ဖာသာရ် Rev. Fr. Peter ကြည်မောင် (မန္တလေး) ရှင်ပေတရုနဲ့ရှင်ပေါလုတမန်တော်ကြီများပွဲ ကြာသပတေးနေ့ ဩဝါဒ ၂၉၊ ၆၊ ၂၀၂၃

၂၉. ၆. ၂၀၂၃
ဓမ္မမိတ်ဆွေတို့ ဒီကနေ့မှာသာသနာတော်ကြီးက သာသနာရဲ့ မဏ္ဍိုင်ကြီး နှစ်ဦးဖြစ်တဲ့ စိန့်ပီတာနဲ့ စိန့် ပေါလ် တို့ရဲ့ပွဲတော်

နေကိုကျင်းပပါတယ်၊ ဒီရဟန္ဓာကြီး နှစ်ဦးစီကနေသင်ခန်စာယူ ပြီး ထောက်ရှုကြည့်ကြပါစို့။ ရှင်ပေတရု ဟာ ပထမဦး

ဆုံးသော တမာန်တော်ကြီးဖြစ်တယ်။ ရှင်ပေါလူး ကတော့ ဂျူးလူမျိုးတို့ရဲ့ ထုံးတမ်းအစဉ်အလာတွေအပေါ်မှာ စိတ်

အားထက်သန်သူဖြစ်တယ်။နှစ်စလုံး အပြစ်အမှားတွေနဲ့မကင်းခဲ့ကြသူတွေဖြစ်တယ်။ ရှင်ပေတရုကသခင်ခရစ်တော်ကို

ငါမသိလို့ ငြင်းဆိုခဲ့သူဖြစ်သလို၊ ရှင်ပေါးလူးကလည်း၊ သာသနားတော်ကို ငြင်းပန်းသတ်ဖြတ်ခဲ့သူဖြစ်တယ်။

သခင်ခရစ်တော်က သူတို့နှစ်ဦးစလုံးကို မေးခွန်းကိုစီမေးခဲ့တယ် နောက်ဆုံးညစာစားပွဲးမှာ သခင်ခရစ်တော်က

ရှင်ပေတရုကို Simon son of John, do you love me?  ယောဟန်၏သား ဆီမွန် မင်းငါကို ချစ်ရဲ့လား၊

သခင်ခရစ်တော်ရဲ့ မေးခွန်းကြောင့် ရှင်ပေတရုဟာ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ရတယ်၊ 

တဖန် တမန်တော်ကြီ ပေါလူးကိုလည်း Saul, Saul, why do you persecute me? ဆောလ် ဆောလ် သင်ဘာ

ကြောင့်ငါကို ညှင်းပန်းနှိပ်စက်နေရသနည်း လိုမေးခဲ့တယ်။ သခင်ခရစ်တော်မေးခွန်းကြောင့် မျက်လုံးကွယ်ခဲ့ရတယ်။

သခင်ခရစ်တော်က သူတို့နှစ်ဦး ကို အမည်တပ်ပြီးခေါ်ခဲ့တယ် သခင်ခရစ်တော်ကို ငြင်းဆိုခဲ့သူ ပေတရုနဲ့

သာသနာတော်ကိုညှင်းပန်းနှိပ်စက်သူ ပေါလူးတို့ဟာ နောင်တနဲ့ အကျင့်ပြောင်လဲးပြီး ခရစ်တော်နောက်လိုက်တွေဖြစ်

လာခဲ့ကြတယ်။။ ဒီနေရာမှာ ထူးဆန်းတာက သခင်ခရစ်တော်က ပြီးပြည့်စုံတဲ့လူတော်လူးကောင်းတွေကို သူနောက်

လိုက်အဖြစ်မခေါ်ခဲ့ပဲ အပြစ်အနာအစာပြည့်နေသူတွေကို သူနောက်လိုက်အဖြစ်ကွေးချယ်ခဲ့တယ်။ မိမိကိုမိမိ

တပါးသူထက်သာတယ် တော်တယ် လိုထင်လိုက်တဲ့အချိန်ကစပြီ သင်ဟာကျရုံးသူဖြစ်လာတယ်။
ဘုရားရှင်ရဲ့ကျေးဇူးတော်တံခိုးဟာ ကိုယ်ကိုကို ကောင်းတယ် လိုထင်နေသူ စီမှာ အလုပ်မလုပ်ဘူး။ မိမိကိုယ်ကိုမိမိ

အားနည်းသူ၊ အပြစ်သာဖြစ်သူ၊ ဘုရားအကူအညီလိုအပ်နေသူလို့ သိတဲ့သူတွေစီမှာသာ အလုပ်လုပ်တယ်။ ငါတို့ရဲ့

ကောင်းမူ့ကုသိုတွေက ဘုရားကိုမစွဲးဆောင်နိုင်ဘူး ငါတိုရဲ့အပြစ်အနာအဆာအားနည်းချက်တွေကသာ ဘုရားရဲ့

သနာကရုဏာမေတ္တာကို ဆွဲးဆောင်နိုင်တယ်။ ကို့ကိုယ်ကိုမပြည့်စုံသူလို့သိတဲ့သူနဲ့ ဘုရားရဲ့ကျေးဇူးတော်ကို နှလုံးသာ

ဖွင်ကြိုဆိုနေသူတွေကိုသာ ဘုရားကခေါ်တယ်။ ရှင်ပေတရုက သူကိုသူအပြစ်သားပါလို လုကား ၅:၈ မှာ ဝန်ခံခဲ့သလို၊

ရှင်ပေါလူးကလည်း တမာန်တော်တွေထဲးမှာ အငယ်ဆုံးသောသူ တမာန်တော်ဟု ခေါ်ဆိုခြင်ငါမထိုက်တန်သူလို ဝန်ခံခဲ့

တယ် ၁  ကော်၁၅:၉ဘုရားရဲ့ သနားဂရုဏာတော်မှာ နောင်တနဲ့အသစ်တဖန်မွေးဖွားလာကြသူတွေ၊ ဘုရားရဲ့ ခွင်လွတ်

ပေးမူ့မှာ ‌မဖော်ပြနိုင်အောင် ငြိမ်းချမ်းမူ‌နဲ့ပျော်ရွှင်မူ့ကို ခံစားခဲ့ကြရသူတွေ၊ ဒီပုဂ္ဂိုလ်‌နှစ်ဦးဟာ သူတို့ရဲ့အပြစ်အမှားတွေ

ထက် ကြီးမားတဲ့ ဘုရားရဲ့ခွင်လွတ်မူ့နဲ့ ချစ်ခြင်းမေတ္တာကို သိရှိခံစာခဲ့ကြတယ်။ အဲ့ဒီ ဘုရားရဲ့ ခွင်လွတ်မူ့နဲ့ ချစ်ခြင်း

မေတ္တာ ကပဲး သူတိုကို ကြီးမားတဲ့ တမာန်တော်ကြီးတွေဖြစ်စေခဲ့တယ်။ နောက်ဆုံးမှာတော့ တမာန်တော်ကြီး

နှစ်ပါလုံးဟာ သခင်ခရစ်တော်နဲ့သာသနာတော်အတွက် မိမိအသက်ကိုပေးအပ်ခဲ့ကြပြီး သစ္စာရှိစွာ အသေခံခဲ့ကြတဲ့

တမာန်တော်ကြီးတွေဖြစ်လာခဲ့တယ်။ဓမ္မိတ်ဆွေ သင့်ကိုသင် အပြစ်သားမို့ ဘုရားသခင်မခေါ်ဘူး အသုံးမချဘူးလို

မထင်ပါနဲ့၊ အပြစ်သားကို ခေါ်ယူအသုံးပြုသောဘုရားဖြစ်တယ်။ နောင်တနဲ့သာပြန်လာခဲ့ပါ။ ဘုရားရဲ့ချစ်ခြင်းမေတ္တာ

က သင်ကြူလွန်ခဲ့တဲ့အပြစ်တွေထက်ပိုမိုကြီးမားပါတယ်။

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *