အိန္ဒိယနိုင်ငံ၏ကာဒီနယ် သက်တော် (၈၄) နှစ်ပျံလွန်

အိန္ဒိယနိုင်ငံ၏ကာဒီနယ် သက်တော် (၈၄) နှစ်ပျံလွန်

အိန္ဒိယမှကက်သလစ်သာသနာသည် ကာဒီနယ် Teleshore Placidus Toppo ပျံလွန်ခြင်းအတွက် ၀မ်းနည်းပူဆွေးနေကြသည်။ ကာဒီနယ်သည် ပျံလွန်ချိန်၌ သက်တော် (၈၄) နှစ်ရှိပြီဖြစ်သည်။ သူသည် Ranchi, Jharkhand ဆေးရုံတွင် ဗုဒ္ဓဟူးနေ့ကပျံလွန်သွားခဲ့သည်။

သူသည် လူမျိုးနွယ်စုများအနက်ပထမဦးဆုံးကာဒီနယ်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသူလည်းဖြစ်သည်။ (၂၀၀၁ – ၂၀၀၄၊ ၂၀၀၄ – ၂၀၀၈၊ ၂၀၁၁ – ၂၀၁၃) အထိ အိန္ဒိယကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ဥက္ကဌအဖြစ်လည်းအမှုထမ်းခဲ့သလိုလွန်ခဲ့သောလအနည်းငယ်မှစ၍ အိပ်ယာထဲမှမထနိုင်သည့်အခြေအနေသို့ရောက်ရှိနေခဲ့သည်။

သူ့အားအောက်တိုဘာ (၅၊ ၁၉၃၉) Jhargaon တွင်မွေးဖွားခဲ့သည်။ လယ်သမားမိသားစုမှမွေးဖွားခဲ့သူလည်းဖြစ်သည်။ မောင်နှမ (၁၀) ဦးအနက် (၈) ဦးမြောက်ဖြစ်သည်။ အခြေခံလူတန်းစားမိသား စုဖြစ်၍ ပညာရေးကိုဆုံးခန်းတိုင်စေရန်မှာရုန်းကန်ခဲ့ရသည်။ သူသည်ပညာသင်ကြားရန်လွန်စွာစိတ်အားထက်သန်သောကြောင့် လယ်သမားမိသားစုက သူ၏ရည်မှန်းချက်ပြီးမြောက်စေရန်အားထုတ်ရုန်းကန်ခဲ့ရသည်။

သူ့အားခေါ်တော်မူခြင်းလမ်းစဉ်ကိုလျှောက်လှမ်းရန်မျိုးစေ့စတင်ကြဲပေးခဲ့သူမှာ ဘဲလ်ဂျီယံနိုင်ငံသား ဂျက်ဆွီစ်ဘုန်းကြီးတစ်ပါးဖြစ်သည်။ အဆိုပါဘုန်းကြီးသည် ကာဒီနယ်တို့၏ရွာသို့အလည်ရောက်ရှိလာခဲ့သည်။ သူသည်ပင်လယ်ခုနှစ်တန်ကိုဖြတ်ကူး၍ ဧ၀ံဂေလိတရားကိုဟောကြားရန်အိန္ဒိယသို့ရောက်ရှိနေကြောင်းကိုပြောခဲ့ရာကာဒီနယ်သည် နိုင်ငံအတွင်းရှိ ဂိုဏ်းချုပ်လက်အောက်ရှိဂိုဏ်းအုပ်သာသနာများစု ပေါင်းဖွင့်လှစ်ထားသော စိန့်အဲလ်ဘက်ရဟန်းဖြစ်တက္ကသိုလ်သို့၀င်ရောက်သွား၍ ပညာရပ်များကိုသင်ကြားခဲ့သည်။

သူသည် Ranchi ရှိ စိန့်ဇေးဗီးယားကောလိပ်မှဂုဏ်ထူးတန်းဖြင့်အောင်မြင်ခဲ့သည်။ သူသည်သမိုင်းဘာသာရပ်ဖြင့်မာတာဘွဲ့ရပြီးနောက် ဖိလိုဆိုဖီဘာသာရပ်ကိုဆက်လက်သင်ယူခဲ့သည်။ ၄င်းနောက်သီဩလိုဂျီဘာသာရပ်ကိုဆက်လက်လေ့လာရန် အီတလီနိုင်ငံ၊ ရောမမြိုံ၌ဖွင့်လှစ်ထားသော ‘Urban’ တက္ကသိုလ်သင်ကြားခဲ့သည်။

သူ့အား ရဟန်းသိက္ခာကို (၁၉၆၉) တွင်ဆွီဇီလန်နိုင်ငံ Basel ဆရာတော် Franciskus လက်တော်မှခံယူခဲ့သည်။ ထို့နောက်ကာဒီနယ်သည် ကက်လသစ်ရဟန်းတစ်ပါးအဖြစ်အိန္ဒိယသို့ပြန်သွားခဲ့သည်။ အိန္ဒိယ၌သူသည် Torpa ရှိစိန့်ဂျိုးဇက်အထက်တန်းကျောင်းတွင်စာသင်ပြခဲ့သည်။ (၁၉၇၆) တွင် ‘Lievens’ Vocation Center’ (ခေါ်တော်မူခြင်းစမ်းစစ်သောနေရာ) ကိုတည်ဆောက်ခဲ့ပြီး သူသည်ထိုနေရာ၏ပထမဦးဆုံးကျောင်းအုပ်အဖြစ်လည်းအမှုထမ်းခဲ့သည်။

နောက်ပိုင်း၌ Ranchi ၏ဂိုဏ်းချုပ်ဆရာ တော် Pius Kerketta S.J. ၏အတွင်းရေးမှူးဖြစ်လာခဲ့သည်။ (ဇွန် ၈၊ ၁၉၇၈) ၌ရဟန်းမင်းကြီးက သူ့အား Dumka ဆရာတော်အဖြစ်ရွေးချယ်ခဲ့ပြီး ဆရာတော်သက္ခာကိုမူ (အောက်တိုဘာ ၇၊ ၁၉၇၈) တွင်ခံယူခဲ့သည်။ (နို၀င် ဘာ ၈၊ ၁၉၈၄) ၌ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) က သူ့အား Ranchi ၏လက်ထောက်ဆရာတော်အဖြစ်ကြေ ညာခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်အဖြစ် (ဩဂုတ် ၂၅၊ ၁၉၈၅) ခုနှစ်တွင်အမှုတော်ကိုစတင်တိုးမြှင့်ထမ်းဆောင်ခဲ့သည်။

သူ့အား ကာဒီနယ်အဖြစ်လည်း ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) က (အောက်တိုဘာ ၂၁၊ ၂၀၀၃) တွင်ရွေးချယ်တင်မြောက်ခဲ့သည်။ ထို့ကြောင့်သူသည် ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏အရိုက်အရာကိုဆက်ခံရန် ရဟန်း မင်းကြီးသစ်ကိုရွေးချယ်ရာ၌လည်းကောင်း၊ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည်ကျန်းမာရေးကြောင့်အနားယူသွားချိန်၌ ရဟန်းမင်းကြီးဖရန်စစ်ဖြစ်လာမည့်ရွေးချယ်တင်မြောက်ရာ၌လည်း ကာဒီနယ် သည်မဲပေးခဲ့သည်။

သူသည် သီရီလင်္ကာနိုင်ငံ၊ ကိုလွန်ဘိုမြို့၌ (နို၀င်ဘာ ၂၈ – ဒီဇင်ဘာ ၄၊ ၂၀၁၆) တွင်ကျင်း ပသော (၁၁) ကြိမ်မြောက် အာရှဆရာတော်ကြီးများအဖွဲ့၏ပုံမှန်အစည်းအ ဝေး သို့လည်း အထူးသံတမန်အ ဖြစ်စေလွတ်ခံခဲ့ရသည်။

သူ၏ဘ၀တစ်လျှောက်လုံး၌ နွမ်းပါးချို့တဲ့သူများ၊ လိုအပ်နေသူများအတွက်သာကုန်ဆုံးစေခဲ့သည်။ သူ၏ရက်ရောမှု၊ အသင့်ရှိနေမှု၊ ကြင်နာတတ်မှုတို့သည် သူ၏ရိုးစင်းသောဘ၀မှထူးခြားစွာရုပ်လုံးကြွ လာစေခဲ့သည်။ လူတိုင်း၏ကြည်ညိုလေးစားမှုကိုခံခဲ့ရသည်။ ကျောသားရင်သားမခွဲခြားဘဲ အားလုံးကိုရင်း နှီးစွာဆက်ဆံသည်။

သူ၏၀ိညာဉ်ရေးကျင့်စဉ်သည်ထူးခြားလှသည်မဟုတ် လွန်စွာရိုးရှင်းသည်။ သို့သော်ဩချရလောက်သည်။ ဆုတောင်းခြင်းဖြင့်အသက်ရှင်သော ယုံကြည်ခြင်းကြီးသူဖြစ်သည်။ ယေဇူးသခင်ကိုယုံကြည်စွာပုံအပ်သည်။ ကမ္ဘာတစ်၀ှမ်းလုံးမှအမိကက်သလစ်သာသနာကြီးနှင့်တစ်ပေါင်းတစ်စည်းရှိရေးကိုအစဉ်အလေးထားသူဖြစ်သည်။ ကိုယ်တော်မြတ်ကိုလွန်စွာယုံကြည်သည်။ ယေဇူးရွှေနှလုံးတော်ကိုကြည်ညိုမှုနှင့် အမိမယ်တော်ကိုအားကိုးခြင်းလွန်စွာကြီးသည်။ သူ၏တစ်နေ့တာ၌ အမှုတော်မည်မျှများပြားပြီး ရှုပ်ထွေးစေကာမူ မစ္ဆားတရားပူဇော်ခြင်း၊ စိတ်ပုတီးစိပ်ခြင်း၊ သာသနာကသတ်မှတ်ပေးထားသောဆုတောင်းမေတ္တာများကိုလစ်ဟင်းမှုလုံး၀မရှိစေရန်ဖြည့်စွက်သူဖြစ်သည်။

သူ၏ရဟန်း၀ါတော်မှာ (၅၄) ၀ါဖြစ်ပြီး ဆရာတော်၀ါမှာ (၄၄) ၀ါဖြစ်သည်။ ကာဒီနယ်အဖြစ် (၁၉) နှစ်တိုင်တိုင်အမှုထမ်းခဲ့သူဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/Xs2z
rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *