ဖာသာရ် peter ကြည်မောင် (မန္တလေး) ၃၀ ကြိမ်မြောက်သာမန် အင်္ဂါနေ့ ဩဝါဒ ၃၁၊ ၁၀၊ ၂၀၂၃

31 October 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်လုကား ၁၃:၁၈-၂၁ မှာ သခင်ခရစ်တော် ခနခနသုံးနှုန်းနေတဲ့ Kingdom of God ကောင်းကင်နိုင်ငံတော် အကြောင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်မှု့မရှိသေးတဲ့ သူနောက်လိုက်တပည်တော်ကြီးတွေကို သေခြာနားလည်စေရန် ‌လူနေမှု့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ မုန်ညှင်းစေ့ နဲ့ တစေး ဥပမာနှစ်ခုနဲ့ ရှင်လင်းပြသခဲ့တာကို ကြားနာခဲ့ရတယ်။ ပထမ မုန်ညှင်းစေ့ ဥပမာ မှာ သေးငယ်သော အစေလေးက နေကျေးဌက်သာရကာတွေ လာရောက် နားခိုနေထိုင်ရာ အပင်ကြီးဖြစ်လာစေတဲ့အကြောင်း တစေး ပုံဥပမာမှာလည်း အနည်းငယ်သော တစေးရဲ့ စွမ်းဆောင်မှု့ ဟာ ဂျုံ  ပေါင်မုန် တခုလုံးကို ကြီးထွားဖေါင်းလာစေတယ် ဆိုတဲ့အကြောင်း ဒီပုံဥပမာနှစ်ခုလုံးဟာ သေးငယ်သော အရားလေးတွေကနေ စတင်ပြီး အဆုံးမှာကြီးမားတဲ့အရာတွေကို ဖြစ်ပေါ်စေတယ်  ရရှိစေတယ် လို ဆိုလိုထားခြင်းပါပဲ။ သေးငယ်သော ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခွင့်လွတ်ခြင်း၊ နားလည်မူ့ပေးခြင်း၊ သည်းခံလိုက်ခြင်း၊ နှိမ်ချတပ်ခြင်း၊ ဖြူစဉ်ရိုးသားစွာ ပြုံးပြလိုက်ခြင်း၊ ခွင်ပြုပေးလိုက်ခြင်း၊ ဒီအရာတွေသာ သေးငယ်ပေါ့ပါးတဲ့အရာလေးတွေပါ သူတို့ကို လက်တွေ့ဘဝမှာ အသုံးချရှင်သန်ကြည့်လိုက်ရင် ကြီးမားတဲ့ ကောင်ကျိုးချမ်းသာတွေရလာမယ် ဆိုတာ လူတိုင်းသိပါတယ်။ အဲ့အရာတွေထဲးကမှ လက်တွေ့ခံစားရတဲ့ အရားလေးတခု ကို ဝေမှပေးပါရစေ၊ ခွင့်လွတ်ခြင်း လူတယောက်ကို သိစိတ် မသိစိတ်ထဲးကနေ တကယ် ခွင်လွတ်ဖို့ ဆိုတာ သေးငယ်တဲ့အရာလေးတွေကစရတာပါ။ ခွင်မလွတ်နိုင်မှု့ဆိုတာ မိမိရဲ့မာနတရားက ကို့ကို တွန်းအားပေးနေလို့ပါ ဒါကို လစ်လျှူ ရှုခြင်း၊ ခွင်မလွတ်နိုင်တဲ့ စိတ်ဖြစ်ပေါ်လာတဲ့အချိန်တိုင်း လစ်လျူရှုတာ မသိကျိုးကျွန်ပြုပြစ်တာကနေ တဖြေးဖြေး ကိုဘဝက ပေါ့ပါးလာတယ်။ ကိုယ့်ကိုနိုင်ထက်စီနင်ပြုသွားသူအကြောင်းကို မတွေတော တော့တာက ဒေါသစိတ် ခံစားချက်တွေပါလျှောနည်းလာတယ်။ စော်ကားခဲ့သူရဲ့အကြောင်းကို ပြန်တွေမိချိန်မှာ ဘာနာကျည်းမူ့မ မခံစားရတော့တဲ့အချိန်ဟာ ကြီးမားတဲ့အောင်မြင်မှု့ကိုရလိုက်တာပါပဲ။ ခွင်လွတ်တပ်သွားတဲ့လူတယောက်ရဲ့ဘဝမှာ ကြီးမားတဲ့ အေးချမ်းမှု့တွေခံစား လာရစေတယ်။ မုန်းညှင့်စေလေးလောက်ကနေ စလိုက်တဲ့ ခွင့်လွတ်မှု့က ကြီးမားတဲ့ အေးချမ်းမှု့  ငြိမ်ချမ်းမှု့ကြီးစီ သင်ကို ခေါ်ဆောင်ပေးသွားတာခံစားရပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့နေရာဟာ သင့်ဘဝအတွက် လောကနိဘဏ်၊ ကောင်းကင်နိုင်ငံတော်ပါပဲ။ 
သေးငယ်တဲ့အရာလေးတွေကနေ စတင်တပ်ကြပါစေ။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *