ပေါ်တူဂီနိုင်ငံ၊ ကမ္ဘာ့လူငယ်များနေ့တက်ရောက်သောလူငယ်တစ်ဦးအံ့ဩဖွယ်မျက်စိအလင်းရဟုဆို

ပေါ်တူဂီနိုင်ငံ၊ ကမ္ဘာ့လူငယ်များနေ့တက်ရောက်သောလူငယ်တစ်ဦးအံ့ဩဖွယ်မျက်စိအလင်းရဟုဆို

အဖြစ်အပျက်ဖြစ်ခဲ့သည်မှာ ဩဂုတ်လ (၅) ရက်နေ့တွင်ဖြစ်ပြီး အံ့ဖွယ်အာနုဘော်တစ်ခုဖြစ်သွားသည်ဟုယူဆရပါသည်။ ထိုအဖြစ်အပျက်ကိုခံစားရသူမှာ Jimena ဟုခေါ်သည့်သူသည်စပိန်နိုင်ငံကိုယ်စားပြုလူငယ်တစ်ဦးဖြစ်ကာ သူ့အနေဖြင့် ထိုနေ့ဖာတီမာ၌ပူဇော်သောမစ္ဆားတရားအတွင်းကိုယ်တော်မြတ်ပင့်ယူပြီးသည့်နောက် မျက်စိအမြင်ကွယ်နေခဲ့ဟန်ရှိသောသူသည် မျက်စိအလင်းပြန်လည်ရရှိသည်ဟုကြေ ညာခဲ့သည်။

Jimena သည် ယခုကဲ့သို့အံ့ဖွယ်အာနုဘော်ခံစားရခြင်းမှာ Our Lady of the Snows. နှင်းမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

သူ၏မိသားစုသည်လည်း သူ၏ မျက်စိအလင်းပြန်လည်ရရှိလာစေရန်ရည်ရွယ်၍ နိုဗေးနာကိုးနေခဲ့ကြကြောင်း သူ၏အဖြစ်အပျက်နှင့်စပ်လျင်း၍ သူ၏ ပြောဆိုချက်အသံဖိုင်လ်သည် လူမှုကွန်ရက်၌စတင်ပျံ့နှံ့စပြုနေသည်။

‘ကိုယ်တော်မြတ်ပင့်ယူပြီးတဲ့နောက်ပိုင်း ထိုင်ခုံရှိတဲ့နေရာကိုပြန် သွားလိုက်တယ်။ အဲ့ဒီနေ့ဟာ ကျွန်မမိသားစု စုပေါင်းပြီးကျွန်မမျက်စိပြန်မြင်လာဖို့နိုဗေးနာကိုးတဲ့နောက်ဆုံးနေ့ဖြစ်နေတယ်။ ဒါကြောင့်သူ့အနေနဲ့ကိုယ်တော်မြတ်ပင့်ပြီး ထိုင်ခုံဆီကိုပြန်ရောက်သွားတာနဲ့ အသည်းအသန်အော်ငိုလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မမျက်စိပြန်မြင်ချင်လို့ပါ။ အဲ့လိုငိုယိုပြီးလို့မျက်စိပြန်ဖွင့်ကြည့်လိုက်တော့ မျက်စိကဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်ပြန်တွေ့လိုက်ရတယ်။ ပြောမပြတတ်အောင်ဖြစ်သွားရတယ်’ ဟုပြောကြားထားသောအသံဖိုင်လ်ဖြစ်ပါသည်။

ယခုကဲ့သို့လူမှုကွန်ရက်၌အလွန်ပျံ့နှံ့နေသော Jimena ၏အဖြစ်အပျက်နှင့်စပ်လျင်း၍ စေ့စေ့စပ်စပ်သိရလေအောင် စပိန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ဥက္ကဌဖြစ်သော ကာဒီနယ် Omella မှ Jimena အားခေါ်၍ဖြစ်ကြောင်းကုန်စင်ကိုမေးမြန်းကြည့်ခဲ့သည်။ Jimena သည် မာဒရစ်မြို့မှဖြစ်သည်။ ကာဒီနယ်နှင့်စကား ပြော စဉ်၌ Jimena သည်အနည်းငယ်စိတ်လှုပ်ရှားနေရှာသည်။ ကာဒီနယ်ကမကြောက်ရန်၊ ဘုရားသခင်၏ကောင်းချီး
တော်သာဖြစ်ကြောင်း၊ ယခုမှာ သူတော်မြတ်အဖြစ်တင်မြောက်နိုင်ရန်ရှိသောသူတစ်ဦးဦး၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းခံခြင်းမဟုတ်။ နှင်းမယ်တော် ၏ကြား၀င်ဆုတောင်းပေးခြင်းကို တောင်းခံခဲ့ခြင်းဖြစ်ကြောင်း၊ အမိမယ်တော်သည် ရဟန္တာသူတော်သူမြတ်ဖြစ်နေပြီဖြစ်၍ ထပ်မံတင်မြှောက်ရန်မလိုတော့ပေ။ သို့သော်သူ၏အခြေအနေသည် အံ့ဖွယ်အာနုဘော်ဟုယတိပြတ်ပြောရန်မဖြစ်နိုင်သေးကြောင်း၊ ဆရာ၀န်များ၏ စစ်ဆေးလေ့လာချက်ကိုစောင့်ကြည့်ရမည်ဖြစ်ကာ မည်သို့ပင်ဖြစ်စေကာမူမျက်စိအလင်းပြန်ရ၍သူ့အတွက်၊ မိသားစုအတွက်၀မ်းသာမဆုံးဖြစ်ရသည်ဟုဆိုသည်။

သူ၏အမြင်အာရုံသည် လွန်ခဲ့သော (၂) နှစ်ခန့်ကစ၍ (၉၅) ရာခိုင်နှုန်းကွယ်နေခဲ့သည်။ သူသည် အသက် (၁၆) နှစ်သာရှိသေးသည်။ ကမ္ဘာ့လူငယ်များနေ့၌သူသည်မျက်မမြင်များ၏စာသင်ကြားနေခဲ့သည်။ ယခုအခါ မျက်စိအလင်းပြန်ရပြီး သူ၏ အိမ်၌နေထိုင်လျှက်ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/Rs6F

rvamyanmar
rvamyanmar
Articles: 2820

Leave a Reply

Your email address will not be published. Required fields are marked *