စည်းကမ်း
ဒီကနေ့အတွက် စည်းကမ်းဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။
” စည်းကမ်းဟာ အိမ်ကစတယ် “
မှန်ပါတယ် ။ ရာနှုန်းပြည့်ကိုမှန်တယ် ။
ကိုယ်ငယ်ငယ်က …အိမ်က အသေးအမွှားလေးက အစ သိပ်လိုက်ပြောတာပဲ ။ တစ်ချို့အရာတွေက
ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ …
ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်က လူတွေကို တွေ့မှ ကိုယ့်ကို လူယဉ်ကျေးတစ်ယောက်
အဆင့်အတန်းရှိရှိနေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့အိမ်ကိုကျေးဇူးတင်မိတယ် ။
toilet မီးကို ပြန်ပိတ်တာမျိုး … ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့ အလေ့အထတွေ …
သူများဖိနပ်ကို တိုက်မိသွားတာက အစ နေရာတကျပြန်ထားပေးတာမျိုးတွေ …
ကိုယ့်ရဲ့ အရောင်စွန်းတတ်တဲ့ အင်္ကျီကို သူများအင်္ကျီနား ကပ်မလှန်းတာကအစ …
စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့် ယဉ်ကျေးတဲ့အပြုအမူလေးတွေကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ် ။
ပတ်ဝန်းကျင်မှာတော့ … ကိုယ့်ဟာမဟုတ်ဖူး ။ ကိုယ်အဆင်ပြေပီးတာပဲဆိုတာ လူမှုရေးနားမလည်မှုတစ်ချို့ကိုမြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ် ။
ထမင်းစားပွဲယဉ်ကျေးမှု … သိပ်ကိုအရေးကြီးတာ …
ပြတ်ပြတ်နဲ့မမြည်နဲ့ … ထမင်းလုံးတွေမဖိတ်စေနဲ့ ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့
ငယ်ငယ်က ခေါင်းခေါက်ပီး သင်ပြခံထားရတော့ ကိုယ်ထမင်းစားပြီးသားနေရာဟာ အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို
ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့ …
ကိုယ်ကတော့ ရှင်းရှင်းပဲ ။
ဆိုင်တစ်ခုမှ စားပွဲက ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို မမြင်တောင်သိပ်အထင်သေးတာ ။
စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ … အပြောအဆိုဟာလူတစ်ယောက်ရဲ့ အရည်အချင်းပဲ ။
ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ ။ ပေါက်ပန်းလေးဆယ် လျောက်ပြောနေတာက ကိုယ့်ကို လူသိပ်အထင်သေးခံစေရတယ် ။
စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။
ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကိုမှောက်ခုံအနေအထားရောက်နေတာဟာ
စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား …
ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့ …
လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော …
လူကြီးရှေ့ဆို ခေါင်းငုံ့သွား …
” ရှင့် ” ဆိုတာကို ထည့်ပြော …
စတဲ့ ငယ်ငယ်က ဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။
စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ် ။
စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည်လို့ဆိုတဲ့ အဲ့ဒိလူတွေဘာဖြစ်လဲ …
ဘာမှထိခိုက်တာတော့မရှိဘူးပေါ့ … သူကပဲသူများကို ထိခိုက်နေတာကိုး … ဒါပေမယ့် Image …
သူရဲ့ ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ ။
” no standard ” အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် … အဲ့လိုလူတွေအတွက်သိပ်မှန်တာ …
ပီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘ ပုံရိပ်ပဲ ။
ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့ မိသားစုကပေါက်ဖွားလာတာလား ။
ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား အရမ်းသိသာစေတယ်။
လူ့အသိုင်းအဝိုင်းမှာနေမယ်ဆိုရင်တော့
စည်းကမ်းရှိကြပါကွယ် ။