ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလအဠမမြောက်သီတင်းပတ် တနင်္လာနေ့ သြဝါဒ ၂၉၊ ၅၊ ၂၀၂၃
၂၉.၅.၂၀၂၃
ဓမမိတ်ဆွေတို့ ဒီကနေကြားနာရတဲ့ စီရပ် ရဲ့ ပထမကျမ်းစာမှာ နောင်တရသူကိုဘုရားသခင်ကသူစီပြန်လာခွင်ပြုတယ်။
မျော်လင့်ချက်မဲ့သူကို အားဖြည့်ပေးတယ်။ မိမိအပြစ်အမှားတွေကိုစွန်လွတ်ပြီး ဘုရားသခင်စီပြတ်လာဖို့တောင်းဆို
တာကို ကြားနာခဲ့ရတယ်။ လောက တပ်မက်စွဲးလမ်းမှု့တွေကိုစွန့်လွတ်ပြီး ဘုရားသခင်စီပြန်လာကြဖို့တောင်းဆိုနေ
ခြင်းဖြစ်တယ်။ ဒီကနေ့ ဖတ်ကြားခဲ့ရတဲ့ ရှင်မာကု ရဲ့ကျမ်းစာမှာတော့ လူတယောက်ကသခင်ခရစ်တော်ကို ကောင်း
မြတ်သော ဆရာသခင် ထာဝရအသက်ရဖို့ ဘာကို လုပ်ဆောင်ရမလဲး လို့ သခင်ခရစ်တော်ကို မေးခွန်းထုတ်ခဲ့တယ်။
သခင်ခရစ်တော်က ပညာတ်တော်ဆယ်ပါးကိုလိုက်နာပါ လိုဖြေတဲ့အခါ သူငယ်စဉ်ကတဲးက အားလုံးကိုလိုက်နာခဲ့ပါ
တယ် လိုဖြေတယ်။ သခင်ခရစ်တော်က ချစ်ခြင်းမေတ္တာဖြင့်သူကိုကြည့်ပြီး သင်၌တခု လိုအပ်နေသေးတယ် ထိုအရာ
ကား သင်ပိုင်ဆိုင်သမျှတို့ကို ရောင်းချပြီး ဆင်းရဲးသားတို့အား ပေးကမ်းစွန့်ကျဲးပါ ပြီးရင်ငါနောက်သို့လိုက်ခဲ့ပါလို့
ဖိတ်ခေါ်ခဲ့တယ်။ ပစ္စည်းဥစ္စာ ကြွယ်ဝသူဖြစ်တဲ့အတွက် ဘုရားသခင် ပေးသောအကြံညာဏ်ကို သူမလုပ်နိုင်ခဲ့ဘူး။
ညှိုးငယ်စွာနဲ့ သခင်ခရစ်တော်ထံပါးက ထွက်ခွားသွားတယ်ဆိုတာကို ကြားနာခဲ့ရတယ်။ဒီနေရာမှာ ကျမ်းချက်
ကလေးတချက်ကိုသတိရစေခြင်တယ်။ သခင်ခရစ်တော်က ငါ၏နောက်သို့လိုက်လိုသောသူသည် မိမိကားတိုင်
ကိုထမ်း၍ ငါ့နောက်သိုလိုက်လော၊ သခင်ခရစ်တော်နောက်လိုက်တဲ့သူက သက်တောင်သက်သာလိုက်ရမည့်ဘဝ
မဟုတ်ဘူး။ ခရစ်တော် နောက်လိုက်သူတွေဟာ ရွေငွေ ဥစ္စာပစ္စည်း အတွက်မဟုတ်၊ ရာထူးဂုဏ်ထူးအတွက်မဟုတ်၊
သာယာပျော်ရွှင်နေသောအသက်တာမဟုတ်၊ လောကအသက်တာ၊ ဥစ္စာပစ္စည်းတွေမှာ တပ်မက်နေသ၍တော့
ခရစ်တော်ရဲ့နောက်လိုက်အစစ်မဖြစ်နိုင်ဘူး။ ဒီနေခေတ်မှာ၊ လူတွေရဲ့ယုံကြည်ခြင်းအားနည်းမှု့တွေက
သခင်ခရစ်တော်ကိုသာ စွန်ပြစ်ခြင် စွန်ုပြစ်မယ်ပစ္စည်းဥစ္စာကတော့ မစွန်လွတ်နိုင်ဘူး။ တချို့တဝက်ကိုတောင်
မစွန့်လွတ်လွတ်နိုင်တဲ့သူတွေအများကြီးပါ။ တခုခုရဖို့ တခုခုတော့ပေးဆပ်ရမယ် ဆိုတာ လူတိုင်းသိပါတယ်။
အောင်မြင်မှု့ရဖို့၊ အချိန် ခွန်အား၊ အပင်းပန်း အနစ်နာခံရမှု့တွေနဲ့ ရင်းနှီးမှ အောင်မြင်မူ့ရတာပါ၊ လောက
အောင်မြင်မှု့တောင် အဲ့တလောက်ရင်းနှီးခဲ့ရရင် ထာဝရအသက်ရဖို့ ကျွန်တော်ဘာလုပ်ရမလဲး ဆိုတဲ့မေးခွန်း
အတွက် ဘာတွေရင်းနှီးရမလဲး၊ ဘာတွေပေးဆပ်ရမလဲး၊ ဒီလောကထဲးကိုဝင်လာတုန်းကလဲး ဘာမှ ပါမလာ
ဘူး။ ဒီလောကက ထွက်သွားရင်လဲး လောကပိုင်ဆိုင်မှု့၊ အောင်မြင်မှု့ ရာထူးဂုဏ်ထူး၊ ကြော်ဆောထင်ရှားမူ့
ဒါတွေတခုမှ ယူသွားလို့မရဘူးလက်ဗလာ နဲ့ ကိုယ်လုံးတည်းနဲ့ ဝင်လာတာလာခဲ့တာ သေရင် ဒီခန္ဓာ
ကြီးတောင် မြေကြီးကိုပြန်ပေးထားခဲ့ရသေးတာ၊ လောကနှင်ဆိုင်တာလောကကိုပေးခဲ့ ဘုရားနဲ့ဆိုင်တာ
ဘုရားကိုပေးရမယ်။ အဲ့လိုပေးနိုင်ဖို့ အိုခြင်း၊ နာခြင်း၊ သေးခြင်းဆိုတာကြီးက နေတိုင်းသတိပေးနေတယ်၊
အိုလာတဲ့လူတယောက်အတွက် နုပျိုမှုတွေကို နုပ်ဆက်ခဲ့ရတယ်။ နာလာတဲ့လူတယောက်အတွက်
သန်မာခြင်းကျန်းမာခြင်းတွေကို နုတ်ဆက်ခဲ့ရတယ်၊ သေခြင်းမှာတော့ အရာအားလုံး ဒီခန္ဓာကြီးကိုပါ
နုတ်ဆက်ခဲ့ရတယ်။ ဒီကနေ့သခင်ခရစ်တော်က သတိပေးနေတယ်။ ပညာတ်တော်တွေကို လိုက်နာပါ၊
အတ္တကြီးခြင်းတဘို့ထဲးကြည်းခြင်း၊ လောဘကြီးခြင်း သင်ရဲ့ စွဲးလမ်းတပ်မက်စိတ် ပိုင်ဆိုင်မူ့တွေကို
ပေးကမ်းခြင်း၊ ဝေမျှခြင်း ထာဝရအသက်ကို ရှာဖို့သတိပေးနေတယ်၊ ပညာတ်ချက်တွေလိုက်နာတဲ့သူ
တယောက်ဖြစ်နေရင်တောင်မှသခင်ခရစ်တော်က ကျွန်တော်တို့အေရာက်စီတိုင်းကို ပြောနေတယ်၊
ထာဝရ အသက်ရဖို့ သင့်မှာတခုလိုအပ်နေသေးတယ်။