ဖာသာရ် Peter ကြည်မောင် (မန္တလေး)  (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် ကြာသပတေးနေ့ ဩဝါဒ ၃၁၊ ၈၊ ၂၀၂၃

31 August 2023
ဓမ္မမိတ်ဆွေတို့ ဒီးကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတေဦး အခန်းကြိး ၂၄:၄၂-၅၁ မှာ ဘုရားရှင် ဘယ်နေ့ကြွလာမယ်ဆိုတာကို မသိသောကြောင့်အဆင်သင့်စောင့်နေကြ ဆိုပြီး သတိပေးထားတာကို ကြားနာခဲ့ရတယ်။  လောက လူတွေမှာ အရွယ်သုံးပါးရှိတယ်ဆိုပြီးသွန်သင်ကြတယ် ပထမ အရွယ် ပညာရှာ ၊ ဒုတိယအရွယ် စီးပွါးရှာ ၊ တတိယအရွယ် တရားရှာဆိုပြီး အရွယ် သုံးပါမှာ ပြုမူလေ့လာ ဘုက်ဆောင်ရမှာတွေကိုသွန်သင်ပြကြတယ်လောကမှာလည်းကြာကြာ အသက်ရှည်ရှည်နေခြင်တယ်။ ကောင်းကင်နိုင်ငံလဲးသွားခြင်တယ်၊ အချိန်တိုင်အဆင်သင့်ပြင်ဆင်ထားရမယ်ဆိုတော့ အလုပ်တခုတောင်ဇွဲးရှိအောင်မလုပ်တပ်တဲ့သူတွေက  ဘယ်လို အဆင်သင့်ဖြစ်နိုင်မလဲး၊တို့ယုံကြည်သူတွေမှာကြတော့ အရွယ်သုံးပါးလုံး ပြင်ဆင်နေထိုင်ဖို့သတိပေးနေတယ်။ ကလေးအရွယ်၊ ပညာကို ဘာသားတရားနဲ့ တွဲးဖက် သွန်သင်ကြီးပြင်းစေရမယ်၊ လူငယ် လူလတ်ပိုင်းအရွယ် လောကအလယ်မှာ ဘာသာတရားကို အခြေခံထားပြီး လောကအလယ် ပြုမူဆက်ဆံရေး၊ စီးပွါရှာဖွေရေး၊ လူမူ့ဘဝတည်ဆောက်ရေးမှာ ဘာသာရေးနဲ့ရှင်သန် လုပ်ကိုင်ဖို့ သွန်သင်နေတယ်။ သက်ကြီးပိုင်းတရား ရှာရမည့်အရွယ်မှာတော့ ကျန်တာတွေအကုန်ထားခဲ့ ငါ့အတဲ့ အချိန်သိပ်မရှိတော့ဘူး ပြုခဲ့သမျှ ကောင်းမူ့မကောင်းမူ့တွေအတွက် ပြင်ဆင်ကြရတော့မယ် နောင်တတရားနဲ့ဘုရား စီးမှာ ခွင့်ပန် ဘုရားတရားနဲ့ ကျင့်ကြံနေထိုင်ရတော့မည့်အချိန်ပဲ။ ဘာဖြစ်လို့ အဲ့လိုပြောရလဲး ဆို အချိန်ကို ငါတို့မပိုင်ကြဘူး၊ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမျိုးမှာမဆို၊ အကြောင်းအမျိုးမျိုး အသက် အရွယ် ကြီးငယ် မရွေး အချိန်တိုင်း သေးသွားနိုင်လို့ပါပဲ၊နေစဉ်အသက်တာမှာ အဆင်သင့်ဖြစ်နေအောင်ဘယ်လိုပြင်ဆင်ပြီးနေကြမလဲးမိမိဘဝ မျက်လုံးနှလုံးစဖွင်တဲ့တနေတာမှာ ဘုရားကိူပူဇော်ခါးလိုက်ပါ၊ နေစဉ်လုပ်ကိုင်စရာ လုပ်ငန်းတွေမှာ မေတ္တာတရား ကိုယ်ခြင်းစာတရားနဲ့ လုပ်ပါ။ လူတိုင်းကို တပ်နိုင်သမျှ စေတနာသန့်သန်နဲ့ကူညီပါ၊ တရက်တာ အနားယူအိပ်စက်ရတော့မဲ့အချိန်ပြန်ရောက်လာချိန်မှာ တနေ့တာ အသက်ရှင်ခွင့်ရခဲ့တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါ။ ပြုမူခဲ့တဲ့ အားနဲးချက်အပြစ်အမှားတွေ၊ မကြေနပ်မူ့ စော်ကားခံရမူ့တွေကို ဘာအာဂါတမှမထားပဲ သငါပုန်းခြေ ခွင့်လွတ်နိုင်အောင်ကြိုးစားပါ။ မိမိက ပြုမူမိခဲ့တဲ့အမှားတွေအတွက် ဘုရားကိုတောင်းပန်ပြီး မိမိ အသက်ဝိညာဉ်ခနွဓာကို ဘုရားကိုပူဇော်ပြီး တရက်တာကိုပြီးဆုံးစေပါ။ ဒါဟာ အပြီးပြည်ဆုံပြီလိုမပြောဆိုနိုင်ပေမဲ့ နေစဉ်ပြင်ဆင်ထားသူ တယောက်အဖြစ် တာဝန် ကျေနိုင်မည့်နည်းလမ်းလေးပါ။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *