းခန့်သာ မည်သည့်ခရစ် ယာန်အဖွဲ့အစည်းနှင့်မျှမသက်ဆိုင်သောအာရှအမေရိကန်ခရစ်ယာန်များရှိခဲ့သော်လည်း လောလောလတ်လတ်စစ်တမ်းအရ (၃၂) ရာခိုင်နှုန်းအထိတိုးလာခဲ့သည်။ ဤသို့ပြောဆိုရပ်တည်လာကြသောသူများအားပြန်လည်စစ်တမ်းကောက် ယူရာတွင် အများပိုင်းမှာအရွယ်ရောက်လူငယ်များဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၌မွေးခဲ့သူပိုများသည်။ အာရှအမေရိကန်များအနက် (၃၂) ရာခိုင်နှုန်းမှာ ပြည်ပမှမွေးဖွားခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု၌မွေး ကြီးလာခဲ့ကြသော အာရှအမေရိကန်လူငယ်များအနက် ဘုရား၀တ်ပြုခြင်းကို တစ်လတစ်ကြိမ်ခန့်သွား ရောက်ပါ၀င်လျှက်ရှိသည်။

အာရှအမေရိကန်များအတွက် သုံးပုံတစ်ပုံမျှသာ ဘာသာရေးသည်အဓိကကျသည် ဟုခံယူကြပြီး (၂၅) ဦးလျှင် (၁) ဦးမျှသာ ဘာသာရေး၀တ္တရားများကို ပတ်စဉ်ဖြည့်ဆည်းနေကြသည်။ အမေရိကန်ပြည်ထောင်စုမှအပ အခြားသောနိုင်ငံများ၌ခရစ်ယာန်ဦးရေသည်နည်းပါးသည်။ အထူးသဖြင့်အာရှနိုင်ငံများ၌အလွန်နည်းသည်။ အာရှပစီးဖိတ်နိုင်ငံများ၌ အီစ္ဏလာမ်၊ ဗုဒ္ဓ၊ ဟိန္ဓူဘာသာများသာတိုးပွားလာနေကြောင်းဖြင့် စစ်တမ်းအဖွဲ့ကမှတ်တမ်းတင်ထားပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/ZKLS

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *