ဖာသာရ် Peter ကြည်မောင် (မန္တလေး) ၂၇ ကြိမ်မြောက်သာမန်သီတင်းပတ် ကြာသပတေးနေ ဩဝါဒ ၁၂၊ ၁၀၊ ၂၀၂၃

12 October 2023
ဓမ္မမိတ်ဆွေတို့ ဘုရားကို ယုံကြည်ကြောက်ရွံသူတွေဟာ ဘုရားရှင်စီရင်တော်မူခြင်းမှ ကင်းလွတ်ခွင့်ရရန် မှတ်သာထားခြင်းခံကြရမယ်ဆိုပြီး ပထမကျမ်း မာလခိကျမ်း အခန်းကြီး ၃ မှာကြားနာခဲ့ရတယ်။ နေ့စဉ်ကျွန်တော တို့ရဲ့အသက်တာဟာ မှတ်သာထားခြင်းခံရတယ်။ တပါးသူကိုသာ လိမ်လို့ရယ် ဘုရားကို လိမ်လို့မရဘူ၊ ဘုရားကိုကြောက်ရွံတယ် ဆိုတာ ဘာကိုဆိုလိုတာလဲး၊ ထာဝရအသက်ဆုံးရုံးသွားမှာ ကိုကြောက်တာ၊ လောကမှာခံစားနေရတဲ့ ငြိမ်းချမ်းမူ့တွေပြောက်ဆုံးသွားမှာ၊ ငါ့ကိုမိဘက မွေးပေးပေမဲ့ ဖန်ဆင်းရှင်ကသာ၊ အသက် ရှင်ခွင်ပေးထါးလို့ နေနေရတာ၊ ထါဝရအသက်ကိုပေးနိင်သူ၊ ထာဝအပြစ်ဒဏ်ကို စီရင်ပိုင်ခွင့်ရှိသူ၊ ဒါကြောင့်သူတရားကိုလိုက်နာတာ သူ့အလိုကို လိုက်နာတာပဲ။ သူ့တရားက သူကိုယုံကြည်ကိုးကွယ်ရမယ်၊ သူကိုချစ်ရမယ် အဲ့တာလဲး ငါ့တိုကောင်းကြိုး ချမ်သာအတွက်၊ လူလူခြင်း ချစ်ခိုင်းတယ် ခွင်လွတ်ခိုင်းတယ်။ မိမိကိုမပြုစေလိုတာကို သူတပါးသူကို မပြုဖို့ သင်ပေးတယ်  ၊ ကိုယ်ခြင်းစာတရား ထားခိုင်းတယ်။ သူကိုချစ်ရင်ဒါတွေလိုက်နာကြောင်းသက်သေပြာပါပဲ၊ အဲ့လိုလူတွေဟာ စီရင်ခြင်းနဲ့ကင်းလွတ်မည့်အကြောင်း မှတ်တန်းတင်ခံကြရမယ်။ ဒီကနေ့ရှင်လုကားဧဝံဂေလိကျမ်း ၁၁ မှာ ဘုရားသခင်စီမှာတောင်ကြပါ ရကြလိမ့်မယ်။ ဘုရားကိုရှာပါ တွေ့ကြလိမ့်မယ် ခေါက်ကြပါ ပွင့်လိမ့်မယ်၊ ဆိုပြီး ကြာနာခဲ့ရတယ်။ ရှင်လုကားရဲ့ဆိုလိုခြင်းက လူဟာ ဖန်ဆင်းခံ သတ္တဝါ၊ အပြစ်သား အားနည်းသူ၊ ကောင်းကင်နိုင်ငံဝင်ဖို့မထိုက်တန်သူ၊ ဘုရားခွင့်ပေးမှ အသက်ရှင်ခွင်ရသူ အတွက် အရာရာဟာ ဘုရားပေးမှ၊ ဘုရားခွင်ပြုမှ ရကြ၊ ပိုင်ဆိုင်ကြကတယ်၊ ဒါကြောင့် ဘုရားကိုယုံကြည်သူတွေအတွက် ဆုတောင်းခြင်းဟာအရေးကြီးတယ် ဆိုတာသတိပေးနေခြင်းဖြစ်တယ်။ ရှင်လုကားကျမ်းထဲးက ပုံဥပမာလို ဆိုတောင်းတယ် ဆိုတာ ကိုရဖို့မဟုတ်ဘူး တပါးသူကို ကူညီဖို့ဖြစ်ရမယ် ၊သူတပါးပြသနာကို မိမိဖက်က လုပ်ပေးဖို အချိန်အခါ၊ အခွင့်အရေး၊ အခြေအနေအဆုံမှာမှ ကိုတော် တပည်တော်မှာသူကို ကူညီဖို့ ဘာမှ မရှိတဲ့အတွက် ကိုတော်ကူညီပေးပါဆိုပြီး တပါးသူကောင်းကြိုးအတွက်တောင်တာဖြစ်တယ်။ ဆုတောင်းခြင်းမှာ ယုံကြည်သးတွေသတိထားရမှာက ကိုယ်ဖက်က အားစိုက်အနစ်နာခံမူ့မပါပဲ ဆုတောင်းနေရုံနဲ့မရဘူး၊ ဆုတောင်းခြင်းမှာ ကိုယ် သာရဖို့ အတ္တနဲ့ဆုတောင်းနေလို့မရဘူး၊ ဆုတောင်းခြင်းမှာ ဘုရားပေးနိုင်တာပဲတောင်းရမယ်၊ ဘုရားက ကောင်းမြတ်ခြင်းဖြစ်တယ် ကောင်းတာပဲတောင်းရမယ်၊ ဘုရားက ထာဝရဖြစ်တယ် ထာဝနဲ့ဆိုင်တာကိုပဲတောင်းရမယ်။ ထာဝရအသက်ကိုရနိုင်မည့်နည်းလမ်း တွေကိုပဲ တောင်ကြရမယ် ဆိုတာကို သတိပေးနေခြင်းဖြစ်တယ်။ ဆုတောင်းတပ်သူတွေဖြစ်အောင်ကြိုးစားကြပါစို့။

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *