မန္တလေး CRMDY သူတော်စင် အဖွဲ့ လစဉ် ဉပုသ်စောင့်ခြင်းကိုအတူတကွပြုလုပ်၊ ဆွမ်းဒါနပြုသူများလည်းရှိလာ

မန္တလေး CRMDY သူတော်စင် အဖွဲ့ လစဉ် ဉပုသ်စောင့်ခြင်းကိုအတူတကွပြုလုပ်၊ ဆွမ်းဒါနပြုသူများလည်းရှိလာ
၂၉၊ ၉၊ ၂၀၂၃
Catholic Religious of Mandalay (CRMDY) ၊ မန္တလေး သစ္စာ သုံးပါးခံ ကက်သလစ်သူတော်စင်များအဖွဲ့ဟာ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ အတွင်း သာသနာပြုနေကြပြီး သုံးပါးသစ္စာခံယူသူ ၊ အမျိုးသား၊ အမျိုးသမီး ၊ ရဟန်း၊ ကိုရင် သီလရှင်များ ပါ၀င်တဲ့ သူတော်စင်အဖွဲ့အစည်း တခုဖြစ်ကာ သာသနာလုပ်ငန်းများ အတူတကွ လုပ်ဆောင်နေကြတဲ့အဖွဲ့လည်းဖြစ်ပြီး ၂၀၂၃ ဩဂုတ်လမှ စတင်ကာ လစဉ္ ှဉပုသ် စောင့်ခြင်းကို မိမိတို့ ကျောင်းများတွင်မဟုတ်တော့ပဲ အတူတကွစုပေါင်းပြုလုပ်လာကြတာဖြစ်သလို ဒီအတွက်ဒါန ကုသိုလ်ပြုလာကြသူများလည်းရှိလာပါတယ်။
သစ္စာသုံးပါးခံသူတော်စင်များအနေနဲ့ တစ်လလျှင် ၁ရက်တာ တကြိမ် Recollection ၊ တစ်နှစ်လျှင် ရက်သတ္တပတ်တာ ဉပုသ်ကြီး Retreat ဆိုပြီး ပုံမှန်ဉပုသ်စောင့်ကြရတာဖြစ်ပြီး မိမိအသင်းဂိုဏ်းအလိုက်သာ၊ မိမိတို့သတင်းသုံးရာ ကျောင်းတော်များမှာ ဉပုသ်စောင့်ခြင်းကိုပြုလုပ်ခဲ့ကြတာဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာတော့ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုကိုပြုပြီး ဂျူလိုင်လ အစီအေ၀းရဲ့ ဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်ကာ စုပေါင်းဉပုသ်စောင့်ခြင်းအစီအစဉ္ကို ပြုလုပ်လာကြတာဖြစ်ပါတယ်။
ဒီလိုပြုလုပ်ရာမှာ ပုံမှန်အချိန်ဇယားအရ ၊ အလှည့်ကျတဲ့ အသင်းဂိုဏ်းမှ စီစဉ္ထားတဲ့ နေရာကို နံနက် ၈း၃၀ နာရီမှာ အရောက်သွားကာ စာရင်းပေးသွင်းခြင်း Registration နှင့် Contribution အလှူမျှဝေထဲ့၀င်ခြင်း၊ တစ်နာရီကိုယ်တော်မြတ်ကိုးကွယ်ခြင်း၊ Benediction နှင့် အာပတ်ဖြေခြင်းစက္ကရမင်တူးခံယူခြင်း၊ ပို့ချချက်နားထောင်ကြခြင်း၊ အဆာပြေသုံးဆောင်ခြင်း၊ မစ္ဆားတရားတော်မြတ်အတူတကွ နာယူခြင်းနှင့်နေ့လည်စာသုံးဆောင်ခြင်း ၊ လပတ်အစည်းအဝေး တို့နဲ့ ပုံမှန်အချိန်ဇယားဆွဲထားသလို အလှည့်ကျ တာ၀န်ယူထားတဲ့ အသင်းဂိုဏ်းမှ မိမိတို့ Convent ကျောင်းတော်မှာပဲဖြစ်စေ ၊ သာသနာစီရင်စု ဘုရားကျောင်းမှာဖြစ်စေ နေရာ နှင့် အစား အသောက်တို့ကိုစီစဉ္ပေးကြတာဖြစ်ပါတယ်။
CRMDY အဖွဲ့အစည်းရဲ့ ရံပုံငွေမှာ နှစ်စဉ္ ပုံမှန် မ တည်ကာ ပံ့ပိုးသူကတော့ မြစ်ငယ်မှ ဉီးမြင့်ေ၀ ဖြစ်ပြီး အခုအခါ အထက်ဖော်ပြပါ ဉပုသ်စောင့်ခြင်းမှာလည်း နီးစပ်ရာမိတ်ဆွေများမှ သူတော်စင်များထံမှ အထူး ဆုတောင်းမေတ္တာတောင်းခံရင်း မိမိတို့သာသနာအလှည့်ကျတဲ့နေ့မှာ နေ့ဆွမ်းအလှူကိုသော် လည်းကောင်း၊ အဆာပြေကိုသော် လည်းကောင်း လှူဒါန်းကြသလို မိမိတို့ကိုယ်တိုင် အချိန်ပေးကာ လာရောက်ဆက်ကပ် ပြင်ဆင်ချက်ပြုတ်ပေးကြတဲ့ ဘာသာသူများလည်းရှိလာပါတယ်။
အထက်ပါအစီအစဉ္ တွေနဲ့ပတ်သက်လို့ လက်ရှိ CRMDY ဉက္ကဌ ဖြစ်သူ ဆလေးရှင်းဘုန်းတော်ကြီး Fr.Raphael Thurein Oo,SDB မှ တာ၀န်ကျအသင်းဂိုဏ်းနဲ့အလှူရှင်များကိုကျေးဇူးတင်ကြောင်းဆိုကာ ဒီအစီအစဉ္လေးပြုလုပ်ဖြစ်တဲ့အကြောင်းကို
“အရင်က ၅ နှစ်တာ စီမံကိန်းထဲမှာတွေ့လို့ စဉ္းစားမိပြီး အဖွဲ့ကို အကြံပြုလိုက်ခြင်းကနေ စတင်လာတာပါ။ Community တွေမှာသီးသန့်လုပ်တဲ့အခါ ဘုန်းကြီးဖိတ်ဘို့ ရှာဘို့ အားတဲ့အချိန်ညှှိဘို့ ကိစ္စလေးတွေနဲ့ အခက်အခဲဖြစ်ကြတော့ အားလုံးကလည်း သဘောတူခဲ့ကြပါတယ်။ အခုလိုအစီအစဉ္မှာ အသင်းဂိုဏ်းတိုင်းရဲ့ ပါ၀င်မှုတွေက ကျနော့အနေနဲ့တကယ်အားရမိတယ်။ တက်ညီလက်ညီ “Yes” လို့ဆိုပြီးပါ၀င်လာကြတာကိုမြင်ရတယ်။ Confession ကအစ၊ ၀ိညာဉ္ရေးပြင်ဆင်အားဖြည့်မှုကို အချိန်ပေးပြုလုပ်ကြတာမြင်ရတာဟာဆိုရင် ကျနော်အနေနဲ့ တကယ်အားရတယ်။ ကောင်းတဲ့အရာ၊ လုပ်သင့်တဲ့ အစီအစဉ္ဖြစ်ပါလားလို့ လည်း ခံစားမိတယ်။ အသင်းဂိုဏ်းတိုင်းလည်း ဒီလိုပဲခံယူကြမယ်ထင်ပါတယ်” လို့ ေ၀မျှသွားခဲ့ပါတယ်။
အရင်က လစဉ္ ပုံမှန်အစည်းအဝေးကို House Superior တွေပဲပြုလုပ်ခဲ့ကြကြောင်း၊ တစ်နှစ်တစ်ကြိမ် ဖေဖော်၀ါရီလ ၂ ရက် နေ့ Consecrated Day မှာ အားလုံးစုပေါင်းအစည်းအဝေးကြီးရှိကြကြောင်း၊ အခုတော့ တဆင့်ထပ်တိုးပြီး လစဉ္အစည်းအဝေးကို ဉပုသ်စောင့်တဲ့ရက်မှာ ပြုလုပ်လာနိုင်တာလည်းဖြစ်သလို ပုံမှန်အားဖြင့် အပါး ၃၀ မှ
၄၀ ၀န်းကျင်ခန့်တက်ရောက်ကြပါတယ်။
CRMDY ဟာ မန္တလေးမြို့ရှိ ၊ ကင်ဆာဖောင်ဒေးရှင်း၊ ရေနံ့သာရှိအနာကြီးရောဂါဆေးရုံ၊ စစ်ကိုင်းမြို့ရှိစက္ကုအာရုံ ချွတ်ယွင်းသူများကျောင်း၊ အကျဉ္းထောင်များ၊ မိဘမဲ့ကလေးများထံသို့လည်းကောင်း အလည်အပတ်ကြွရောက်ခြင်း၊ တတ်နိုင်သည့်အကူအညီများပေးခြင်းတို့ကို ပုံမှန်ပြုလုပ်နေကြတာဖြစ်ပါတယ်။
“Feeling Joyful ဆုံစည်းခြင်းမှာ အတွေ့အကြုံဗဟုသုတတွေရသလို အမြင်တွေဖလှယ်နိုင်ကြတယ်။ One Spirit,One Mind ဆိုတဲ့ အမှတ်သင်္ကေတဖြစ်တယ်လို့ကျမအနေနဲ့ခံစားရပါတယ်” လို့ Sr.Petra, OSM က ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
ဖရန်စစ္စကင်းအသင်းဂိုဏ်းမှ Sr.လီလီ ကလည်း “ကျမအနေနဲ့ ပြီးခဲ့တဲ့လကနေ စတင်ခဲ့ကြတဲ့ ဒီအစီအစဉ္ကို အရမ်းသဘောကျတယ်။ ဒီ Recollection အချိန်လေးက စိတ်အေးချမ်းသလို ကိုယ့်ရဲ့ကျောင်းမှာလုပ်တာမဟုတ်တော့ ကိုယ့်တာ၀န်တွေ ခဏမေ့ထားပစ်ထားခဲ့နိုင်တာမို့ အေးအေးဆေးဆေး ဘုရားရှိခိုးနိုင်တာရယ် နောက်ပြီးReligious တွေ အတူတူဆုတောင်းရတာဟာလည်းအရမ်းအကျိုးရှိတယ်၊ အရမ်း၀ိညာဉ္ခွန်အားရတယ်လို့ခံစားရတယ်။ ကျမ community sister တွေနဲ့တောင် အကျိုးရှိကြောင်း ဒီကိစ္စပြောဖြစ်သေးတယ်။ ကျမတို့ဆီတာ၀န်ကျတော့လည်း အားလုံးအဆင်ပြေပြေ ဘုရားနဲ့ပေါင်းစပ်နိုင်ပါစေ ဆိုတဲ့ ခံယူချက်လေးနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်ပေးခဲ့တာပေါ့နော်။ ခရီးမသွားရင် ဒီ recollection ရှိတဲ့အချိန်တိုင်းအမြဲပါ၀င်မယ်လို့လည်း ကျမဆုံးဖြတ်ထားတယ်” လို့ဆိုပါတယ်။
“၀ိညာဉ္ရေးအတွက်တကယ်ခွန်အားပါပဲ၊
အစ၊ အလယ်၊ အဆုံး ကောင်းကောင်းပါ၀င်နိုင်တယ်။ တကယ်အားရပျော်ရွှင်မိတယ်။ အားလုံးအတူတကွပါ၀င်ပြီး တယောက်ရဲ့ယုံကြည်ခြင်းကို တယောက်က လေးနက်အောင် မျှေ၀နေတဲ့ အစီအစဉ္လေးဖြစ်တယ်လို့ခံစားရတယ်”လို့လည်း ဆလေးရှင်းမှ Sr.Thuzar Aung က ေ၀မျှခဲ့ပါတယ်။
ဤယနေ့ ဉပုသ်စောင့်ခြင်း အစီအစဉ် မစ္ဆားတရားအတွင်းမှာ ဩ၀ါဒပေးသူ ဆလေးရှင်းမှ Fr.Gabriel Myint Aung က၎င်းရဲ့ဩ၀ါဒမှာ မသိသူကျော်သွားသိသူဖော်စားဆိုတဲ့အတိုင်း၊ ကျွန်ုပ်တို့ကိုစောင့်ေရှာက်ဘို့ ဘုရားကပေးထားတဲ့ သိကြားတမန်တော်တွေကို မမေ့ကြဖို့၊ နတ်ဆိုးနဲ့မကောင်းမှုတွေနှိမ်နှင်းသူ သိကြာမင်းမီကာအဲလ်၊ အမိန့်တော်ပြန် ပြန်ကြားရေးတာ၀န်ခံ သိကြားမင်း ဂါဗြီအဲလ် ၊ ကုသမှုပေးသူ သိကြားမင်း ရာဖာအဲလ် စသဖြင့် အသီးသီးတာ၀န်တွေနဲ့ဘုရားက ခန့်အပ်ထားကြောင်း၊ ရပာန္တာပွဲတွေကို အလကားကျင်းပတာမဟုတ်ပဲ သူတို့ရဲ့ကောင်းမြတ်တဲ့အကျင့်ပုံစံတွေကို အတုယူလိုက်ကျင့်ဖို့ ၊ သူတို့လိုပဲ ဘုရားသခင်အပေါ် သစ္စာရှိဘို့ ဖြစ်ကြောင်း၊ သိကြားမင်း ၃ ပါးဟာ ဘုရားအပေါ် သစ္စာရှိရှိနဲ့ နာခံခဲ့ကြသလို ကျွန်ုပ်တိ့လည်း ရွှင်လန်းအားရခြင်းတွေနဲ့ဆက်ကပ်ပြီး ဘုရားရှင်ကို သစ္စာရှိရအောင်လို့ တရားပေးခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၂၉ ရက်၊ ဤေနပြုလုပ်ခဲ့တဲ့ ဉပုသ်စောင့်ခြင်းနေ့ဟာ သိကြားမင်းကြီး ၃ ပါးတို့ရဲ့ ပွဲနေ့ဖြစ်တဲ့အတွက် ပွဲနေ့ရှင်များဖြစ်ကြတဲ့ Fr. Raphael Thurein Oo,SDB နဲ့ Fr Gabriel Myint Aung,SDB တို့အား အစည်းအဝေးအချိန်မှာ နူတ်ဆက်ရင်း လက်ဆောင်များပေးအပ်ခဲ့ကြပါတယ်။ အစည်းအေ၀းအတွင်ယခင်လမှ စည်းဝေးမှတ်တမ်းဖတ်ကြားခြင်း၊ ရှေ့လာမည့်အစီအစဉ္ တွေကိုဆွေးနွေးကြရာမှာ အောက်တိုဘာ လထဲတွင် ကင်ဆာဖောင်ဒေးရှင်းသို့ ၎င်း၊ လားရှိးဆရာတော်ကြီးနှင့်ဘုန်းတော်ကြီးများ၏ဂျူဗလီသို့ အဖွဲ့အစည်းအနေနဲ့ ပါ၀င်တက်ရောက်ဆုတောင်းပေးကြမဲ့အကြောင်းတွေကိုဆွေးနွေးခဲ့ကြသလို၊ တာ၀န်နှင့် အပြောင်းအရွှေ့ကိစ္စများ၊ သာသနာမှ လိုအပ်တဲ့ ကဏ္ဍများမှာ ပိုမိုဆက်ကပ်ပေးနိုင်ကြရေး အကြောင်းများအားဆွေးနွေးတိုင်ပင်ရင်း တနေ့တာ အစီအစဉ္ ကို အဆုံးသတ်ခဲ့ကြတာဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ။ ။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA