ကမ္ဘာ့လူငယ်များနေ့ကြောင့် စစ္စတာရ် Clare Crockett ၏ဘ၀ပြောင်းလဲခဲ့ဟုဆို

ကမ္ဘာ့လူငယ်များနေ့ကြောင့် စစ္စတာရ် Clare Crockett ၏ဘ၀ပြောင်းလဲခဲ့ဟုဆို

ကမ္ဘာ့လူငယ်များနေ့ကြောင့် သူမ ဘ၀ ပြောင်းလဲသွားခဲ့ရသည်ဟုဆိုခဲ့သော Sr Clare ၏ပြောင်းလဲခြင်းဖြစ်စဉ္သည် လော လောလတ်လတ်ပေါ်တူဂီနိုင်ငံ ၌ကျင်းပခဲ့သောကမ္ဘာ့လူငယ်များနေ့မဟုတ်၊ (၂၀၁၃) ကမ္ဘာ့လူငယ် လူနှစ်သန်းကျော်တက်ရောက်ခဲ့သော Rio de Janeiro တွင်ကျင်းပ ခဲ့သည့်ကမ္ဘာ့လူငယ်များနေ့၌ ဖြစ်သည်။

ထိုစဉ်က ကိုးဗစ်ကပ်ရောဂါဆိုးလည်း ကမ္ဘာ့လူ့အဖွဲ့အစည်းအားခြိမ်းခြောက်မှုလည်းမရှိသေးသောကြောင့်သွားနိုင်သောလူငယ်များမည်သည့်စိုးရိမ်စိတ်မျှမထားဘဲသွားခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံရေးလည်းယခုကဲ့သို့မရှုပ်ထွေးသေးပေ။

ကမ္ဘာ့လူငယ်များနေ့သည် တစ်ရက်တည်းကျင်းပခြင်းမဟုတ်။ အနည်းဆုံး (၅) ရက်ကျော်ကျင်းပလေ့ရှိသည်။ ထိုနေ့များ၌ လူငယ်များသည် ရဟန်းမင်းကြီးနှင့်အတူဆုတောင်းခြင်း၊ မစ္ဆားပူဇော်ခြင်း၊ ဩ၀ါဒများကြားနာခြင်းစသောလှုပ်ရှားမှုများ၌ အတူတကွပါ၀င်လုပ်ဆောင်ရသောကြောင့် လွန်စွာပျော်ရွှင်ကြရသည်။

(၂၀၁၃) ခုနှစ်သည် လက်ရှိရဟန်းမင်းကြီးဖရန်စစ် ရဟန်းမင်းကြီးအမှုတော်ကိုလောလောလတ် လတ်ထမ်းဆောင်ခဲ့သောနှစ်တစ်နှစ်လည်းဖြစ်နေခဲ့သည်။ ရဟန်း မင်းကြီးလည်းအသစ်ဖြစ်၍ ကမ္ဘာ့လူငယ် များအဖို့ပို၍ပင်ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည်။ ရဟန်းမင်းကြီးဖရန်စစ်လည်း သက်တော်အတော်အတန်ကြီး ရင့်နေပြီဖြစ်သော် လည်း သွက်လက်နေတုန်း၊ လူငယ်များနှင့်ပါနံတင့်လှေလှော်အတူပျော်နိုင်တုန်းရှိသေးသည်။ ထို့ကြောင့်လူငယ်တို့အားပို၍တို့ထိနိုင်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ကမ္ဘာ့လူငယ်များအားမည်သည်ကိုတိုက်တွန်းမိန့်ကြားမည်နည်းဟု လူငယ်ထုကစိတ်စောနေကြသည်။

ရဟန်းမင်းကြီးများအတွက် ကမ္ဘာ့လူငယ်များနေ့သည် လူငယ်များသာသနာတော်အားချစ်ကြရန်နှင့်သာသနာအပေါ်သစ္စာ တည်ကြည်ကြရန်တိုက်တွန်းနိုင်သောအကောင်းဆုံးအခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ လူ ငယ်များလည်း ၄င်းတို့၏အတွေ့အကြုံ၊ သာသနာအပေါ်မျှော်လင့်ချက်၊ တောင်းဆိုချက်၊ ခံစားချက်များကိုတင်ပြဆွေးနွေးဖလှယ်နိုင်သည်ဟုဆိုသည်။

ကမ္ဘာ့လူငယ်များနေ့၏အသီအပွင့်တစ်ခုကိုပမာပြရပါလျှင် (၂၀၁၁) မာဒရစ်၌ ကျင်းပခဲ့သော ကမ္ဘာ့လူငယ်များနေ့မှ သစ္စာသုံးပါးခံသူတော်စင် စစ္စတာရ် Clare Crockett အကြောင်းဖြစ်ပါသည်။

ထိုစဉ်ကသူ သည် ကက်သလစ်လူငယ်တစ်ဦးသာဖြစ်သည်။ သူသည် အိုင်ယာလန်နိုင်ငံမှမြို့ငယ်လေးတစ်မြို့မှဖြစ် သည်။ သူသည် ‘the Servant Sisters of the Home of the Mother’ (မိခင်၏အိမ်တော်အားအစေခံသောစစ္စတာရ်များ) အသင်းသို့၀င်ရောက်ခဲ့သည်။ ဤသို့၀င်ရောက်သွားခဲ့ခြင်းမှာ အထက်ကဆိုခဲ့သည့်အတိုင်း လူငယ်များနှင့်တွေ့ဆုံစကားပြောခဲ့ရပြီးနောက် လွန်စွာပြင်းထန်သော၀ိညာဉ်ရေးနိုးဆော်မှုခံခဲ့ရသောကြောင့်ဖြစ်သည်။ ​ထိုနှစ်၏ သန့်ရှင်းသောရက်သတ္တပတ်၌ ရောမသို့သွားခဲ့ရသောသူ့အတွက် အကောင်းဘက်သို့အပြောင်းလဲကြီးပြောင်းလဲခဲ့သည်။ ထိုတစ်ပတ်အတွင်း ဘုရား၀တ်ပြုရာ၌ အထူး သဖြင့်သောကြာ နေ့ကြီးမွန်းလွဲပိုင်း ခရူးစူးတံကျင်ကိုအရိုအသေပေးရန် ရှည်လျားသောလူတန်းကြီးထဲ၌စောင့်နေ့ခဲ့သည့်အချိန်ဖြစ်သည်။

အထက်ကဆိုခဲ့သော စစ္စတာရ်အသင်းသို့၀င်ရောက်သွားပြီးနောက် သူသည် အီကွေဒေါသို့သာသနာ ပြုရန်စေလွှတ်ခံခဲ့ရသည်။ (၂၀၁၆) ခုနှစ်၌ အီကွေဒေါ၌ငလျင်အကြီးအကျယ်လှုပ်ခဲ့ရ စစ္စတာရ်သည်လည်းအပျက်အစီးများကြားဆုံးပါးသွားခဲ့သည်။

ယခုစစ္စတာရ်၏အကြောင်းအရာသည် ကမ္ဘာ့လူငယ်များနေ့မှရရှိခဲ့သော ပြင်းထန်လှသည့်ထိတွေ့ခံစားမှုများ၏ အကြောင်း အရာများစွာအနက်မှတစ်ခုသာဖြစ်ပါသည်။ မကြာသေးမီနှစ်က ပနားမားနိုင်ငံတွင်ကျင်းပခဲ့သော ကမ္ဘာ့လူငယ်များနေ့မှလူငယ်များစွာက ဤကမ္ဘာ့လူငယ်များနေ့ကြောင့် ၄င်းတို့၏ယုံ ကြည်ခြင်းအဘယ် သို့ပြန်လည်ရှင်သန်အားကောင်းလာပုံ၊ အခက်အခဲများကြား၌မျှော်လင့်ချက်ထားရှိရှင် သန်တတ်လာကြောင်းရင်ဖွင့်ပြောကြားခဲ့သည်။

ထို့အတူ ဆေးစွဲနေခဲ့သောလူငယ်တစ်ဦးသည် ဆေးမှုဖြင့် ထောင်ကျသွားခဲ့သည်။ ထောင်ထဲ၌ရှိနေစဉ် အကျဉ်းထောင်များသို့လာရောက်ကူညီပေးသောကက်သလစ်လူမှုရေးအသင်းအဖွဲ့များအကူအညီဖြင့် သူသည်ဤနွံထဲမှရုန်းထွက်လာနိုင်ခဲ့သည်ဟု၀န်ခံခဲ့သည်။ အဆိုပါအဖွဲ့အစည်းကသူ့အား ဘုရားကိုအားကိုးရန်၊ဘုရားအားဖြင့် အခြားသူများကိုလည်းယုံကြည်အားကိုးရန်သင် ကြားပေးခဲ့သည်။

ကမ္ဘာ့လူငယ်များနေ့ကျင်းပရာမှ စစ္စတာရ် Clare ၏ဘ၀အခြေအနေမျိုးကဲ့သို့ပင် ကက်သလစ်လူ ငယ်မျိုးဆက်များစွာအား မိမိတို့ယုံကြည်ခြင်းပြန်လည်အားကောင်းကြံ့ခိုင်လာစေရန်၊ မိမိတို့၏သာသနာကိုချစ်တတ်ရန်၊ သစ္စာရှိရန်၊ အားသာချက်၊ အားနည်းချက်များကိုထောက်ပြ၊ တင်ပြဆွေးနွေးအဖြေရှာတတ်ရန် အလေ့အကျင့်ကောင်းများစွာကိုရရှိလာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့လူငယ်များနေ့၌ မိမိတို့နှင့်ရွယ်တူ၊ ငယ်တူ၊ ကြီးသူများလည်းဆုံဆည်းခဲ့ရသည်။ မိမိတို့ထက်ထက်သူ၊ မိမိတို့ကဲ့သို့သာမန်အနေအ ထားရှိသူ၊ မိမိတို့ထက်အားနည်သူများ၊ နိုင်ငံ ရေး၊ စီးပွားရေး၊ ဘာသာရေးနောက်ခံအမျိုးမျိုးကြားမှရုန်းကန်ရင်းရောက်ရှိလာကြသူများကိုလည်းတွေ့ကြုံသိရှိကြားသိရ၍ ထိုအချက်အလက်များအားလုံးသည် သင်ယူတတ်သူများအား ဘ၀ကိုပြောင်လဲရန်၊ သင်ယူရန်၊ တန်ဖိုးရှိစွာရှင်သန်ဖြတ်သန်းရန်အကြောင်းတရားများဖြစ်သွားစေခဲ့ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy : google images

http://bitly.ws/RwMp

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *