ကမ္ဘာ့ဘော်လုံးချန်ပီယံ ရော်နာဒို နာ့ဇ်ရီးယို အသက် ၄၆ နှစ်တွင် ဆေးကြောခြင်းခံယူ

ကမ္ဘာ့ဘော်လုံးချန်ပီယံ ရော်နာဒို နာ့ဇ်ရီးယို အသက် ၄၆ နှစ်တွင် ဆေးကြောခြင်းခံယူ

Ronaldo Nazrio သည် သူ၏ အသက် ၄၆ နှစ်တွင် ဆေးကြောခြင်းခံယူခဲ့သည်။

သူသည် ယခုတစ်ကြိမ်မှသာ ဘာသာရေး ပုံရိပ်များအကြောင်း ပိုစ့်တင်ခဲ့ခြင်း မဟုတ်ပါ။ (၂၀၁၆) ဗာတီကန်သို့သွားရောက်လည်ပတ်စဉ်ကလည်း ရဟန်းမင်းကြီးဖရန်စစ်၏ ဗုဒ္ဓဟူးနေ့တိုင်း စိန့်ပီတာရင်ပြင်၌ ဘုရားဖူးများနှင့်တွေ့ဆုံဆုတောင်းသောအခမ်း အနား၌လည်းပါ၀င်ခဲ့သည့်ပုံရိပ်များကိုလည်းတင်ခဲ့ဖူးသည်။

ယခင်နှစ် (၂၀၂၂) က Camino de Santiago (ဆန်တီယေဂိုသို့လမ်းလျှောက်ခြင်း) လှုပ်ရှား မှု၌သူကိုယ်တိုင်ပါ၀င်ခဲ့သည်။

သူ့အားဆေးကြောခြင်းစက္ကရာမင်တူးပေးသောဘုန်းတော်ကြီးမှာ ဖာသာရ် Fabio de Melo ဖြစ်ပြီးဖာသာရ်သည်လည်း ဘရာဇီးလ်၌အလွန်လူသိများသောဘုန်းကြီးတစ်ပါးဖြစ်ကာ သူ၏လူမှုကွန်ရက်၌ ပရိသတ် (၂၅) သန်းကျော်ရှိသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/ViPG
rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *