ဖာသာရ် Petre ကြည်မောင် (မန္တလေး) ၂၅ ကြိမ်မြောက်သာမန် ကြာသပတေးနေ့ ဩဝါဒ ၂၈၊ ၉၊ ၂၀၂၃

28,September 2023

ဓမ္မိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ပထမ ကျမ်းစာ ပရောဖက် ဟဂွဲး ၈:၁-၈ ကို ဘုးရာသခင်ပေး‌တဲ့ ဗျာဒိတ်တော်မှာ သင်တို့ အကျင်ကို ဆင်ခြင်ကြလေား။ မကောင်းတဲ့ အကျင့်စရိုက်တွေကြောင့် စားရသော်လည်းမဝ၊ သောက်ရသောလည် မတင်းတိမ်၊ ဝတ်ရသောလည်း နွေးထွေးလုံခြုံမှုမရှိ၊ ရှာဖွေလုပ်ကိုင်ကြရသော်လည်း အိပ်ပေါက်နဲ့ ထည့်ရသလို မစုစောင်းမိ၊ဒါကြောင့် ငါ၏ဗိမာန်တော်ကို အသစ်သေး သစ်သားတိုဖြင်ပြန်လည်တည်ဆောက်ကြ ငါနှစ်သက်တော်မူမယ် ဆိုပြီးသတိပေးတာကို ဖတ်ရှု့ခဲ့ရတယ်။ လူတွေရဲ့ ရင်ထဲးမှာရှိတဲ့ ဘုရားရဲ့ ဗိမာန်တော်ကို ပြင်ဆင်တည်ဆောက်ခိုင်းနေခြင်းဖြစ်တယ်။ နှလုံးသားထဲးက ဘုရားရဲ့ ဗိမာန်တော်ဆိုတာ အမြဲးသစ်လွင်လှပနေရမယ်။ အဲ့ဗိမာန်ကို ဘာတွေနဲ့တည်ဆောက်ရမလဲး ရိုးသားမှု့၊ ဖြူစဉ်မှု့၊ ရသင်ရထိုက်သော ယူသင်ယူထိုက်သောအရာ ကိုသာရယူခြင်း၊ စားသင့်စားထိုက်သော အရာ (တပါးသူမျက်ရည်စက်တွေပါတဲ့ အပူစာတွေမစားမိဖို့)၊ တရားမျှတမှု၊ ကိုယ်ခြင်းစာတရား၊ ခွင့်လွတ်နား‌လည်ပေးခြင်းတရား၊  နားလည်သီးခံခြင်းတရာ၊ မာန်မာနကင်သော နှိမ့်ချခြင်းတရား၊ စသည့်အရာတွေနဲ့ သင့်နှလုံးသားထဲးက ဘုရားဘိမာန်ကို အလှဆင်ခိုင်းတာ၊ အဲ့တာတွေနဲ့ အလှဆင်ထားမှ ချစ်ခြင်းမေတ္တာတရား ဖြစ်တဲ့ ဘုရားသခင်ကြိမ်းအောင်းမယ်။ အဲ့လိုနှလုံးသားမျိုးကို ဘုရားသခင်နှစ်သက်တော်မူတယ်လို ဆိုလိုခြင်း‌ဖြစ်တယ်။ ဘုရားကိမ်းအောင်းတဲ့ နှလုံးသားတွေဟာ၊ အေးချမ်းတယ်၊ အန္တရာယ်ကင်းတယ်၊ မာန်နတရားရဲ့ နှိပ်ဆက်ပူလောင်ခံရမူ့တွေမရှိဘူး။ အမုန်းတရား၊ အတ္တတရား၊ လောဘ မောဟတွေရဲ့ ပူလောင်မူ့ကလွတ်လပ်နေစေတယ်။ တပ်မက်ခညင်ူနှောက်ယှက်ခြင်း တွေကနေ ကင်းကွာစေတယ်။ ကိုယ်စီကနေတပါးသူကို ကောင်းတဲ့အကာတွေသာ ဝေမျှနေသူတွေဖြစ်ကြတယ်။ ဒီကနေ့ ဧဝံဂေလိကျမ်း ရှင်လုကား ၉:၇-၉  မှာ အမှားထောက်ပြ အမှန်တရားပြော သွန်သင်ပေးခဲ့သူ ယေားဟာန် ဗတ္တစ်စတားကို သတ်ခဲ့တဲ့ သူတပါးမယားကို သိမ်းပိုက် မကောင်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ နှလုံးသားပိုင်ရှင်ဟေရုတ်မင်းက သခင်ခရစ်တော်ကို တွေခြင်နေခဲ့တယ် ဆိုတာကိုကြားနာရတယ်။ ဒါ့ကြောင့် ဟေရုတ်မင်းလို နှလုံးသားမျိုးနဲ့ ဘုရားမရှာမိဖို့၊ ပထမကျမ်းစာမှာပြောထားသလို မိမိတို့ရဲ့ နှလုံးသားဗိမာန်တော်ကို ပြင်ဆင်ကြပါစို့ ။။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *