ဖာသာရ် Peter ကြည်မောင် (မန္တလေး)  (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ၃၀၊ ၈၊ ၂၀၂၃

30. August 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ကြားနာခဲ့ရတဲ့ ရှင်မာတေးဦး အခန်းကြီး ၂၃:၂၇-၃၂ မှာ ဖာရီဇေဦးတွေနဲ့ ကျမ်းတပ်ဆရာတွေကို သခင်ခရစ်တော်က ဟန်ဆောင်သူတွေ၊ သချိုင်းကူများကဲ့သို့ အပြင်ပန်းသာဖြူဖွေးနေပြီး အတွင်းပိုင်းက ပုပ်ပွနေသူတွေအဖြစ်ပြင်းထန်စွာ စွတ်စွဲးပြောဆိုခဲ့တာကို ကြားနာခဲ့ရတယ်။ လောကမှာ ဟန်ဆောင်မူ့တွေနဲ့ အသက်ရှင်နေကြသူတွေကို သတိပေးနေခြင်ဖြစ်တယ်။ မကောင်းတဲ့သူက ကောင်းခြင်ယောင်ဆောင်တယ်၊ လူယုတ်မာက လိမ္မာခြင်ယောင်ဆောင်တယ်၊ သူခိုးက ပိုင်ရှင်ယောင်ဆောင်တယ်၊ လူလိမ်က သမာဓီရှိသူယောင်ဆောင်တယ်၊ စိတ်ပုပ် ကောက်ကျစ်ယုတ်မာသူက ဖြူစဉ်သူယောင်ဆောင်တယ်၊ မာန်မာနကြီးသူက နှိမ့်ချသူအဖြစ်ဟန်ဆောင်တယ်၊ ဘာသာရေး အရေခြုံက တရားသမာဟန် ဖြူစဉ်သူ ဟန်ဆောင်တယ်၊ မသိသူက သိသူတပ်သူ အဖြစ်ဟန်ဆောင်တယ်၊ မရှိသူက ရှိသယောင်ယောင် ဟန်ဆောင်တယ်၊ မတပ်သူက တပ်ယောင်ကာ ဆရားကြီးဟန်ဆောင်တယ်၊ လောကမှာ ဟန်ဆောင်မူ့ပေါင်း မြောက်များစွာနဲ့ နေ့စဉ်ဟန်ဆောင်ပြီး နေနေကြတာပါ။ ဓမ္မမိတ်ဆွေ မပြည့်စုံသူ လူသားတွေဟာ ဟန်ဆောင်နေရင်နဲ့ပဲး သေသွားကြတာများပါတယ်။ ဒီကနေကျမ်းစားက သခင်ခရစ်တော်က ဖာရီဇေဦးတွေ ၊ ကျမ်းတပ်ဆရာတွေကိုပြောနေတာမဟုတ်ဘူး ခင်များနဲ့ ကျူပ် ကိုပြောတာ လူကောင်းတယောက်လို့ ဟန်ဆောင်နေတဲ့ ကျုပ်တို့၊ အပြစ်ကင်းသူလို့ ထင်နေတဲ့ ကျုပ်တို့၊ သူများအပြစ်သာ မြင်တပ်ကြတဲ့ ကျုပ်တို့ကိုယ့်အားနည်းချက်၊ အပြစ်အမှာ၊ အရှက်ရစရာလို့ထင်တဲ့အရားတွေကိုကြ အတင်းအဓမ ဖုံးကွယ်တပ်ကြတဲ့ကျုပ်တို့၊ အကောင်းပြောတာကိုသာ လိုခြင်ကြပြီး အပြစ်အမှားဖော်ပြခံရမှာ သေမလောက်ကြောက်တပ်တဲ့ကျုပ်တို့၊  ကိုယ် လုပ်နိုင်ခဲ့တဲ့အရာ၊ အားသာချက် အောင်မြင်မူ့ လူအထင်ကြီးခံခဲ့၊ အာကြခံခဲ့ရတဲ့ အရာတွေကိုတော့ ခနခန အရသာခံဖေါ်ပြကြပြီး၊ ကိုယ့်ရဲ့ ကောက်ကျစ်ယုတ်မာခဲ့မူတွေကြ မသိမရှိ မမြင်သလို ဟန်ဆောင်တပ်တဲ့ ကျုပ်တို့ကို သခင်ခရစ်တော်က သတိပေးနေခြင်ဖြစ်တယ်။ သခင်ခရစ်တော်က အပြစ်သားကို ကယ်တင်ဖို့လာတာပါ ကို့ကိုယ်ကို အပြစ်သားအဖြစ်၊ မပြည့်စုံသူအဖြစ် အရှိကို အရှိအတိုင်းလက်ခံပြီး၊ ဟန်ဆောင်မူ့ ကင်ကင်းနဲ့ ဘုရားရှေ့မှာ ကိုယ်ကို ကို အစီရင် ခံနိုင်သူဖြစ်အောင်ကြိုးစားကြပါစို့၊ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖျာကျမ်းမာချမ်းသာကြပါစေ။

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *