ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Novak နှင့်အတူယူကရိန်းစစ်သင့်ဒေသငြိမ်းချမ်းရေးရရန်ဆုတောင်းခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Novak နှင့်အတူယူကရိန်းစစ်သင့်ဒေသငြိမ်းချမ်းရေးရရန်ဆုတောင်းခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီသမ္မတ Katalin Novak အားဗာတီကန်သို့ မကြာမှီက ကလက္ခံကြိုဆိုခဲ့သည်။ ရဟန်းမင်းကြီးနှင့်သမ္မတတို့၏တွေ့ဆုံဆွေးနွေးမှုသည်ချစ်ခင်ရင်းနှီးစွာ ရှိပြီး၊ ခရစ်ယာန်စံတန်ဖိုးနှင့်ညီသော မိသားစုအကြောင်း၊ ယခုနှစ်ဧပြီလက ရဟန်းမင်းကြီး၏ဟန်ဂေရီတမန်တော်ခရီးစဉ်အကြောင်းများကိုပြောဆိုခဲ့ကြောင်းဗာတီကန်သတင်းဌာနမှထုတ်ပြန်လာပါသည်။

ရဟန်းမင်းကြီးသည် ဟန်ဂေရီနိုင်ငံသို့ရောက်ရှိနေစဉ်က ယူကရိန်းစစ်ဘေးရှောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။ ယခုတွေ့ဆုံမှုလည်း ယူကရိန်းစစ်သည်အဓိကအချက်ဖြစ်ပြီး လူသားချင်းစာနာသောအခြေအနေနှင့်ပဋိပက္ခကိုအမြန်အဆုံးသတ်နိုင်မည့်အားထုတ်မှုအကြောင်းများဖြစ်သည်။ ကမ္ဘာပေါ်၌ခရစ်ယာန်များအားညှဉ်းပမ်းနှိပ်စက်မှုသည်တစ်စတစ်စကြီးထွားလာနေမှုအကြောင်းကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဟန်ဂေရီသမ္မတသည် ရဟန်းမင်းကြီးနှင့်တွေ့ဆုံပြီးနောက် ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin နှင့်လည်းတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု၌ဗာတီကန်၏ နိုင်ငံတကာဆက်ဆံရေးဌာန၏အတွင်းရေးမှူး မွန်ဆီညှော် Mirosław Wachowski လည်းပါ၀င်ခဲ့သည်။ ဟန်ဂေရီသည်ယူကရိန်းနှင့်နယ်စပ်ခြင်းထိစပ်နေသောကြောင့် စစ်ဘေးဒုက္ခသည်များအတွက်ခိုလုံရန် အခရာကျသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဟန်ဂေရီနိုင်ငံအနေဖြင့်ပင်လယ်နက်သဘောတူညီချက်ကိုအခြေခံ၍ ရုရှားနှင့်ယူကရိန်းအားကြား၀င်ညှိနှိုင်းပေးလိုသည်။ ယူကရိန်းနိုင်ငံအနေဖြင့် ယူကရိန်းဘက်ယှိုင်သည်ဟု‌ဝေဖန်ပြစ်တင်ခဲ့သည်။

ယူရို (၅) သန်း (အမေရိကန်ဒေါ်လာ ၅၅၇ သန်း) မပေးရန်ကန့်ကွက်ခံရပြီးနောက်ပိုင်း ဟန်ဂေရီသည် ယူကရိန်းအားလက်နက်၀ယ်ယူရန် ယူရို (၂၀) ဘီလီလျံ (အမေရိကန်ဒေါ်လာ ၂၂.၃ ဘီလီလျံ) ကူညီမည့်အီးယူ ၏အစီအစဉ်ကိုထောက်ခံမှုမပေးတော့ပေ။ ထိုအကူအညီသည် (၄) နှစ်ခွဲ့၍ကူညီမည့်အစီအစဉ်ဖြစ်သည်။ ကားရီတာ့စ်ဟန်ဂေရီအနေဖြင့် ရုရှား၏ ကျူးကျော်စစ်ကို ယူကရိန်းစတင်ခံရချိန်မမှစ၍ခို၀င်လာကြသော စစ်ဘေးဒုက္ခသည်များကိုမိမိတို့တစ်ပိုင်တစ် နိုင်ဖြင့်ကူညီပေးနေခဲ့သည်။

ရုရှား၏ ကျူးကျော် စစ်ကြောင့် ယူကရိန်းစစ်ရှောင် (၄) သန်းကျော် ဟန်ဂေရီကိုဖြတ်သန်း၀င်ရောက်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/UkSB

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *