ဖာသာရ် Rev. Fr. Peter ကြည်မောင် (မန္တလေး) (၁၂)ကြိမ်မြောက်သာမန်သီတင်းပတ် သောကြာနေ့ ဩဝါဒ ၃၀၊ ၆၊ ၂၀၂၃

30 June 2023
ဓမ္မမိတ်ဆွေတို့ ဒီကနေကြားနာရတဲ့ ရှင်မာတေဦးကျမ်းစာမှာ၊ နူနာရောဂါစွဲးကပ်နေသူကသခင်ခရစ်တော်စီမှာ ကိုယ်တော်အလိုရှိလျှင်ကျွနုပ်၏ရောဂါကို ပြောက်ကင်းစေတော်မူပါ။ လို့တောင်းဆိုခဲ့တယ် ကျွန်တော်တိုယုံကြည်သူတွေအတွက် ဒီနူနာစွဲးသူက သင်ခန်းစာတွေအများကြီးသင်ပေးနေတယ်။ ပထမ တချက်က သခင်ခရစ်တော်ကုသပေးနိုင်တယ် ဆိုတဲ့ယုံကြည်းခြင်းအချက်ဒုတိယအချက်က ဘုရားသခင်ရဲ့သနားကျင်နာမူ့ ကိုတောင်းခံတဲ့အချက် ကိုယ်တော်အလိုရှိလျှင်၊ ကိုယ်တော်ရဲ့အလိုဆန္ဒအတိုင်းပါ၊ နောက်ဆုံးကြမှ သူရဲ့အလိုဆန္ဓကိုယ် ထုတ်ဖေါ်ပြောကြားတယ် ကျွနုပ်ကို သန့်ရှင်းစဉ်ကြယ်စေပါ။ ပြည်ဝတဲ့ယုံကြည်ခြင်းနဲ့တောင်းပါ။ ရတာမရတာက ဘုရားရဲ့အလိုတော်ပဲထားပါ။ သူအလိုတော်အတိုင်ပေးခြင်ပေးမယ် မပေးခြင်မပေးဘူး။ ပြီးမှ ကိုယ်ရဲ့လိုအပ်ချက်က ဘာဆိုတာပြောပြပါ။ နူနားစွဲးသူတယောက်ဟာ အဲ့ဒီရောဂါကြောင့် လူပတ်ဝန်းကျင်မှာအများနည်းတူ ရှင်သန်ခွင်မရဘူး အသိုင်းအဝိုင်းက ဖယ်ထားခံရသူ၊ အများနည်းတူရှင်သန်ခွင်ရခြင်တဲ့ အခြေခံကြသောအချက်၊ တကယ်လိုအပ်နေသောအရာ၊ အများနည်းတူ ကျန်းမာခြင်တယ် ဒါဟာ လောက ပစ္စည်းဥစ္စာ အပိုအလျှံလိုခြင်တဲ့လောဘ နဲ့တောင်းတာမဟုတ်ဘူး တကဲ့လိုအပ်ချက်ကိုတောင်းတာ၊ သူ့လိုအပ်ချက်ကို သူသိပြီး တောင်းတာ၊ ကျွန်တော်တို ဆုတောင်းကြတဲ့အခါ ငါတကယ်ဘာလိုအပ်နေတာလဲး ဆိုတာ သိဖို့ လိုတယ်။ ဘာမှ မခံဘူးရင် ဘာလိုအပ်မှန်းသိမှာမဟုတ်ဘူးငါ့ဘဝမှာ ဘုရားကုသပေးဖို့ ဘာလိုအပ်နေလဲးဆိုတာ သိရမယ်။ အလွယ်တကူ ချမ်းသာခြင်တယ်၊ အလွယ်တကူ အောင်မြင်ခြင်တယ်၊ အလွယ်တကူ လိုခြင်တဲ့ ဆန္ဓတွေပြည့်ခြင်တယ်။ ဒါတွေပဲးတောင်းတကြတယ်။ ကျူပ်မုန်းနေတဲ့မိသား ဒုက္ခရောက်တာကြည့်ပြီးပျော်နေတပ်တဲ့ရောဂါ၊ ခွင့်လွတ်ပေးဖို့ခက်ခဲးနေတဲ့ရောဂါ၊ သူများချမ်းသာတိုးတက်နေတာကို မကြည့်နိုင်တဲ့မနာလိုမရှု့စိတ်ရောဂါ၊ အလကားနေရင် မူးလာရင် မိသားစုကို ပြသနာရှာရန်ပြုတပ်တဲ့ရောဂါ၊ တဏှာကဂစိတ်ပြင်းထန်ပြီး မကောင်းတဲ့ဇါတ်ကားတွေပဲကြည်နေတပ်တဲ့ရောဂါ၊  ခွင်လွတ်ဖို့မဖြစ်နိုင်ဘူးဆိုပြီးတအုံ့နွေးနွေး ဂလဲးစားခြေဖိုကြံနေတဲ့ရောဂါ၊ အဆင့်အတန်း ခွဲးတပ်တဲ့ရောဂါ၊ အထက်စီးကဆက်ဆံခြင်တဲ့ရောဂါ၊ စသဖြင့် မကောင်းတဲ့ရောဂါပေါင်းမြောက်များစွာ စွဲးကပ်နေတာ ကိုယ်တော် တပည့်တော်ကို အဲ့ရောဂါတွေက ပြောက်အောင်ကုပေး‌ပါ လို့ ခင်များ ဆု‌‌တောင်းဘူးလားအဲ့လိုဆုကသေခြာပေါက်ရမဲ့ဆုဆိုတာမမေ့ပါနဲ့၊။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *