ဖာသာရ် Rev.Fr.Peter ကြည်မောင် (မန္တလေး)  (၁၆) ကြိမ်မြောက်သာမန်သီတင်းပတ် စနေနေ့ ဩဝါဒ ၂၉၊ ၇၊ ၂၀၂၃

29 July 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာသာသနာတော်ကြီးကရဟန္တာ မမာသားရဲ့ပွဲးနေ့ကိုကျင်းပပါတယ်။ ဒီကနေ့ကြားနာခဲ့ရတဲ့ဧဝံဂေလိကျမ်းစာမှာ မာသားက သူရဲ့မောင်တော်ဖြစ်သူ လာဇရူးသေးဆုံးရခြင်းနဲ့ပတ်သက်ပြီးသခင်ခရစ်တော်ကိုပြောကြားခဲ့တဲ့စကားလေးပေါမှာထောက်ရှူကြည်ရအောင် မာသားက သခင်ခရစ်တော်ကိုပြောတယ်။ ကိုယ်တော်သာ ရှိနေခဲ့ပါလျှင်ကျွန်မ၏မောင်သည်မသေရပါ၊ သို့သော်ကိုယ်တော်တောင်းဆိုသမျှကို အဖခမည်းတော်ပေးမည်ဆိုတာကိုကျွန်မယုံကြည်ပါ၏တဲ့။ ဘုရားသခင်မရှိတဲ့အရပ်မှာသေခြင်းတရားစိုးမိုးတယ်၊ ဘုရားရှင်ရောက်ရှိလာတဲ့အချိန်သေခြင်းတရားကဘေးဖယ်ပေးရတယ် ဆိုတာကို ကြားနာခဲ့ရတယ်။ သခင်ခရစ်တော်က ငါသည်ရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်။ သေခြင်းကငါကို မတားစီးနိုင်ဘူး။ ငါဟာ ရှင်ပြန်ထမြောက်ခြင်းအတွက်ကြွလာသူဖြစ်တယ်၊ ငါဟာ အသက်သခင်ဖြစ်တယ်၊ ငါရှိတဲ့နေရာမှာရှင်သန်းခြင်းရှိတယ်။ ငါရှိတဲ့နေရာမှာ သေခြင်းမစိုးမိုးရဘူးဆိုတာပြဆိုခြင်ပဲဖြစ်တယ်။ ဘုရားရှိတဲ့အရပ်၊ ဘုရားကိုယ်ယုံကြည်ကိုယ်းစာသူ၊ အပြည်အဝယုံကြည်သူတွေရှိတဲ့နေရာ၊ အရပ်၊ နှလုံးသားတွေမှာ ရှင်သန်ခြင်းသာ ကြီးစိုးနေရမယ် လို့သတိပေးနေခြင်ပါပဲ။ ဘုရားမရှိတဲ့သူတွေနေတဲ့နေရာမှာ ကြင်နာတပ်တဲ့နှလုံးသားတွေမရှိဘူး၊ ကိုယ်ခြင်စာတရားတွေမရှိဘူး၊ သနားညှာတာမူတွေမရှိဘူး၊ ချစ်ခြင်းမေတ္တာလည်းမရှိဘူး၊ ခွင်လွတ်ခြင်းလဲးမရှိဘူး၊ သည်းခံခြင်းလဲးမရှိဘူး၊ ဘုရားမရှိတဲ့နေရာနတ်ဆိုးနေတယ်၊ မာနတွေပြိုင်မယ်၊ အတ္တတရားအနိုင်ကျင့်မူ့တွေကြီးနိုင်ငယ်ညှင်းမူတွေ၊ လောဘ ဒေါသတွေ၊ တကိုယ်ကောင်းဆန်မှုတွေကြီးဆိုးမယ်၊ ဘုရားမရှိတဲ့အရပ်မှာ သဘာဝပတ်ဝန်းကျင်လဲးသေဆုံးရတယ်၊ အပြစ်မဲ့သူတွေသေကြေရတယ်၊ ကလေးငယ်တွေငိုးကြွေးရတယ်၊ ဘုရားမရှိတဲ့မသားစုတွေမှာ မာန်မာနတွေ၊မနာလိုမှုတွေ၊ ညီကိုယ်မောင်နှမခြင်း စကားများ၊ လုယက်၊သတ်ဖြတ်မှုတွေဖြစ်ကြတယ်၊ ဘရားမရှိတဲ့ လူရဲ့နှလိုံးသားမှာ မတော်လောဘ၊ အတ္တမာန၊ တဏှာရာဂ၊ တွေဖုံးလွှမ်းနေမယ်၊ မကောင်းတာမှန်သမျှ ကြီးဆိုးနေတဲ့အရပ်၊ ဘုရားမရှိတဲ့အရပ်မှာ သေခြင်း၊ ပျက်စီးခြင်၊ ဒုက္ခမျိုးစုံနဲ့၊ မျက်ရည်တွေပဲပြည့်နေလိမ့်မယ်။ မာသားအိမ်ကိုသခင်ရစ်တော်ရောက်လာချိန်မှာ ရှင်ပြန်ထမြောက်ခြင်း၊ ပျော်ရွှင်ခြင်၊ ငြိမ်းချမ်းခြင်၊ တွေပေါ်ပေါက်လာတယ်၊မိတ်ဆွေ ဘုရားမရှိတဲ့အရပ်၊ ဘုရားမရှိတဲ့မိသားစု၊ ဘုရားမရှိတဲ့နှလုံးသား နဲ့ရှင်သန်နေရင် အသက်ရှင်လျှက်မသာကောင်ကြီးဖြစ်နေတယ်ဆိုတာသတိရပါ၊

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *