ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလအဠမမြောက်သီတင်းပတ် အင်္ဂါနေ့ သြဝါဒ ၃၀၊ ၅၊ ၂၀၂၃

၃၀/၅/၂၀၂၃
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ဧဝံဂေလိကျမ်းမှာ အရာအားလုံးကိုစွန့်ခဲ့ပြီး ကိုယ်တော်နောက်လိုက်ခဲ့ပြီ တပည်တော်တို့ဘာရမှာလည်း လို့ ရှင်ပေတရုက သခင်ခရစ်တော်ကိုမေးခဲ့တယ်။ ငါအမှန်ဆိုသည်ကား ငါ၏နှုတ်ကပါဠ်တရားတော်ကြောင့်၊ ငါအတွင် အဘယ်သူမျှ မိမိအလုပ်၊ သားသမီး၊ အမိအဖ၊ ညီကိုယ်မောင်နှမ စွန်လွတ်သူ မရှိသေး၊ သိုသော်ငါအတွက်ကြောင့် မိမိအလုပ်၊ သားသမီး၊ အမိ အဖ၊ ညီကိုယ်မောင်နှမ စွန်လွတ် ပြီး ဒုက္ခ၊ ညင်းပန်းနိုပ်ဆက်ခံသူဟာ ဒီလောကမှာတင် အဆတရာ နောင်ဘဝမှာထာဝရအသက်ကိုရမယ် ဒီနေရာမှာသတိထားမှာလေးက လောကမှာအဆတရာ၊ နောင်ဘဝမှာထာဝရအသက် ရမယ်ဆိုတာကိုပဲးအဓိကမထားစေခြင်ပါဘူး။
ဘုရားသခင်အတွက်ဘယ်လောက်ပေးဆပ်ပြီးပြီးလဲး၊ ဘာတွေစွန့်လွတ်ပြီးပြီလဲး၊ ဘယ်လောက်အနစ်နာခံခဲးပြီးပြီလဲးဆိုတာ ကိုထောက်ရှုစေခြင်ပါတယ်။ အလုပ်မလုပ်ရတော့ဘူးလား ဆိုပြီး မေးစရာရှိမယ်၊ မလုပ်ရဘူးလိုမဆိုလိုပါဘူး သင်လုပ်နေတဲ့အလုပ်ထဲးက စွန့်လွတ်စရာရှိတာတွေကို စွန့်လွတ်ရမယ်။ ဥပမာ မတရားမတော်လောဘနဲ့ အမြတ်ကြီးစား စိတ်ဓါတ်၊ မတရားသိမ်းယူတဲ့ တဘိုထည်းစိတ်ဓါတ်၊ မိမိလက်အောက်က အလုပ်သမားတွေရဲ့ရပိုင်ခွင်အခွင်အရေးကို မပေးပဲး အတင်းအဓမ္မရယူခြင်း၊ တရားမျှတမှုမရှိသေား စည်းပွားလုပ်ကိုင်ခြင်းတွေကို စွန်လွတ်ရမယ်၊ အလုပ်ချိန်များများခိုင်း၊ လစာနည်းနည်းပေးခြင်တဲ့စိတ်ဓါတ်၊ တွေကိုငြင်းပယ်ရမယ်၊  ကိုယ်က ၁၀၀ဖိုးချမ်းသာရင် ကိုယ်‌လက်အောက်ငယ်သား ၁၀ ဖိုးလောက်တော့ ချမ်းသာလာပါစေ။ လောကအလုပ်၊ ဘာသာရေးအလုပ်၊ လူမှု့ရေးအလုပ်၊ ဘာအလုပ်ပဲးလုပ်လုပ် ငါရတဲ့လစာက ငါပေးဆပ်မှုနဲ့ထိုက်တန်လားတွေတေားပါ၊ အလုပ်က မဖြစ်စလောက်လေး အပင်းပန်းခံ လစာအများကြီးယူထားရင် ခိုတာနဲ့အတူတူပဲးဆိုတာလည်းသတိရပါ။ ဘုရားသခင်နဲ့ပတ်သက်လာရင်မိသားစုကိုငြင်းပယ်ရမယ် ဆိုတာက၊ ဘုရားက အမှန်တရား၊ တရားမျှတမှု့၊ မေတ္တာတရား၊ နှိမ့်ချခြင်းတရား၊ ကိုယ်ခြင်းစာတရား အနစ်နာခံခြင်းတရား၊ တပါးသူအကျိုးလုပ်ဆောင်ပေးခြင်၊ အပြစ်ကင်စဉ်ခြင်း၊ မကောင်မှုမရှိခြင်း၊ ငြိမ်းချမ်းခြင်းတရား၊ သည်းခံခြင်းတရား စတဲ့ကောင်းမှု့ကောင်ကြိုးအားလုံးနဲ့ဆန်ကျင်လာရင် ဘုရားကိုယ်ဦးစားပေးရမယ်။ သားသမီးအပြစ်ထဲးကြနေတာကို လက်ပိုက်ကြည်မနေပဲး ဆုံးမသွန်သင်ခြင်း၊ မသိကျိုးကျွန်ပြုတာဟာ မိဘမပီသတာပဲး။  ထာဝရအသက်ရဖို့ဆိုတာကတော့ ဘုရားနဲ့ဆိုင်တယ်၊ ဘုရားပဲး ဆုံးဖြတ်ပေးမယ်၊ 
လောကမှာ မတရားမူကနေရလာတဲ့ချမ်းသာကြွယ်ဝမှု့ကို  ဘုရားပေးတဲ့လောကအဆတရာ ဆိုပြီး အထင်မမှားစေခြင်ပါ။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ် စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 2735

Leave a Reply

Your email address will not be published. Required fields are marked *